Skip to main content

ဝင်းနဲ့ဇော် အတွက် မြန်မာနိုင်ငံသားဆိုတဲ့ စိတ်လေးထားပြီး ကြိုးစားပေးစေချင်တယ်လို့ ညိုမင်းလွင် ပြော

“သက်ဆိုင်ရာတာဝန်ရှိ  လူကြီးမင်းများအနေနဲ့  ကိုယ်မြန်မာနိုင်ငံသားဆိုတဲ့ စိတ်လေးထားပြီး အတက်နိုင်ဆုံး ကြိုးစားပေးစေချင်တယ်။ဘာမဆိုလုပ်ကြည့်လိုက်တယ်။ နောက်ဆုံးအဆင့်ဒါတော့ မလုပ်ကြည့်မိလိုက်ဘူးလို့ မဖြစ်စေချင်ဘူးလို့” ဒါရိုက်တာ ညိုမင်း

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ၊ ထိုင်း၊ ဂျပန်တို့ အချိုးကျ အစုရှယ်ယာ ထည့်ဝင်၍ ဆောင်ရွက်မည်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ၊ ထိုင်း၊ ဂျပန်တို့မှ အချိုးကျ အစုရှယ်ယာထည့်ဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။
အဆိုပါ စီမံကိန်းကို ယခင်က အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီ (အီတာလျံ - ထိုင်းကုမ္ပဏီ)မှ ဆောင်ရွက်မည်ဖြစ်သော်လည်း သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လိုအပ်သည့်ငွေကြေးကို ရှာဖွေပေးနိုင်ခြင်းမရှိသည့်အတွက် ရပ်နားထားခဲ့ရကြောင်း သိရသည်။ 

ကျောက်မှုန့်အိတ်များတင်ဆောင်လာသည့် ၂၂ ဘီးယာဉ် လမ်းဘေးထိုးကျတိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အလယ်ရွာကျေးရွာအနီး ရန်ကုန် - မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၉၅/၆ နှင့် ၉၅/ ၇ အကြားတွင် ဇန်န၀ါရီလ ၁၈ ရက် နံနက် ၇ နာရီ အချိန်ခန့်က ၂၂ ဘီး တွဲယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းသူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံ စနစ်နှစ်မျိုးမူကို လက်မခံဟုဆိုကာ ထိုင်ဝမ်သမ္မတက တရုတ်ကို အာခံ 

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးမူတစ်ခုဖြစ်တဲ့ တစ်နိုင်ငံစနစ်နှစ်မျိုး အစီအစဉ်ကို ထိုင်ဝမ်ကျွန်းဒေသက လက်ခံမှာမဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဇန်န၀ါရီ ၂ ရက်နေ့ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ထိုင်းတောင်ပိုင်းတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ ထံမှ သေနတ်နှင့် ကျည်များကို မျက်နှာဖုံးစွပ် လူတစ်စုက တိုက်ခိုက်လုယက်မှုဖြစ်ပွား 

ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီပြည်နယ် ဆိုင်ဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ခုကို စောင့်ရှောက်ဖို့ တာဝန်ပေးထားတဲ့ ကျေးလက်စေတနာ့ဝန်ထမ်း ကာကွယ်ရေးအဖွဲ့ သားတွေထံမှ သေနတ်နဲ့  ကျည်ဆန်တွေကို မျက်နှာဖုံးစွပ် လူတစ်စုက တနင်္ဂနွေနေ့ ညမှာ တိုက်ခိုက်လုယက်သွားခဲ့ကြပါတယ်။ ယခုအခါ ယင်း သံသယရှိ လူ ၆ ဦးအဖွဲ့ ကို ရဲတပ်ဖွဲ့ က လိုက်လံရှာဖွေနေကြပါတယ်။ 

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရာတွင် လက်ဆွဲနှုတ်ဆက်ရမည့် ဥပဒေကို ဒိန်းမတ်လွှတ်တော် အတည်ပြု ၊ မွတ်ဆလင်တွေအပေါ် ကန့်သတ်လိုခြင်းဟု ဝေဖန်မှု ရှိ

နိုင်ငံသားပေးအပ်ခြင်းအခမ်းအနားတွေမှာ တာဝန်ရှိသူတွေကို နိုင်ငံသား လျှောက်ထားသူတွေက လက်ဆွဲနှုတ်ဆက်ရမယ့် အချက်ပါဝင်တဲ့ အစိုးရ ကမကထပြု ရေးဆွဲခဲ့တဲ့ ဥပဒေကို ဒိန်းမတ်ဥပဒေပြုအမတ်တွေက ထောက်ခံအတည်ပြုလိုက်ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ဒီဥပဒေကြမ်းဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံဖို့ အတွက် ရေးဆွဲခဲ့တာဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ 

Subscribe to Free Ads
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။