အာဆင်ဝင်းဂါးအား အားကစားဒါရိုက်တာအဖြစ် ခန့်အပ်မည်မဟုတ်ဟု ပီအက်စ်ဂျီဥက္ကဋ္ဌ ပြောဆို
အာဆင်နယ်အသင်းမန်နေဂျာဟောင်း အာဆင်ဝင်းဂါးအား ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်း၏ အားကစား ဒါရိုက်တာအဖြစ် ခန့်အပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ နက်ဆာအလီကဟီလာဖီ က အတည်ပြု ပြောဆိုလိုက်သည်။ ပြင်သစ်လူမျိုး မန်နေဂျာ အာဆင်ဝင်းဂါးသည် အာဆင်နယ်အသင်း မန်နေဂျာရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး သူ၏ နည်းပြဘ၀ကို အဆုံးသတ်မည် မဟုတ်သေးကြောင်း ပြောဆိုထားသည်။ အသက် ၆၈ နှစ်အရွယ်ရှိ မန်နေဂျာ အာဆင်ဝင်းဂါးနှင့် ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌ ကဟီလာဖီတို့ ယခုသီတင်းပတ် အစောပိုင်းတွင် တွေ့ဆုံခဲ့ခြင်းကြောင့် အာဆင်ဝင်းဂါးသည် ပီအက်စ်ဂျီအသင်း၏ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခံရနိုင်သည်ဟု ထင်ကြေးပေးမှုများ ထွက