Skip to main content

သင်းကွဲမြန်မာတွေ တစ်သံတည်းထွက်တဲ့အချိန် (အောင်လအန်ဆန်း)

မြန်မာ့ သူရဲကောင်းအောင်လအန်ဆန်းက ဘရန်ဒန်ဗီရာကို အနိုင်ထိုးချိန်မှာရော စတင်ယှဉ်ပြိုင်ချိန်မှာပါ ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိတဲ့တိုင်းရင်းသားအားလုံး တစ်သံတည်းပဲ ထွက်ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ရော ၊ အစိုးရရော အတိုက်အခံရော ဘယ်သူမဆို တစ်သံပဲ ထွက်ပါတယ်။ ဘာကြောင့် တစ်သံတည်းပဲ ထွက်ကြတာလို့ ထင်ပါသလဲ။ မြန်မာနိုင်ငံဟာ အောင်လအန်ဆန်းပွဲရောက်ချိန်မှသာ တစ်သံတည်းထွက်ကြတာလား။ မြန်မာတွေ ငြိမ်းချမ်းဖို့ ပျော်ရွှင်ခွင့်ရဖို့ အချိန်တန်ပြီ မဟုတ်ပါလား။

တင်ဆက် - အိဖြူသိမ့်

#အောင်လအန်ဆန်း #AungLaNSeng

Unicode Version



#PhoThaw #ဖိုးသော်

Unicode Version

တောင်ကိုရီးယားသားကို မြန်မာ ဖိုးသော် ဘာကြောင့်ရှုံးလဲ
--------- အကုန်သိသတင်းဌာန ----------
ဂျပန်မှာ ကျင်းပနေတဲ့ MMA One Championship ပွဲမှာ မြန်မာကစားသမား ဖိုးသော်က တောင်ကိုရီးယားသားကို ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဖိုးသော် ဘာကြောင့် ရှုံးရသလဲဆိုတာကို နှစ်ဦးသား ယှဉ်ပြိုင်ထိုးသတ်ကွက်တွေကနေ လေ့လာကြည့်ရအောင်ပါ။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ တိုင်းရင်းသား ဦးစားပေးပါတီဖြစ်လို့ သူရဦးရွှေမန်းပြော

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလူငယ်တွေကို ဦးစားပေးသွားမှာဖြစ်ပြီး ဦးစားပေးကတော့တိုင်းရင်းသားတွေဖြစ်ပါတယ်။  တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုပိုမို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

ရိုက်ကူး/တည်းဖြတ်-မင်းသီဟန်၊ကျော်ကြားဟိန်း

 

Unicode Version

 

အတွန့်အထောင်တွေများနေတဲ့ တနင်္ဂနွေသားသမီးများ

ကံကောင်းစေမှာ အစိမ်းရောင် နဲ့ ၁/၆ တို့ဖြစ်ပြီး ကျောက်စိမ်းကိုဆောင်ထားပါ။ ဒီရက်အတွင်းမှာ အလုပ်ကိုအကွက်ချပြီးတော့ လုပ်ဆောင်ရမယ့်အချိန်ပါ။ ဒီအချိန်တွေမှာ အလိုရှိရာကိုဦးတည်ပြီးလုပ်ရမယ့်အချိန်ကာလကောင်းပါ။ အတွေးအခေါ်တွေကို ပြင်ဆင်ထိန်းသိမ်းပြီး လုပ်ဆောင်ပါ။

Subscribe to ရုပ်သံ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။