Skip to main content

ခြေဥကို ရေးဆွဲသူနဲ့ ပြုပြင်သူ ဘယ်လိုကွာခြားမလဲ (ရုပ်သံ)

“အခြေခံဥပဒေရေးဆွဲတဲ့သူက သူ့ပါတီကောင်းစားရေးအတွက်ပဲ ရေးဆွဲတယ်။ အဲဒါကို ပြုပြင်မယ့် အနိုင်ရပါတီကလည်း သူ့အဖွဲ့အစည်း ကောင်းစားရေးအတွက် ပြုပြင်သွားမှာပဲ။ ဒါက နိုင်ငံတကာမှာလည်း ဖြစ်နေကျပါ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ အနိုင်ရပါတီတစ်ခုတည်းသဘောဆန္ဒအရမဟုတ်ဘဲ ပြင်ပမှာရှိနေတဲ့ အဖွဲ့အစည်းတွေရဲ့အကြံဥာဏ်တွေကိုလည်း ရယူပြီးတော့ အားလုံးပါဝင်ဖို့လိုပါတယ်” လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ  ဦးစောသန်းမြင့်ကပြောပါတယ်။

ရိုက်ကူး/တည်းဖြတ် - သားကို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးများတွင် ဥပဒေနှင့်မညီပါက တပ်မတော်ကန့်ကွက်မည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ဥပဒေနှင့် မညီဘဲဆောင်ရွက်ချက်များကို ကန့်ကွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောသည်။
ဖေဖေါ်ဝါရီလ ၂၃ ရက်က နေ့လည်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ဝင်ငွေတိုးတက်သော်လည်း ပို့ကုန်ဝင်ငွေနည်းပါးနေသဖြင့် တိုးမြင့်ရန်လိုအပ်ကြောင်း ဒုတိယသမ္မတ (၁) ပြော

ကုန်သွယ်ဝင်ငွေတိုးတက်လာသော်လည်း ပို့ကုန်ဝင်ငွေနည်းပါးနေသဖြင့် ပို့ကုန်တိုးမြင့်ရန်လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။ 
ဖေဖေါ်ဝါရီလ ၂၂ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံစဉ် နိုင်ငံတော် ဒုတိယသမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီလ ၈ ရက်အထိ ကုန်သွယ်ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၁၂ ဒဿမ ၀၂ ဘီလီယံ ရရှိထားပြီး ယခင်နှစ် ကာလတူဖြင့်နှိုင်းယှဉ်ပါက ၀ ဒဿမ ၂၂ ဘီလီယံ တိုးတက်လာသော်လည်း ပို့ကုန်ဝင် ငွေ သာများပြားနေကြောင်း ၄င်းကဆိုသည်။ 

ရခိုင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကို လေးစားတာဝန်ယူမှုရှိသည့် ရင်းနှီးမြုပ်နှံသူများအား အစိုးရမှ ပံ့ပိုးထောက်ပံ့မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်ပြည်နယ်၏ မပျက်စီးဘဲ တည်ရှိနေသေးသော သဘာဝပတ်ဝန်းကျင်ကို လေးစားသော တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံ သူများအား အစိုးရအနေဖြင့် ကောင်းချီးပေးကာ ပံ့ပိုးထောက်ပံမှုပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်သည်။
ဖေဖေါ်ဝါရီလ ၂၂ ရက်ကရခိုင်ပြည် သံတွဲမြို့ ငပလီကမ်းခြေတွင် ကျင်းပသည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ဖွင့် ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အရောင်းအဝယ်ဈေးကွက်ထူထောင်နိုင်ရန် ဆောင်ရွက်နေ

ပြည်ပနိုင်ငံများနှင့်ကုန်သွယ်ရာတွင် နယ်စပ်ဂိတ်များအထိကုန်ပစ္စည်းများကိုသယ်ဆောင်ပြီှး အရောင်းအဝယ် ပြုလုပ်ရသည့်စနစ်ကို ပြောင်းလဲနိုင်ရန် ရန်ကုန်အရောင်းအဝယ်ဈေးကွက်ထူထောင်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ကုန်သည်/စက်မှုအသင်းချုပ်၌ ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပသော နိုင်ငံတော် ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၏ ၂၄ ကြိမ်မြောက် အခမ်းအနားတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ 

အစိုးရနှင့် KIO အပါအ၀င်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့တို့ တွေ့ဆုံမည့်ရက်နောက်ဆုတ်

အစိုးရနှင့် KIO အပါအ၀င်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ဖြစ်သော TNLA ၊ AA၊ MNDAA တို့ တွေ့ဆုံမည့်ရက် အနည်းငယ်နောက်ဆုတ်သွားခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က အကုန်သိသတင်းဌာနသို့ပြောသည်။
ဖေဖေါ်ဝါရီလ ၁၉ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

Subscribe to နိုင်ငံရေး
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။