Skip to main content

၂၄ နာရီအတွင်း အနုပညာရှင်တို့ ရဲ့ ထူးခြား လှုပ်ရှားမှုများ (၄၈၇)

(၁) ကြည်နူးဖွယ် အလွမ်းသယ်နေတဲ့ Rocker ကြီး လေးဖြူတို့ သားအဖ
(၂) ချစ်သူနဲ့ ကလပ်မှာ တွဲကနေတုန်း ပါးရိုက်ခံလိုက်ရတဲ့ ခိုင်သဇင်ငုဝါရဲ့ အဖြစ်
(၃) ဆင်ဆာထိပြီးနောက် ပြန်လည်ပြသခွင့်ရတဲ့ ယုန်လေးရဲ့ ဇာတ်ကား
(၄) သင်ဇာဝင့်ကျော်နဲ့ နေခြည်ဦးတို့ စိတ်မကောင်းဖြစ်ရတဲ့ တစ်စုံတစ်ဦး ကွယ်လွန်မှု

Unicode Version 

မန္တလေး အောင်သပြေရွာကိစ္စ ရန်ကုန်အထိ ဆန္ဒလာပြ (ရုပ်သံ)

မန္တလေးတိုင်းဒေသကြီး အောင်သပြေကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဘိလပ်မြေစက်ရုံဆန္ဒပြပွဲဟာ ရန်ကုန်အထိ ကူးစက်လာခဲ့ပါတယ်။ မန္တလေးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ကို အာဏာရှင်အစိုးရသဖွယ် ပုံဖော်ဆန္ဒပြခဲ့ကြသူတွေဟာ မြို့ တော်ခန်းမရှေ့ မှာလည်း ထပ်လောင်း လှုပ်ရှားခဲ့ကြပါတယ်။ ရန်ကုန်မှာ လာပြီး ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့တဲ့အပြင် ရဲတပ်ဖွဲ့ ဝင်တွေဘက်ကလည်း အထူးသတိထား ကိုင်တွယ်ခဲ့တာကို တွေ့ ရပါတယ်။ အောင်သပြေရွာကိစ္စဟာ ဘယ်အထိ ခရီးဆက်သွားနိုင်သလဲဆိုတာ လေ့လာကြည့်နိုင်ပါပြီ။

Unicode Version

မြန်မာရုပ်ရှင်တွေ အောင်မြင်နေပြီလို့ ဒေါက်တာ ဖေမြင့်ပြော (ရုပ်သံ)


Unicode Version 

ရုပ်ရှင်လောကဟာ ပြဿနာတွေချည်းပဲ ရှိနေတာ မဟုတ်ဘဲ နိုင်ငံတကာကပါ ဖိတ်ကြားမှုတွေပါ ရှိနေတဲ့အတွက် မြန်မာရုပ်ရှင်ဇာတ်ကားတွေ အောင်မြင်နေပြီလို့ပြောလို့ရပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က အခုလိုပြောပါတယ်။ 

ရိုက်ကူးတည်းဖြတ် - မာန်

#ပြန်ကြားရေးဝန်ကြီး  #ဒေါက်တာဖေမြင့်  #ရုပ်ရှင်လောက

လျှပ်စစ်မီး မှန်မှန်ပေးဖို့ ဆန္ဒပြတဲ့ ပြည်သူတွေ စတင်ထွက်ပေါ်လာပြီ (ရုပ်သံ)

" စီမံမှု ညံ့ဖျင်းတဲ့ အစိုးရမဖြစ်စေဖို့ လျှပ်စစ်မီး မှန်မှန်ပေးဖို့ လိုတယ် " 
အရင်အစိုးရများ လက်ထက်က လျှပ်စစ်မီးမရခဲ့စဉ်အတွင်း ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြခဲ့သူတွေ ရှိခဲ့ကြသလို လက်ရှိကာလမှာလည်း ဆန္ဒပြဖို့ လိုအပ်လာတယ်လို့ ဆန္ဒပြသူတွေက ယုံကြည်နေကြပါတယ်။ အထူးသဖြင့် လျှပ်စစ်မီး မှန်မှန်ပေးနိုင်ဖို့ အတွက် ရန်ကုန်က ပြည်သူအချို့ က စတင် ဆန္ဒပြတောင်းဆိုလာတာလည်း ဖြစ်ပါတယ်။ 

Unicode Version 

ရုပ်ရှင်လောကကို မြှင့်တင်ပေးမယ်လို့ ရန်ကုန်ဝန်ကြီးချုပ် ပြော (ရုပ်သံ)

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ပရိသတ်ကြားမှာ ပုံရိပ်ေ၀၀ါးနေတဲ့ မြန်မာ့ရုပ်ရှင်လောကကို မြှင့်တင်ပေးဖို့ အချက်နှစ်ချက်နဲ့ စတင်စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ပြောလာပါတယ်။ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဘယ်လိုပုံစံနဲ့ ရုပ်ရှင်လောကကို မြှင့်တင်ပေးသွားမလဲဆိုတာကို နားဆင်ကြည့်နိုင်ပါပြီ။

Unicode Version 

လူငယ်တွေကို နေရာပေးပါ ၊ ခင်ဗျားတို့ အဖိုးကြီးတွေ မပါဘူး - ဦးဇာဂနာ (ရုပ်သံ)

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ပွဲအတွက် စီစဉ်ကြိုးပမ်းလုပ်ဆောင်မှုတွေမှာ လူငယ်ဒါရိုက်တာ၊ မင်းသားမင်းသမီးတွေနဲ့ မျိုးဆက်သစ်တွေကိုပဲ နေရာပေး ဦးဆောင်ခိုင်းဖို့ အတွက်  ၀ါရင့်သရုပ်ဆောင်ကြီး ဇာဂနာက တိုက်တွန်းလိုက်ပါတယ်။ ဒီလိုတိုက်တွန်းချိန်မှာ သူနဲ့ ခင်မင်ရသူတစ်ဦးက နောက်ပြောင်မှုကိုလည်း အထက်ဖော်ပြပါ စကားအတိုင်း ပြန်လည်နောက်ပြောင်ခဲ့သလို အစည်းအဝေးတက်လာသူတွေကြား ရင်းနှီးနွေးထွေးစွာ ရယ်မောခဲ့ကြတာကိုလည်း တွေ့ ရပါတယ်။ ဒါ့အပြင် ၂၀၂၀ မှာ ရွေးကောက်ပွဲရှိတဲ့အတွက် နှစ်(၁၀၀)ပြည့်ပွဲကို သတိထားဖို့ လည်း ဦးဇာဂနာက စေတနာအပြည့်နဲ့ သတိပေးခဲ့ပါတယ်။ 

Unicode Version 

Subscribe to ရုပ်သံ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။