Skip to main content

ထန်းကိုင်းရေနံမှော်မှ တရားမဝင်ရေနံတူးဖော်နေမှုများကို ဧပြီလ ၂၃ ရက်နောက်ဆုံးဖယ်ရှား ရှင်းလင်းရန် အမိန့်ထုတ်

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ထန်းကိုင်းကျေးရွာအနီးရှိ ထန်းကိုင်းဒေသရေနံမြေမှ တရားမဝင်ရေနံ တူးဖော် ထုတ်လုပ်မှုများကို ဖယ်ရှားရှင်းလင်းသွားရန် မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်းက ဒေသန္တရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
"မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နှင့်အညီ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ရတာပါ၊ ဒီအပေါ်မှာ ညွှန်ကြားချက်အတိုင်း အပိုအလိုမရှိ အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်" ဟု မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်းက ပြော သည်။

မြန်မာပြည် ငြိမ်းချမ်းကြောင်း ပြသလိုသဖြင့် ကမ္ဘာ့ဘိလိယက် ပြိုင်ပွဲကို မန္တလေးတွင် ကျင်းပရန် စီစဉ်ရခြင်းဖြစ်ဟု ဆို

ဥရောပကစားသမားများ ထင်မှတ်နေသလို ရန်ကုန်မှ ကီလိုမီတာ ၁၀၀ ထွက်လျှင် မငြိမ်းချမ်းနိုင်ဟု ပြောဆိုနေမှုများကို ချေ ဖျက်နိုင်ရန် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲကို မန္တလေးတွင် ကျင်းပရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ပြောသည်။
ဧပြီလ (၁၉)ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တွင် ပြုလုပ်သည့် အကုန်သိ သတင်းဌာနနှင့် သီး သန့်တွေ့ဆုံမေးမြန်းမှုတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မေလ ၂ ရက်၌ အထက်တန်းပြဆရာ/မများ ရာထူးတိုး၊ အပြောင်းအရွှေ့အမိန့်စာများထုတ်ပြန်မည်

လာမည့်မေလ၂ ရက်၌ အထက်တန်းပြဆရာဆရာမများရာထူးတိုး၊ အပြောင်းအရွှေ့အမိန့်စာများထုတ်ပြန်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းပြောပြချက်အရ သိရသည်။ 
ဧပြီ ၁၉ ရက်ရက်စွဲဖြင့် ရာထူးတိုးပြောင်းရွှေ့အမိန့်စာများထုတ်ပြန်ကြေညာရန် ညွှန်ကြားလွှာထုတ်ပြန်ခဲ့ရာ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့အတည်ပြုဖြေကြားပေးခြင်း ဖြစ်သည်။

စတုဒီသာ အလှူထမင်းစားရာမှ အစာအဆိပ်သင့်သူများ ကျန်းမာရေးကောင်းမွန်လာပြီဟု သိရ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကြပ္ပါယ်ကျေးရွာအုပ်စု ရွှေတွင်းတူးကျေးရွာမှ အစာအဆိပ်သင့်ကာ ၀မ်းပျက်ဝမ်းလျောနေသည့် လူ (၁၃၅) ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် စတုဒီသာ ထမင်းစားရာမှ လူပေါင်း ၁၃၅ ဦးမှာ အစာအဆိပ်သင့်ကာ ၀မ်းပျက် ၀မ်းလျောဖြစ်ပွားခဲ့သည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၁၉ ရက်တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြပြီဖြစ်ကြောင်း စလင်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ပြေက ပြောသည်။

မြန်မာနိုင်ငံတွင် သွေးမတိတ်ရောဂါခံစားနေရသူ ၃၀၀၀ ဦးခန့်ရှိနေဟု ဆို 

မြန်မာနိုင်ငံတွင် သွေးမတိတ်ရောဂါခံစားနေရသူ ၃၀၀၀ ဦးခန့်ရှိနေကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာအေးအေးခိုင်က ပြောသည်။
ဧပြီလဒုတိယပတ်အတွင်း သွေးမတိတ်ရောဂါအကြောင်းပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအစိုးရတွင်အစီအစဉ်မရှိဘဲ ငါးပွက်ရာငါးစာချနေဟု ဂန့်ဂေါအမတ်ဟောင်း ဦးလှဆွေဝေဖန် 

လက်ရှိအစိုးရတွင် မည်ကဲ့သို့ဆောင်ရွက်မည်ဆိုသော အစီအစဉ်များမရှိဘဲ ငါးပွက်ရာငါးစာချနေကြောင်း ဂန့်ဂေါမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ဝေဖန်ပြောကြားလိုက်သည်။
ဧပြီလ ၁၈ ရက်၌ အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။ 

Subscribe to ပြည်တွင်းသတင်း
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။