Skip to main content

ဆီးဂိမ်းစ်ပြိုင်မယ့် မြန်မာယူ-၂၂ အသင်း အုပ်စုအောင်ရင်ပဲ ကံကောင်းတယ်မှတ်ပါ

" အကြိမ်ကြိမ်အခါခါ ရှုံးလည်း ယုံကြည်တာတွေ မစွန့် လွှတ်လိုက်ပါနဲ့ "
တေးသံရှင် နီနီခင်ဇော်ရဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာအမည်ရှိတဲ့ သီချင်းလေးက ကားပေါ်မှာ ပျံ့ လွင့်လာပါတယ်။ ဒီသီချင်းလေးကို နားထောင်ရင်းနဲ့ ရုတ်တရက် ခေါင်းထဲမှာ အတွေးတစ်ခု ၀င်လာမိတယ်။ နီနီခင်ဇော်ဟာ မြန်မာတစ်နိုင်ငံလုံးကိုများ ရည်ညွှန်းထားသလားတောင် ထင်ရသလို မြန်မာဘောလုံးအသင်းအတွက်များ သွယ်ဝိုက်ညွှန်းဆိုထားသလားလို့ တွေးမိတာပါ။ တစ်ဆက်တည်းမှာပဲ ဒီလတော့ အကြိမ်(၃၀)မြောက် အရှေ့ တောင်အာရှ(ဆီးဂိမ်းစ်)အားကစားပြိုင်ပွဲကြီး ရှိနေပါလား။ မြန်မာအသင်းရော ဒီသီချင်းထဲကအတိုင်းပဲ ထပ်ဖြစ်ဦးမှာလားလို့ စိတ်ထဲမှာ မချင့်မရဲလေး တွေးမိလိုက်ပါတယ်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့တင်သွင်းသောမုန့်များမှာ ဂျင်းထည့်နေခြင်းဖြစ်ကြောင်း ဦးဗအုပ်ခိုင် ပြော

တရုတ်နိုင်ငံမှတင်သွင်းသည့်မုန့်များ၏ ၈၀ ရာခိုင်နှုန်းမှာ စားသုံးရန်မသင့်သည်အထိ အရည်အသွေး ညံ့ဖျင်းကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် တိုင်းပြည်က ဒီအတိုင်း ဆက်သွားမှာပဲ” အဝေးရောက်ညွန့်ပေါင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း


၁၉၉၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အဲဒီအချိန် တပ်မတော် အစိုးရရဲ့ အသိအမှတ်မပြုခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အခြေအနေဟာ ဆိုးရွားတဲ့ အခြေကို ရောက်သွားခဲ့ရတာ အားလုံး လက်ခံထားရမယ့် အရာပါ။ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး အာ ဏာလွှဲပေးပါ့မယ်ဆိုတဲ့ ကတိက၀တ် ပြောင်ပြေင်တင်းတင်း ချိုးဖောက်ခဲ့တဲ့နောက်မှာတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ အချို့ ဟာ မြန်မာပြည် ဒီမိုကရေစီ ခရီးကြမ်းကို တိုက်ပွဲဝင်ဖို့ ပြည်ပကို ထွက်ခွာခဲ့တဲ့လမ်းကို ရွေးခဲ့ကြပါတယ်။

သူခိုးက အိမ်ရှင်လင်မယားအားဓားဖြင့်ထိုးရာမှ ၁ ဦးသေဆုံး

နေအိမ်အတွင်းပစ္စည်းခိုးရန်ရောက်ရှိနေသောသူခိုးက အိမ်ရှင်လင်မယားအား ဓားဖြင့်ထိုးရာမှ ဇနီးဖြစ်သူ သေဆုံးသွားမှု ရန်ကုန်မြို့၊ လှိုင်ယာယာမြို့နယ်၌ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အထွေထွေအတွင်းရေးမှူးဦးသန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း


လက်ရှိတွင် မြန်မာနိုင်ငံရှိ စပါးအဓိကထွက်ရှိရာဒေသကြီးများတွင် နွေစပါးများလှိုင်လှိုင်ပေါ်နေကြပြီဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးဆန်ဖောက်သည်ဖြစ်သော တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် ဆန်အလုံးအရင်းဖြင့် တင်ပို့ခွင့်မရသည်မှာ အတော်ကြာပြီဖြစ်သည်။

Subscribe to အင်တာဗျူးနှင့်ဆောင်းပါး
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။