Skip to main content
အကယ်ဒမီဆုဆိုတာ “ကျက်သရေတောင်မရှိဘူး” ဆိုတဲ့ သရုပ်ဆောင် ဧရာ (ရုပ်သံ)
Unicode Version
“ ပြောရမယ်ဆိုရင် အကယ်ဒမီဆိုတာ ကျက်သရေတောင်မရှိဘူး။ တစ်ချို့သူတွေ အကယ်ဒမီရသွားပြီဆိုရင် ငုပ်တောင်ငုပ်သွားတယ်။ ကျက်သရေကိုမရှိဘူး။ ဒါတွေက တကယ့်လက်တွေ့မြင်နေရတာပဲလေ ငြင်းစရာမှ မရှိတာ ကိုယ့်မရလို့လည်းပြောတာ မဟုတ်ဘူး” ဆိုတဲ့ လူရွှင်တော်/သရုပ်ဆောင်ဧရာ
အကယ်ဒမီပိုင်ဖြိုးသုနဲ့ ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့် ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီခန့်မှန်း
၂၀၁၉ ခုနှစ်မှာ “လေးပါးကျော့ရှိန်ပရဇိန်” နဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ကားနှစ်ကားမှာ အမျိုးသမီးဇာတ်ဆောင်အတွက် ပရိသတ်က အကယ်ဒမီရစေချင်တာပါ။
“သခင်ကြီးနဲ့ ငပိတို့စရာ” နဲ့ “ချည်” ရုပ်ရှင်ဇာတ်ကား ၂ ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်ကလည်း အမျိုးသမီးဇာတ်ဆောင်ဆုအတွက် အကယ်ဒမီခန့်မှန်းနေကြပါတယ်။
သူတို့နှစ်ယောက်ထဲမှာ ပိုင်ဖြိုးသူကပဲ ထပ်ဆင့်အကယ်ဒမီဖြစ်သွားမလား၊ သက်မွန်မြင့်ကပဲ သုံးထပ်ကွမ်းအကယ်ဒမီ ဖြစ်သွားမလား ခန့်မှန်းတင်ဆက်ပေးထားပါတယ်။
ဘ၀င်မကျမှုတွေနဲ့ အထက်ရဲ့ထိန်းချုပ်မှုကိုခံရနိုင်တဲ့ သောကြာသားများ
ကံကောင်းစေမှာ အ၀ါရောင်နဲ့ ၁/၇ တို့ဖြစ်ပြီး စိန်ကိုဆောင်ထားပါ။ ကောင်းမွန်သောလုပ်ဆောင်မှုများကို ရွေးချယ်တတ်ပြီး စီမံခန့်ခွဲစရာများနေတတ်သည်။
လုပ်ငန်းတာဝန်ပိုကြီးလာတတ်တဲ့အတွက် အထက်လူကြီးတွေရဲ့ထိန်းချုပ်မှုကိုခံရမည်။
ပူးပေါင်းလုပ်ဆောင်စရာများနဲ့ ရေရှည်စီမံကိန်းများချမှတ်နိုင်မယ့် အချိန်ပါ။
ဘ၀င်မကျတာတွေရှိနေတတ်ပြီး လိုအပ်သည်များကို အပြောထက်လက်တွေ့အလုပ်ဖြစ်အောင် လုပ်ဆောင်နေရတတ်သည်။
ဘောလုံးကွင်းထဲက ကာတွန်း Surprise ကြောင့် မျက်ရည်ကျခဲ့ရတဲ့ စမိုင်းလ် (ရုပ်သံ)
“ကာတွန်းကလည်း အရမ်းကောင်းကောင်းလေး ထွက်လာတော့ အိမ်မှာ ပြရုံနဲ့ မကျေနပ်ဘူး။ ဘောလုံးကွင်းထဲမှာ ဖြစ်ကုန်တယ်။ လက်လွန်သွားတယ်” ဆိုတဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့
“ဘောလုံးကွင်းထဲ ရောက်သွားတဲ့အခါ ပျော်တာပေါ့။ ကာတွန်းလေးကို ကြည့်လိုက်တော့ မနေနိုင်တော့ဘူး။ မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေ တကယ်တမ်း ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံကို သေသေချာချာလေး ဆွဲပေးထားတာဆိုတော့ သူ ကိုယ့်အပေါ် ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ သိရတော့ ပိုချစ်တာပေါ့” ဆိုတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ။ 
Unicode Version
Subscribe to ရုပ်သံ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။