Skip to main content

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၂၂၀၀ ကျော်လာ၊ တောင်ကိုရီးယားတွင် ပိုးကူးစက်သူ ၅၂ ဦးထိ ထပ်တွေ့ 

          တရုတ်ပြည်မကြီးမှာ ကြာသပတေးနေ့ က အသစ်တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၈၈၉ ဦး ရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်က သောကြာနေ့ မှာ ထုတ်ပြန်တာကြောင့် ယင်း မတိုင်ခင် ရက်က တွေ့ခဲ့တဲ့ ၃၉၄ ဦးထက် ပိုများလာခဲ့ပြန်တာဖြစ်ပါတယ်။ 

ဗြိတိန်နဲ့ ပြင်သစ်မှာ မုန်တိုင်း ဒန်းနစ္စ ၀င်ရောက်တိုက်ခတ် လူတစ်ဦးသေဆုံးကာ ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်

 

          ဗြိတိန်နိုင်ငံ တ၀န်းမှာ တနင်္ဂနွေနေ့(ဖေဖော်ဝါရီ ၁၆ ရက်နေ့)က မုန်တိုင်း ဒန်းနစ္စ ၀င်ရောက်ခဲ့မှုကြောင့် လေပြင်းတိုက်ခတ်တွေနဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး မြစ်ထဲပြုတ်ကျ သေဆုံးခဲ့ပါတယ်။

Diamond Princess သင်္ဘောပေါ်မှ ကယ်ထုတ်လာတဲ့ အမေရိကန် နိုင်ငံသားတွေမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦးပါဝင်

 

          ဂျပန် ကမ်းလွန်မှာရောက်ရှိနေတဲ့ အပျော်စီးသင်္ဘောမှ လေယာဉ်နဲ့ ခေါ်ထုတ်သွားမယ့် အမေရိကန်နိုင်ငံသား ၃၀၀ ကျော်အနက် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၄ ဦး တွေ့ရှိထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက တနင်္လာနေ့(ဖေဖော်ဝါရီ ၁၇ ရက်နေ့)မှာ ပြောကြားခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ် ကူးစက်ထားခြင်းရှိ မရှိ ၁၅ မိနစ်အတွင်း သိနိုင်မယ့် ကိရိယာ တီထွင်

 

         သံသယရှိ လူနာတွေကို ပိုးကူးစက်ခံထားရခြင်း ရှိ မရှိ ၁၅ မိနစ်အတွင်း အဖြေသိနိုင်မယ့် ကိုရိုနာဗိုင်းရပ်စ် အမြန်စမ်းသပ်ဖော်ထုတ် ကိရိယာ တီထွင်မှု အောင်မြင်သွားပြီဖြစ်ကြောင်း တရုတ် Nankai တက္ကသိုလ်က ကြေညာလိုက်ပါတယ်။

ပိုးကူးစက်သူတစ်ဦး တွေ့ခဲ့တဲ့ သတင်းကြောင့် ကမ္ဘောဒီးယား ဆိပ်ကမ်းကပ် အပျော်စီးသင်္ဘောကြီးမှ ခရီးသည်တွေ သွားရာလမ်းကြောင်းကို ခြေရာခံလိုက်နေ

 

          ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုက်ကပ်ခဲ့တဲ့ အပျော်စီးသင်္ဘောကြီးပေါ်လိုက်ပါခဲ့သူ အမေရိကန် အမျိုးသမီးတစ်ဦး မလေးရှားအရောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ယင်း သင်္ဘောပေါ်က ဆင်းသွားခဲ့တဲ့ ခရီးသည်တွေ သွားရောက်ရာလမ်းကြောင်းကို ခြေရာခံဖို့  အစိုးရတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့  Holland America သင်္ဘောလိုင်းက ပြောဆိုပါတယ်။

ထိုင်း ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာ ရခဲ့သူတွေရဲ့ မိသားစု တစ်စုစီအတွက် ထောက်ပံ့ကြေး ဘတ် ၂ သန်းစီ ပေးမည်

    

       ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်မှ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်သားတစ်ဦးရဲ့ သေနတ်ပစ်ခတ်မှုမှာ သေဆုံး ဒဏ်ရာရခဲ့သူတွေရဲ့ မိသားစု တစ်စုစီတိုင်းကို ထောက်ပံ့ငွေ ဘတ် ၁ သန်းမှ ၂ သန်းအကြား ပေးအပ်သွားဖို့ ပြည်နယ်ကော်မတီက တနင်္ဂနွေနေ့မှာ သဘောတူခဲ့ပါတယ်။

Subscribe to နိုင်ငံတကာ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။