Skip to main content

ချဲလ်ဆီးအသင်းကဲ့သို့ အခြားပရီးမီးယားလိဂ်ကလပ် လေးသင်း ပြစ်ဒဏ်ချမှတ်ခံရမည့် အန္တရာယ်ရှိနေ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) မှ ချမှတ်ထားသည့် လူငယ်ကစားသမားသစ်များ ခေါ်ယူရေးစည်းမျဉ်းကို ချိုး ဖောက်ခဲ့ခြင်းကြောင့် ချဲလ်ဆီးအသင်းအပေါ် ဖီဖာမှ အရေးယူခဲ့သကဲ့သို့ အခြား ပရီးမီးယားလိဂ်ကလပ်အသင်း အနည်းဆုံးလေးသင်းခန့်သည်လည်း အလားတူပြစ်ဒဏ် ချမှတ်ခံရနိုင်သည့် အလားအလာရှိနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

နည်းပြ ဒီယေဂိုဆင်မြွန်နီနှင့် သမီးငယ်အား ဂျူဗင်တပ်ပရိသတ်တစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်စာ ပေးပို့

ဂျူဗင်တပ်အသင်းပရိသတ်တစ်ဦးသည် အက်သလက်တီကိုအသင်းနည်းပြဖြစ်သူ ဒီယေဂိုဆင်မြွန်နီနှင့် သူ၏ သမီးငယ် ဖြစ်သူတို့ အွန်လိုင်းမှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်တွင် အက်သလက်တီကိုအသင်းက ဂျူဗင်တပ်အသင်းအား အိမ်ကွင်း၌ ၂ - ၀ ဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲအပြီး ဆီမြွန်နီ၏ အလွန်အကျွံ အောင်ပွဲခံပုံကြောင့် အဆိုပါ ဂျူဗင်တပ်အသင်းပရိသတ်သည် အမျက်ဒေါသထွက်ကာ နည်းပြ ဆင်မြွန်နီနှင့် သူ၏ မိသားစုအား ပစ်မှတ်ထားခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး သမီးငယ်ဖြစ်သူ ဗလန်တီနာကိုလည်း ကင်ဆာ ရောဂါဖြစ်ပွားစေရန် မိမိဆန္ဒရှိ

ရော်နယ်ဒို၏ နေရာကို အစားထိုးရန်အတွက် ဂါရတ်ဘေးလ်ကို အသုံးချသွားရန် ရီးရဲအသင်း ဆန္ဒရှိနေ 

ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများသည် လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ဈေးကွက်ကာလ အတွင်း တောင်ပံကစားသမား ဂါရတ်ဘေးလ်အား အသုံးပြုကာ ရီးရဲမှ ထွက်ခွာသွားသူ တိုက်စစ်ကစားသမား ရော်နယ်ဒို၏ နေရာအား အစားထိုးမှုပြုလုပ်ရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ချန်ပီယံလိဂ်ပွဲ ကစားနေစဉ်အတွင်း လီဗာပူးတိုက်စစ်မှူး မာနီ၏ နေအိမ် ဖောက်ထွင်းခံခဲ့ရ 

 ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် လီဗာပူးအသင်းက အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အသင်းအား ချန်ပီယံလိဂ်ပထမ အကျော့ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းတွင် လက်ခံကစားနေစဉ်အတွင်း လီဗာပူးအသင်းတိုက်စစ်မှူး ဆာဒီယိုမာနီ၏ နေအိမ် ဖောက်ထွင်းခိုးယူခြင်းခံခဲ့ရကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ဖောက်ထွင်းမှုသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ဆီနီဂေါတိုက်စစ်မှူး မာနီသည် လီဗာပူးအသင်းနှင့်အတူ ရှိနေစဉ်အချိန်အတွင်း ဒေသစံတော်ချိန် ညနေ ၆ နာရီနှင့် ၁၁ နာရီ ၄၅ မိနစ် အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖောက်ထွင်းခိုးယူသူများသည် လီဗာပူးမြို့တောင်ပိုင်းရှိ တိုက်စစ်မှူး မာနီ၏ နေအိမ်မှ နာရ

Carabao Cup ဗိုလ်လုပွဲသည် ချဲလ်ဆီးမန်နေဂျာ ဆာရီ၏ အနာဂတ်ကို ဆုံးဖြတ်ပေးဖွယ်ရှိနေ 

ချဲလ်ဆီးအသင်းအနေဖြင့် မန်စီးတီးအသင်းနှင့် ရင်ဆိုင်ရမည့် Carabao Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ပါက ချဲလ်ဆီးအသင်းမန်နေဂျာ ဆာရီသည် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ချဲလ်ဆီးအသင်းသည် လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ၀င်ဘလေကွင်း၌ မန်စီးတီးအသင်းနှင့် Carabao Cup ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အဝေးကွင်း၌ မန်စီး တီးအသင်းနှင့် သွားရောက်ရင်ဆိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၆-၀ ဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရကာ ဖေဖော်ဝါရီလ ၁၉ ရက်တွင်လည်း မန်ယူအသင်းအား အိမ်ကွင်း၌ လက်ခံကစားခဲ့သော အက်ဖ်အေဖလားပြိုင်ပွဲ ပဉ္စမအဆင့်ပွဲစဥ

ချန်ပီယံလိဂ်အဝေးကွင်းပွဲများတွင် ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေမှုကို တိုက်စစ်မှူး ဆွာရက်ဇ် အဆုံးသတ်နိုင်မှု မရှိသေး 

 ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဘာစီလိုနာအသင်းက အဝေးကွင်း၌ ပြင်သစ်ကလပ် လယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ဘာစီလိုနာအသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း သူ၏ ချန်ပီယံလိဂ်ပြိုင်ပွဲ အဝေးကွင်းပွဲများတွင် ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေမှုမှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခြင်းမရှိခဲ့ပေ။ အဆိုပါပွဲတွင် လယွန်နှင့် ဘာစီလိုနာ အသင်းတို့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်လာခဲ့သည်။ တိုက်စစ်မှူး ဆွာရက်ဇ်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အဝေးကွင်း၌ ရိုမာ အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သောပွဲတွင

Subscribe to နိုင်ငံတကာ အားကစား
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။