Skip to main content

KTV များတွင်အသုံးပြုနေသောသီချင်းများအတွက် အနုပညာကြေးကောက်ခံသွားမည်ဟု ဆို

KTV တွင်အသုံးပြုနေသည့်သီချင်းများအတွက် အနုပညာကြေးကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှဒုတိယဥက္ကဋ္ဌ(၃) ဦးစိုးမိုးဖေကပြောသည်။

rery3ey

ထိုင်းနိုင်ငံက မြန်မာလုပ်သားများကို MOU စနစ်ဖြင့်ခေါ်ယူရာ၌ လက်ရှိအထိပြဿနာဖြစ်ပွားနေဆဲဟု ဆို

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ လုပ်သားများကို MOU စနစ်ဖြင့် ခေါ်ယူရာ၌ လက်ရှိအချိန်အထိ ပြဿနာဖြစ်ပွားနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းကပြောသည်။

အကုန်သိသတင်းဌာနနှင့် ဇူလိုင်လ ၂၂ ရက်၌ သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးသတင်းလိမ်လည်ပေးပြီး ဖမ်းခိုင်းခဲ့သူကို တရားပြန်စွဲဆိုမည်ဟုဆို

မူးယစ်ဆေးသတင်းလိမ်လည်ပေးပြီး ဖမ်းခိုင်းခဲ့သူကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းမြင့်က ပြောသည်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၁၀)တောင်၊ (၁၄)ရပ်ကွက် ရပ်ကွက်လုံးဆိုင်ရာဓမ္မာရုံတွင် ဇူလိုင်လ (၂၂) ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောခြင်း ဖြစ်သည်။

လမ်းဘေးဈေးသည်ပပျောက်ရေးဆောင်ရွက်ရာ၌ ၄င်းတို့စားဝတ်နေရေး အဆင်ပြေစေရန်ပါစဉ်းစားပေးရဟု ဆို

ရန်ကုန်မြို့လယ်ဧရိယာအတွင်းရှိ လမ်းမကြီး ၄ ခုတွင် လမ်းဘေးဈေးသည်များပပျောက်ရန် အဓိကထား လုပ်ဆောင်နေပြီး လမ်းဘေးဈေးသည်များကို ဈေးများပေါ်ရောက်သည်အထိ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။

ဇွန်လ ၂၁ ရက်အထိ H1N1 ကြောင့် သေဆုံးသူ ၆၅ ဦးရှိလာ

ဇွန်လ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ H1N1 ကြောင့်သေဆုံးသူ ၆၅ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။

gwegtew

မြန်မာအလုပ်သမားများ နေရပ်ပြန်ရန်မလိုအပ်ဘဲ ထိုင်းနိုင်ငံ၌ပင် ဗီဇာသက်တမ်းတိုးခွင့်ရရှိပြီ

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ရန်မလိုတော့ဘဲ ထိုင်းနိုင်ငံ၌ပင် နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးခွင့်လုပ်ဆောင်ပေးရန် ထိုင်းနိုင်ငံ၊ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာဝစ်မှ ရွှေ့ပြောင်းလုပ်သား ရေးရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

Subscribe to လူမှုဘဝ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။