Skip to main content



#PhoThaw #ဖိုးသော်

Unicode Version

တောင်ကိုရီးယားသားကို မြန်မာ ဖိုးသော် ဘာကြောင့်ရှုံးလဲ
--------- အကုန်သိသတင်းဌာန ----------
ဂျပန်မှာ ကျင်းပနေတဲ့ MMA One Championship ပွဲမှာ မြန်မာကစားသမား ဖိုးသော်က တောင်ကိုရီးယားသားကို ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဖိုးသော် ဘာကြောင့် ရှုံးရသလဲဆိုတာကို နှစ်ဦးသား ယှဉ်ပြိုင်ထိုးသတ်ကွက်တွေကနေ လေ့လာကြည့်ရအောင်ပါ။

လူသန်ကြီး ဘရန်ဒန်ဗီရာကို အနိုင်ထိုးဖို့ အသင့်ဖြစ်နေတဲ့ အောင်လအန်ဆန်း

စိန်ခေါ်သူ လူသန်ကြီး ဘရန်ဒန်ဗီရာကို အနိုင်ထိုးပြီးတော့ မြန်မာ့ဂုဏ်ကို ကာကွယ်ဖို့ အတွက် အောင်လအန်ဆန်းက အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။ နှစ်ဦးသား ယှဉ်ပြိုင်ထိုးသတ်ဖို့ ကလည်း အချိန်က နာရီပေါင်း (၇၀)ကျော်သာ ကျန်ပါတော့တယ်။ အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျပန်မြေက ပွဲစဉ်ကတော့ အောင်လအန်ဆန်းနဲ့ အတူ မြန်မာနိုင်ငံသားအားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်လာပါပြီ။

E- Sport နှင့်ပတ်သက်ပြီး လူငယ်များလမ်းကြောင်းမှန်ပေါ်ရောက်စေရေး တင်ပေးရန်လိုအပ်ကြောင်း မင်းကိုနိုင် ပြော 

E- Sport မှာလည်းအားကစားတစ်ခုဖြစ်သောကြောင့် လူငယ်များလမ်းကြောင်းမှန်ပေါ်ရောက်စေရေး တင်ပေးရန်လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ကပြောသည်။

ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန(ဗဟိုပုံနှိပ်တိုက်)၊ ပြန်ကြားရေးခန်းမ၌ အောက်တိုဘာလ ၅ ရက်က ကျင်းပသော စာရေးဆရာမမိုးမိုး(အင်းလျား)၏ ၇၅ နှစ်ပြည့် အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်အကြိုစာပေစကားဝိုင်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အားနစ် ကစားနည်းဆိုတာဘာလဲ

ဖီလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း)ကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၁ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အားကစားနည်း ၅၆ မျိုးထည့်သွင်း ကျင်းပမှာ ဖြစ်ပြီးမြန်မာနိုင်ငံက၃၁ မျိုးဝင်ပြိုင်မယ်လို့လည်းလည်းရည်မှန်းထားတယ်လို့သိရပါတယ်။

ဒီကစားနည်းတွေထဲမှာ မြန်မာအားနစ်ကစားနည်းအဖွဲ့ကရွေတံဆိပ်များစွာရရှိအောင်ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

တင်ဆက် - ဆလိုင်းကျော်မိုး

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အာရှပြိုင်ပွဲဝင်ရောက်နိုင်ရေးပြင်ဆင်နေ

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကိုအာရှဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဓိကထားပြင်ဆင်နေကြောင်း မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်က ပြောသည်။

လက်ရှိတွင် ကစားသမားရွေးချယ်မှု ပြီးစီးသွားပြီးဖြစ်ကာ ယခုလအတွင်းကျင်းပမည့် အာဆီယံဖူဆယ်ပြိုင်ပွဲကို ဦးစွာယှဉ်ပြိုင်မည်ဖြစ်သည်။

မသန်စွမ်းကစားသမားတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထောက်ပံ့နေသလား

နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရ မသန်စွမ်းကစားသမားတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဘက်က ထောက်ပံ့ကူညီမှုတွေ ပေးနိုင်သလားဆိုတာနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ပံ့ကူညီပေးနိုင်သလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့တပ်ချုပ်တို့က ကျန်း/အားကာထက် ပိုပြီးထောက်ပံ့နိုင်နေသလားဆိုတာ နားဆင်ကြည့်နိုင်ပါပြီ။

#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  #မသန်စွမ်း

ZawGyi Version 

Subscribe to ပြည်တွင်းအားကစား
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။