Skip to main content

လူစုလူဝေးဖြင့် အခမ်းအနား မပြုလုပ်ရန် တာမြစ်ထားခြင်းကို ဖောက်ဖျက်သူအား အမှုဖွင့်

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးဖြင့် အခမ်းအနားများ မကျင်းပရန် တားမြစ်ထားသည်ကို ဖောက်ဖျက်သူအား ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့် ထားကြောင်း တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မတ်လ ၁၇ ရက်က အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မတ်လ ၂၈ ရက်တွင် တမူးမြို့နယ် ခွန်မွန်းနွန်ကျေးရွာတွင် လူစုလူဝေးဖြင့် မင်္ဂလာဆောင် အခမ်းအနား ပြုလုပ်ခဲ့သည့် ကိုထန်လင်းရှိန် (၃၅) နှစ်ကို တမူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်၌ ဆိုင်ကယ်ကယ်ရီဆွဲနေသည့်ကျောင်းဆရာအား ရိုက်နှက်ပြီး လုယက်မှုဖြစ်ပွား 

နွေရာသီကျောင်းပိတ်ရက်၌ ဆိုင်ကယ်ကယ်ရီဆွဲနေသည့်ကျောင်းဆရာအား ရိုက်နှက်ပြီးလုယက်မှု မကွေးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အဝင် ဆိုင်းဘုတ်နား၌ လူတစ်ဦးရိုက်နှက်ခံရကြောင်းမတ်လ ၂၈ ရက်၊ နံနက် ၁ နာရီခန့်တွင် သတင်းပေးချက်ကြောင့် ရောင်စုံမေတ္တာအခမဲ့လူမှုကူညီရေးအသင်းက သွားရောက်ခဲ့ရာ အခင်းဖြစ်မြို့အဝင်နတ်မောက်လမ်း၊ စုဆောင်းရေးတပ် အရှေ့ပေါင်းကူးတံတားအောက်၌ ဦးခေါင်းနှင့်မျက်နှာများ၌ဒဏ်ရာများဖြင့်လဲကျနေသူကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမြန်လမ်းမကြီးဘေး၌ရပ်ထားသော ယာဉ်ကို စစ်ဆေးမည်ဆိုကာ ယာဉ်ပေါ်ပါပစ္စည်းများ လုယက်မှုဖြစ်ပွား 


အမြန်လမ်းမကြီးဘေး၌ရပ်ထားသောယာဉ်ကိုစစ်ဆေးမည်ဆိုကာ ယာဉ်ပေါ်ပါပစ္စည်းများလုယက်မှု ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၉၁/၂)အနီးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၇ ရက်၊ နံနက် (၃)နာရီခန့်က ခရီးသွားများဖြစ်ကြသည့် ဦးအောင်မိုးနှင့်ဒေါ်နန်းစန်းစန်းညွှန့်တို့ဇနီးမောင်နှံသည် ၎င်းတို့မောင်းလာသည့်မော်တော်ယာဉ်ကို ခဏရပ်နား၍အိပ်ပျော်နေစဉ် အမည်မသိအမျိုးသား(၄)ဦးခန့်ကရောက်ရှိလာပြီး ကားကိုစစ်ဆေးမည်ဟု ပြောဆိုသဖြင့် ယာဉ်ရှေ့ဘေးတံခါးဖွင့်ပေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို လက်ခံခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးကိုပါ လဝက ဥပဒေဖြင့်အရေး ယူမည်

 

တရုတ်နိုင်ငံသား ၁၁၈ ဦးကို လက်ခံထားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်နှင့် အိမ်ငှားကိုပါ လဝက ဥပဒေဖြင့် အရေးယူ မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။

 

မတ်လ၂၃ ရက်က အကုန်သိ သတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမောင်မောင်ဦးက အတည်ပြုပြောသည်။

စင်ကာပူတွင် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုကြောင့် ဖခင်ဖြစ်သူအား ထောင်ဒဏ်ချမှတ်

 

စင်ကာပူနိုင်ငံမှာ သမီးဖြစ်သူနဲ့ နေအိမ်မှာ ရှိနေစဉ် အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို ကြာသပတေးနေ့မှာ ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ် ၁၂ ချက် ချမှတ်လိုက်ပါတယ်။ 

အသက် ၄၇ နှစ်အရွယ် (သမီးဖြစ်သူရဲ့ ကိုယ်ရေးအချက်အလက်ကို ကာကွယ်တဲ့အနေနဲ့ အမည်ဖော်ပြခြင်းမရှိ) အမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွငှ်းု ကျူးလွန်ခဲ့တာဖြစ်ပြီး ပြုကျင့်မှု ၃ မှု အတွက် အပြစ်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းက ၀န်ခံခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာတွေမှာ ထပ်ခါတလဲလဲ တံတွေးထွေးနေခဲ့တဲ့ တရုတ်အမျိုးသမီး အဖမ်းခံရ 

 

ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးကို နိုင်ငံတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာတွေဖြစ်တဲ့ ဘတ်စ်ကားနဲ့ မီးရထားပေါ်မှာ ထပ်ခါတလဲလဲ တံတွေးထွေးနေခဲ့ခြင်းကြောင့် ကြာသပတေးနေ့ (မတ်လ ၁၉ ရက်) မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

Subscribe to မှုခင်း
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။