Skip to main content

လူသန်းပေါင်းများစွာ သေဆုံးစေနိုင်သော ကူးစက်ရောဂါများ ကမ္ဘာမှာ ဖြစ်လာနိုင်ဟု ကျွမ်းကျင်ပညာရှင်များ သတိပေး 

       လူသန်းပေါင်းများစွာကို သေစေနိုင်ပြီး ကမ္ဘာ့စီးပွားရေး တစ်ခုလုံးကိုပါ အကြီးအကျယ်ပျက်ဆီးစေနိုင်တဲ့ ရောဂါတွေရဲ့အန ္တရာယ်ကို ကမ္ဘာအနှံ့မှာကြုံတွေ့နေရတယ်လို့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်အဖွဲ့က သတိပေးလိုက်ပြီး အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ယင်းအတွက် ကြိုတင်ပြင်ဆင်ကာ အန္တရာယ် လျော့ပါးသက်သာစေမယ့် အစီအမံတွေလုပ်ထားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပူးတွဲဆောင်ရွက်တဲ့ နိုင်ငံတကာ ကြိုတင်ကာကွယ်စောင့်ကြည့်ရေး ဘုတ်အဖွဲ့(GPMB)က အီဘိုလာ ၊ တုပ်ကွေး နဲ့ ဆားစ်ရောဂါတို့လို ပြန့်ပွားလွယ်တဲ့ ကူးစက်ရောဂါတွေဟာ ကြာရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အထိအရှ မခံတဲ့ အားနည်းနိုင်ငံတွေ၊ နေရ

မက္ကဆီကိုတွင် ပလတ်စတစ်အိတ်ရာကျော်ဖြင့် ထုတ်ထားသည့် အလောင်း ၂၉ လောင်း တွေ့ရှိပြန် 

         မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းက ရာဇဝတ်ဂိုဏ်း အကြမ်းဖက်ဖြစ်စဉ်တွေ ပေါများရာ ဂျာလစ္စကိုပြည်နယ် လျှို့ဝှက်သင်္ချိုင်းတစ်ခုတွင် ပလတ်စတစ်အိတ် ရာကျော်ဖြင့် ထုတ်ကာ စုပုံစွန့်ပစ်ထားသော အလောင်း ၂၉ လောင်း တွေ့ခဲ့ရကြောင်း မက္ကဆီကန်အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

မက္ကဆီကိုနိုင်ငံ၏ လူသတ်မှုဖြစ်စဉ်များသည် ယခုနှစ်၏ ပထမနှစ်ဝက်တွင် အမြင့်ဆုံး စံချိန်မှတ်တမ်း တင်ခဲ့ပြီဖြစ်ကာ နိုင်ငံတွင်း မူးယစ်ဂိုဏ်း အချင်းချင်းလက်စားချေ သတ်ဖြတ်မှုများသည် ယခင်နှစ်က ၂၉,၁၁၁ ဦး အထိ သေဆုံးခဲ့သည့် စံချိန်ကို ကျော်လာဖွယ်ရှိနေပြီဖြစ်သည်။

ဘဝနေဝင်ချိန်မှာ အသက်ဆက်ဖို့ ဆိုက်ကားနင်းပြီး ပဲပြုတ်ရောင်းရတဲ့အဘိုးအိုတစ်ယောက်

အသက် ၈၂ နှစ်အရွယ်ဆိုတာက ဘဝနေဝင်ချိန်နဲ့ နီးကပ်လို့နေပါပြီ။ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ထဲမှာ တော့ အသက် ၈၂ နှစ်အရွယ် အဖိုးအိုတစ်ဦးဟာ ပဲပြုတ်ရောင်းပြီးတော့ သူရဲ့ ဘဝကို အသက် ဆက်ရှင်နေခဲ့ပါတယ်။ သူနေထိုင်တဲ့ အိမ်ကလေးကတော့ ကျူးကျော်အိမ်တစ်အိမ်ဖြစ်လို့ ကျဉ်းမြောင်းလှတဲ့ အိမ်လေးကို ရန်ဖန်ရန်ခါ အိမ်ကို လာရောက်ဖျက်ဆီးတက်တာလည်းရှိပါတယ်။ တစ်ချို့၇က်တွေဆို ပင်ပန်းပြီးအိပ်ပျော်သွားတာကြောင့် ပဲပုတ်နောက်ကျမှ ထွက်ရတယ်လို့ လည်း သူကပြောလာပါတယ်။

ရိုက်ကူး/ တည်းဖြတ် - ကျော်ကြားဟိန်း တင်ဆက် - အိဖြူသိမ့်

 

ရွှေဝါရောင်တော်လှန်ရေးမှ တောင်းဆိုချက်များ အပြည့်အဝမရရှိသေးဟု ဆို

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှတောင်းဆိုချက်များ အပြည့်အဝမရရှိသေးခြင်းမှာ ယနေ့အထိတိုင် စစ်အာဏာရှင်စနစ်လွှမ်းမိုးနေဆဲဖြစ်သည်ဟု ဖော်ပြနေဆဲဖြစ်ကြောင်း ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်က မိန့်ကြားသည်။

မလေးရှားတွင် မီးခိုးမြူ အန္တရာယ်ပိုဆိုးလာသဖြင့် စာသင်ကျောင်း ၁၅၀၀ ခန့် ပိတ်ထားရန် အမိန့်ထုတ်

မလေးရှားနိုင်ငံ ဒေသများတွင် လေထုအရည်အသွေး ပိုမိုဆိုးရွားလာကာ ကျောင်းသား ၁ သန်းကျော် အပေါ် သက်ရောက်မှုရှိလာသောကြောင့် ပြည်နယ်များစွာမှ ကျောင်းပေါင်း ၁၄၈၄ ကျောင်းကို ပိတ်ထားရန် အစိုးရက ဗုဒ္ဓဟူးနေ့တွင် အမိန့်ထုတ်ပြန်ခဲ့ရသည်။

တောင်သူများနှင့် တာချီလိတ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ မြေယာအငြင်းပွားမှုဖြစ်ပွားနေ

ရှမ်းပြည်နယ် ၊တာချီလိတ်မြို့၊ ဝမ်းလုံးအုပ်စု၊ ခမရ- ၃၃၁ တပ်အနီးရှိဥယျဉ်ခြံမြေတွင် လုပ်ကိုင်နေသည့် တောင်သူများနှင့် တာချီလိတ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ နှစ်ဖက်မြေပိုင်ဆိုင်မှုအငြင်းပွားမှုပြဿနာ ဖြစ်ပွားနေကြောင်း သိရသည်။

ယင်းကဲ့သို့အငြင်းပွားခြင်းနှင့်ပတ်သက်ပြီး တောင်သူများက ယနေ့(စက်တင်ဘာလ ၁၈ ရက်)၌ ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြသည်။

Subscribe to သတင်း
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။