Skip to main content

၂၀၁၉ နှစ်ကုန်ပိုင်းတွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ကြိုးစားသွားမည်ဟု ဆို 

ရခိုင်ပြည်နယ်ရှိ မြောက်ဦးဒေသကို ၂၀၁၉ နှစ်ကုန်ပိုင်းတွင်ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေးအစီအစဉ်များရေးဆွဲခြင်းနှင့် အမွေအနှစ်ဒေသအတွင်း စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်ခြင်းအစီအစဉ်များကိုနိုင်ငံတကာပညာရှင်နှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်းညှိနှိုင်းပြီးရေးဆွဲနေကာ ယခုနှစ်အတွင်း အပြီးသတ်ရေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အာဇာနည်နေ့အခမ်းအနားအတွက် လမ်းပိတ်/လွှဲများပြုလုပ်မည်

ရန်ကုန်မြို့တွင် ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လမ်းပိတ်၊ လမ်းလွှဲပြုလုပ်သည့် နေရာများကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

သတ်မှတ်ကာလရောက်ပါက စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ဥပဒေတိုင်းအရေးယူတော့မည်ဟု ဆို

စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကိုလတ်တလောတွင် အရေးယူထားခြင်းမရှိသော်လည်း သတ်မှတ်ကာလ ရောက်ရှိပါက ဥပဒေတိုင်းအရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဇူလိုင်လ ၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်နဝမပုံမှန်အစည်းအဝေး(၁၁) ရက် မြောက်နေ့အစီအစဉ်တွင် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 

အလှဆင်ထားသော မော်တော်ယာဉ်နံပါတ်ပြားများတရားမဝင်ဟု ဆို

အလှတပ်ဆင်ထားသည့် မော်တော်ယာဉ်နံပါတ်ပြားများမှာ တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဇူလိုင်လ ၈ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟံသာဝတီလေဆိပ်တို့ကို ချိတ်ဆက်အသုံးပြုသွားမည်ဟု ဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဟံသာဝတီလေဆိပ်နှင့်ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် နိုင်ငံတော်အဆင့်စီမံကိန်းဖြစ်သည့်အတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်တွင်းရှိ လေကြောင်းဦးစီးဌာနတို့မှ ဆွေးနွေးနေကြောင်း သိရသည်။

Subscribe to ခရီးသွား
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။