Skip to main content

စာမေးပွဲဖြေဆိုချိန်မီးလောင်မှုကြောင့် စိုးရိမ်မှုဖြစ်ပွားတဲ့ အုတ်ဖိုမြို့ကဖြစ်စဉ်

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့ က အခြေခံပညာအထက်တန်းကျောင်းမှာ မတ်လ ၁၁ ရက်ဒီကနေ့ နံနက် ၉ နာရီ ၃ မိနစ်အချိန်မှာမီးလောင်မှုဖြစ်ပွားခဲ့တာပါ။

 

စားမေးပွဲဖြေဆိုကြမယ့် ကျောင်းသူကျောင်းသား ၁၀၀၀ ကျော်ရှိနေပြီး အားလုံး စုံညီစွာအခန်းထဲရောက်ရှိနေကြတဲ့အချိန် မေးခွန်းစာရွက်လည်းဝေနေချိန်မှာ ကျောင်းရဲ့အနောက်ဖက်နေအိမ်ကနေ ၀ါယာရှော့ဖြစ်ပြီး မီးလောင်သွားတာလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ကလေးမြို့အနီးတွင် ချင်းတွင်းမြစ် ရေလမ်းကြောင်း ဖောက်ခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကျွဲနံကျေးရွာအနီးရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း သောင်များထွန်းကာ မြစ်အတွင်း သွားလာနေကြသည့် ရေယာဉ်များ ပိတ်မိနေသည့်အတွက် မြစ်ကြောင်း ရေလမ်းကြောင်းဖောက်ခြင်းလုပ်ငန်းကို ပြုလုပ်လျက် ရှိကြောင်း ကလေးဝမြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်ဦးဖြိုးသော်ဦးက ပြောသည်။

ဂျာကာတာမှာ ရေလွှမ်းမိုးမှုကြောင့် ၅ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံး

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ ရေကြီးမှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေကာ ထောင်ပေါင်းများစွာသောလူတွေဟာ ရေမြုပ်သွားခဲ့တဲ့ ၄င်းတို့ ရဲ့ နေအိမ်တွေကို မပြန်နိုင်တော့ကြောင်း တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၆ ) မှာ ပြောကြားခဲ့ပါတယ်။ 

ကျိုက်ထီးရိုး စေတီတော်နှင့် တောင်ပေါ်နယ်မြေအား အမှိုက်ကင်းမဲ့ဇုန်အဖြစ် မွန်ပြည်နယ်အစိုးရ လုပ်ဆောင်နေ

 

ကျိုက်ထီးရိုး စေတီတော်နှင့် တောင်ပေါ်နယ်မြေအား အမှိုက်ကင်းမဲ့ဇုန်အဖြစ် ဖော်ဆော်နိုင်ရန် လုပ်ဆောင်နေကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၈ ရက်က ကျင်းပသော မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ၀န်ကြီး  ဒေါက်တာ မင်းကြည်ဝင်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်လေထုအခြေအနေစိုးရိမ်ဖွယ်ရာမရှိဟု ဆို 

 

ရန်ကုန်မြို့၏လေထုအခြေအနေသည် အများပြည်သူအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကပြောသည်။

ရန်ကုန်မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ (၁၇)ရက်ကကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လစဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

အမေဇုန်သစ်တောကြီး မီးလောင်မှုအတွက် မင်းသားကြီး လီယိုနာဒိုကို ဘရားဇီးသမ္မတက စွပ်စွဲ

အမေဇုန်သစ်တောကြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘရားဇီးသမ္မတ Jair Bolsonaro က ဟောလီးဝုဒ်စတား မင်းသားကြီး လီယိုနာဒို ဒီကာပီရိုကို အမေဇုန်သစ်တောမီးလောင်မှုကိစ္စနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ခိုင်လုံမှုမပြနိုင်ဘဲ စွပ်စွဲပြောဆိုလိုက်ပါတယ်။

Subscribe to သဘာဝ ပတ်ဝန်းကျင်
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။