Skip to main content

မြန်မာရုပ်ရှင်ကားတွေ နိုင်ငံခြားမှာ သွားပြနေပေမယ့် အရမ်းမပျော်စေချင်ဘူး - ဒါရိုက်တာ ဏကြီး (ရုပ်သံ)

"ကျွန်တော်ကတော့ အရမ်းမပျော်စေချင်သေးဘူး။ နိုင်ငံတကာကို မြန်မာရုပ်ရှင်တွေသွားပြတယ် ဒါက နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ လာကြည့်တာပါ။ နိုင်ငံခြားသားတွေ လာကြည့်တာမဟုတ်သေးဘူး။ ဒါကြောင့်မို့ ဒီဟာက မြန်မာနိုင်ငံသားတွေကိုပဲ သွားပြတာပဲ" လို့ ဒါရိုက်တာ ဏကြီးက အခုလိုပဲ ရှင်းပြလိုက်ပါတယ်။
 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက အနုပညာရှင်တွေရဲ့ သတင်းထူး သတင်းဦးများ (၄၈၆) (ရုပ်သံ)

(၁) သံဃာတော်အပါး ၆၉ ကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ ခင်ဇာခြည်ကျော်
(၂) အိပ်ယာထက် က Sexy ကျကျ နှုတ်ဆက်လိုက်တဲ့  သင်ဇာဝင့်ကျော်
(၃) အမေဖြစ်သူကို နို့တိုက်ပါလို့ကလေးတစ်ယောက်လို ပူဆာနေတဲ့ ဖြူဖြူထွေး
(၄) ငါရည်းစားကပိုမိုက်တယ် သီချင်းကို ဂစ်တာတီးပြီးဆိုပြလိုက်တဲ့ ငဲငယ်လေး

ရုပ်ရှင်လောကမှာ လူငယ်တွေ ပါဝင်ဖို့ မေတ္တာရပ်ခံပါတယ်ဆိုတဲ့ ဦးဇင်ဝိုင်း(ရုပ်သံ)

"လူငယ်တွေ မျိုးဆက်သစ်ဆိုတာမရှိလို့ရှိရင် ဒီလိုလောကဟာ ညိုးလျှော်ခြောက်သွေ့သွားမှာပါ။ ဒါကြောင့်မို့ လူငယ်တွေရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ အခု နှစ် (၁၀၀) ပြည့် ဖြစ်သွားပြီဆို နောက်ပိုင်းသယ်ဆောင်လာကြမှာ လူငယ်တွေပါ။ ဒါကြောင့် လူငယ်တွေ လက်တွဲပါဝင်ကြဖို့ ဖိတ်ခဲ့ပြီး မေတ္တာရပ်ခံပါတယ်" လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဠ ဦးဇင်ဝိုင်း က မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ပွဲတော် အခမ်းအနားမှာ အခုပြောလိုက်ပါတယ်။
 

Unicode version

ယောင်ပြတွေကြောင့်လမ်းကြောင်းမလွဲရန် NLDပါတီနာယက ဦးဝင်းထိန် ပြောကြား (ရုပ်သံ)

 

Unicode version

မေလ၁၇ရက်ရန်ကုန်မြို့တော်ဝင်နှင်းဆီတွင်ကျင်းပတဲ့ စာရေးဆရာမောင်မိုးသူ၏ ၈၂နှစ်ပြည့်မွေးနေ့ပွဲတွင် ယောင်ပြတွေကြောင့် လမ်းကြောင်းမလွဲရန် ပြည်သူလူထုဆီ NLDပါတီနာယက ဦးဝင်းထိန်ကသတင်းစကားပြောကြားလိုက်တာဖြစ်ပါတယ်။
 

ဦးနေ၀င်းတက်လာပြီးနောက်ပိုင်း မြန်မာဆန်စပါးလောက ဇောက်ထိုးကျသွားတယ်လို့ ဦးတင်မောင်ဆင့် ပြော (ရုပ်သံ)

"လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်အတွင်း ကောက်ပဲသီနှံဘုတ်ဖွဲ့ဖို့အတွက် ဥပဒေရေးတာကို ကျွန်တော်တို့ ပါခဲ့သေးတယ်။ နောက်တော့ ပျောက်သွားတယ်။ ယိုးဒယား၊ တရုတ်၊ အိန္ဒိယတို့ဘက်မှာ ကောက်ပဲသီးနှံဘုတ်တွေ ရှိတယ်။ အဲဒီလိုမျိုး ဗမာပြည်မှာ မရှိဘူး။ ဦးနုလက်ထက်တုန်းကတော့ ရှိတယ်။ ဦးနေ၀င်းတက်ပြီးနောက်ပိုင်း ဘုတ်ဖြုတ်ချပလိုက်တယ်။ အဲဒါကြီးဖျက်ပြီးနောက်ပိုင်း ဆန်စပါးလောက ဇောက်ထိုးကျသွားတယ်"  ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အဖွဲ့ဝင် ဦးတင်မောင်ဆင့် က အခုလို ပြောပြလိုက်ပါတယ်။
 

Unicode version

" ဆန်စပါးဈေး လျော့ပေးတဲ့သူကို " ဖမ်း " လို့ အစိုးရက ပြောရမှာ " (ရုပ်သံ)

မြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ်ငန်းမှာ တကယ့်မြေပြင်က တောင်သူတွေ အရှုံးပေါ်ပြီး အပေါ်ယံကနေ ဖြတ်စားသူတွေက ချမ်းသာနေတဲ့ ဆိုးဝါးလှတဲ့ အတွင်းစည်းထဲက ပြသနာတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ CEC တစ်ဦးက ဖွင့်ချလိုက်ပါတယ်။ အတွင်းရေးအပြင် အခြားသော ရှုထောင့်တစ်ခုကိုလည်း သူက အောက်ဖော်ပြပါအတိုင်း ပြောပါတယ်။ 

Subscribe to ရုပ်သံ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။