Skip to main content

မြန်မာ့ဘောလုံးအားကစားမှာ အာဆီယံထိပ်ဆုံး(၅)သင်းစာရင်းဝင်နေသေးကြောင်း MNL CEO ပြော

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကဲ့သို့ ဘောလုံးတွင်ငွေကြေးမသုံးစွဲနိုင်သော်လည်း အာဆီယံတွင် ထိပ်ဆုံး(၅)သင်းစာရင်းဝင်နေသေးကြောင်း Myanmar National League မှ CEO ဦးစိုးမိုးကျော်က ပြောလိုက်သည်။

မြန်မာ့ဘောလုံးအားကစားမှာ အာဆီယံထိပ်ဆုံး(၅)သင်းစာရင်းဝင်နေသေးကြောင်း MNL CEO ပြော

Molten ဘောလုံးကုမ္ပဏီက မြန်မာနေရှင်နယ်လိဂ်အား ဒေါ်လာ(၃)သိန်းအထိ စပွန်ဆာပေးမည်

ဂျပန်ဘောလုံးကုမ္ပဏီဖြစ်သည့် Molten ဘောလုံးကုမ္ပဏီမှ မြန်မာနေရှင်နယ်လိဂ်ကို ဒေါ်လာ(၃)သိန်းအထိ စပွန်ဆာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ စပွန်ဆာပေးရန် ပြီးခဲ့သည့်ဇွန်လက စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ ပစ္စည်းအသစ်မိတ်ဆက်ခြင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် သြဂုတ်လ ၂၂ရက်က ကျင်းပခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်တွင် စပွန်ဆာရရှိရန်မလွယ်ကူတော့ဟု ဆို

နိုင်ငံစီးပွားရေးအခြေအနေအရ မြန်မာနေရှင်နယ်လိဂ်တွင် စပွန်ဆာရရှိရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များကိုချဉ်းကပ်ရန် မလွယ်တော့ကြောင်း MNL မှ CEO ဦးစိုးမိုးကျော်က ပြောသည်။
MNL မှကလပ်များအနေဖြင့် စပွန်ဆာရရှိမှုအခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

အိမ်ရှင်မန်စီးတီးကွင်း အနိုင်ယူသွားမယ့် မန်စီးတီး Vs စပါး ပွဲကြိုခန့်မှန်းချက်

အသင်းလိုက်စုဖွဲ့မှုအားကောင်းတဲ့အပြင် ပူပူနွေးနွေးကွန်မြူနဒီ ဒိုင်းချန်ပီယံလည်းဖြစ်တဲ့ အိမ်ရှင် မန်စီးတီး အသင်းကို ဧည့်သည်စပါး အသင်းအနေနဲ့ အနိုင်ယူဖို့ခက်ခဲမှာပါ။ အိမ်ရှင်မန်စီးတီး အသင်း ဂိုးစောစောသာသွင်းနိုင်မယ်ဆိုရင် ဧည့်သည်အသင်း ကစားပုံပျက်ပြီး ဂိုးပြတ်ရှုံးနိုင်ပါတယ်။ မန်စီးတီး ရာနှုန်းပြည့်နိုင်မယ့် ပွဲလို့ အကုန်သိ အားကစားရုပ်သံကနေ ခန့်မှန်းပေးလိုက်ပါတယ်။

တင်ဆက်/တည်းဖြတ် - ဆလိုင်းကျော်မိုး

 

ဘ၀အာမခံချက်မရှိပေမဲ့ စကိတ်ဘီးလုံးလေးတွေလိမ့်နေရရင် ပျော်နေချင်သူ

စကိတ်စီးကစားနည်းကိုစွဲလန်းတွယ်တာခဲ့တယ်ဆိုပေမယ့် ဘဝအာမခံချက်မရှိတဲ့ဒီကစားနည်းကို ဘယ်မိဘတွေကရေရှည်မှာ အားပေးမှာလဲ ။ဒီထဲမှာစကိတ်သမား ပြည့်စုံအောင် ရဲ့ မိဘတွေကလည်း ရွာထဲကအများနည်းတူ သူတို့ရဲ့သားကိုစကိတ်စီးတာထက် ထိုင်းနိုင်ငံမှာအလုပ်သွားရောက်လုပ်ကိုင်စေချင်နေပါပြီ။ ဒါနဲ့ပတ်သက်ပြီးစကိတ် အားကစားသမားလေး ပြည့်စုံအောင် ကလည်းခုလိုပြောပြခဲ့ပါတယ်။

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အားကစားသမားများနဲ့ တွေ့ဆုံခြင်း

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက ကစားသမား ၃၀ ဦးနဲ့ လေ့ကျင့်မှုလုပ်နေပြီဖြစ်ပါတယ်။ စက်တင်ဘာ ၇ ရက်မှ ၁၀ ရက် အထိ တရုတ်နိုင်ငံ Chengdu မြို့ မှာ လေးနိုင်ငံ ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ စတင်ပြီး ၂၇

Subscribe to ပြည်တွင်းအားကစား
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။