Skip to main content

လာမည့်ဆီးဂိမ်းတွင် ကစားသမားများအတွက် အကောင်းဆုံး ပံ့ပိုးမှုများ လုပ်ထားဟုဆို


လာမည့်ဆီးဂိမ်းတွင် ကစားသမားများအတွက် ပံ့ပိုးမှုများ အကောင်းဆုံး လုပ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောသည်။
ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းတွင် နိုဝင်ဘာလ (၉)ရက်က ကျင်းပသည့် မိုင်လို(မြန်မာ)မှ ဆီးဂိမ်းတွင်ယှဉ်ပြိုင်မည့် ကစားသမားများအတွက် အဟာရပစ္စည်းများ ပေးအပ်ပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

မန်းရွှေစက်တော် စွန့်ပစ်ရွှေလှောင်စက္ကူမှ သန့်စင်သောရွှေချိန်(၂၈) ကျပ်သားကျော်ရ

၂၀၁၉ ခုနှစ်၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း အထက်ခြေတော်ရာနှင့် အောက်ခြေတော်ရာတို့တွင် ဘုရားဖူးပြည်သူများရွှေသင်္ကန်းကပ်လှူရာမှ စွန့်ပစ်သောရွှေလှောင်စက္ကူများကို ရွှေမိုက်ထုတ်လုပ်ခဲ့ရာ သန့်စင် သောရွှေချိန် ၂၈ ကျပ်သား၊ ၁၀ပဲ၊  ၆ ရွေး ထုတ်ယူရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ရိုက်ကူး -  သက်မှူးအိမ်(မင်းဘူး)                တည်းဖြတ် - သူရိန်

Unicode Version

E-Government  အကောင်အထည်ဖော်ဖို့ Computer သင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံမှာ E-Government ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပဲခူးတိုင်းက အစိုးရ၀န်ထမ်းတွေကို E-Government နဲ့ သက်ဆိုင်တဲ့ ကွန်ပျူတာသင်တန်းတွေ ပို့ချပေးရန်ရည်ရွယ်ပြီး သင်တန်းတစ်ခုကို ပြည်မြို့က ကွန်ပျူတာတက္ကသိုလ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ယာဉ်လမ်းကြောင်း ၁၄ ခု ပြောင်းလဲပြေးဆွဲမည်


မြန်မာကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားဒုတိယပိုင်းတည်ဆောက်မှု လုပ်ဆောင်မှာဖြစ်တဲ့အတွက် ဘုန်းကြီးလမ်းဘက်ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအနေနဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေစတင်ပြီးတော့ ယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားပါတယ်။

ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသစ်ကို ယခုလ ၃၀ ရက်တွင် ဖွင့်လှစ်မည်

မဲဆောက်ခရိုင်သောင်ရင်းမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို အောက်တိုဘာလ(၃၀)ရက်မှာ တရားဝင်ဖွင့်လှစ်သွားမယ်လို့ အဝေးပြေးလမ်းမကြီးများဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရိုက်ကူး - ကိုကိုကြီး တည်းဖြတ် - ထက်ပိုင်စိုး

Subscribe to သတင်း
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။