Skip to main content

ဆေးတက္ကသိုလ်များတွင် Patient Safety ကိုဘာသာရပ်တစ်ရပ်အဖြစ် ထည့်သွင်းသင်ကြားရန် ညွှန်ကြားထား

ဆေးတက္ကသိုလ်များတွင် လူနာများအတွက်လုံခြုံမှု(Patient Safety) ကို ဘာသာရပ်တစ်ရပ်အဖြစ် ထည့်သွင်း သင်ကြားရန်ညွှန်ကြားထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

“ရန်ကုန်မြို့ရေကြီးနစ်မြုပ်မည်”ဆိုသောခန့်မှန်းချက်ကို မကြောက်ကြောင်း ရန်ကုန်မြို့တော်ဝန် ပြော

လက်ရှိကမ္ဘာ့ရာသီဥတုအတိုင်းဆိုပါက လာမည့် ၂၀၇၀ ခုနှစ်၌ ရေကြီးနစ်မြုပ်မည့်မြို့များတွင် ရန်ကုန်မြို့ပါဝင်ကြောင်း ခန့်မှန်းချက်အပေါ် မကြောက်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့တော်ခန်းမတွင် သြဂုတ်လ ၁၉ ရက်ကကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် အကုန်သိသတင်းဌာန၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

လက်ရှိရာသီဥတုအတိုင်း ဆက်သွားနေပါက ၂၀၇၀ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသ ရေမြုပ်သွားနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

သက္ကရာဇ် ၂၀၇၀ တွင် ကမ္ဘာ့ရာသီဥတု အခြေအနေမှာ ယခုအတိုင်းသာ ဆက်သွားနေပါက ပင်လယ်ရေမျက်နှာပြင်မြင့် တက် လာပြီး ရေမြုပ်နိုင်သည့် အနေအထားမှာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ ရန်ကုန် စက်မှုကုန်သည်အသင်းချုပ်တွင် သြဂုတ်လ ၁၈ ရက် ကျင်းပသော ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာနိုင်ငံခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “သက္ကရာဇ် ၂၀၇၀ မှာ ကမ္ဘာ့ရာသီဥတုအခြေအနေဟာ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမယ်။ အဲဒီလိုတက်လာရင် ရေမြုပ်နိုင်တဲ့ အနေအထား ကျွန်တော်တို့ဘက်မှာ မြစ်ဝကျွန်းပေါ်ပဲ။ အဲဒီမှာမှ ကမ္ဘာပေါ် မှာရေမြုပ်မဲ့မြို့ ၂၀။ ကျွန်တော်တို့

ဖန်လုံအိမ်ဓါတ်ငွေ့တိုးရခြင်းတရားခံသည် ကျောက်မီးသွေး၊ ဒီဇယ်၊ဓါတ်ဆီအသုံးများခြင်းနှင့်သစ်တောပြုန်းတီးမှုများကြောင့် ဖြစ်ကြောင်း မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်ဆို

ကမ္ဘာကြီးပူနွေးရခြင်းနှင့် ရာသီဥတု ဖောက်ပြန်ရခြင်း အကြောင်းအရင်းသည် ဖန်လုံအိမ်ဓါတ်ငွေ့ တိုးရခြင်းကြောင့်ဖြစ်ပြီး အဓိက တရားခံမှာ ကျောက်မီးသွေး၊ ဒီဇယ်၊ ဓါတ်ဆီ အသုံးများခြင်းနှင့် သစ်တောပြုန်းတီးမှုများကြောင့်ဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ စက်မှုကုန်သည် အသင်းချုပ်တွင် သြဂုတ်လ ၁၈ ရက် ကျင်းပသော ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးရာတွင် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပေါင်မြို့နယ်မြေပြိုမှုဖြစ်စဉ်မှာ ကျောက်ထုတ်ယူမှုကြောင့်မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ပြော

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သောမြေပြိုမှုဖြစ်စဉ်မှာ ကျောက်ထုတ်ယူမှုကြောင့် မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က ပြောသည်။

acsacas

တနင်္သာရီမြို့တွင် သြဂုတ်လ ၁၂ ရက်၌ အန္တရာယ်ရေအမှတ်အထက် ၂၄ ပေ ၆ လက်မရှိနေ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် သြဂုတ်လ ၁၂ ရက်၌ အန္တရာယ်ရေအမှတ်အထက် ၂၄ ပေ ၆ လက်မ ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။\

Subscribe to သဘာဝ ပတ်ဝန်းကျင်
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။