Skip to main content

ယခင်က အခွန်ရှောင်သူများကို ဒဏ်ရိုက်ရာမှ ၂၅ ဘီလျံအထိရရှိသော်လည်း အခွန်ဆောင်သူများလာသည့်အတွက် လျော့နည်း လာဟုဆို

ယခင်က အခွန်ရှောင်သည့် ကိစ္စရပ်များအတွက် တစ်နှစ်လျှင် ဒဏ်ကြေး ၂၅ ဘီလျံအထိရရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အခွန်ထမ်းကြီးများ အခွန်ဆောင်လာသောကြောင့် ဒဏ်ကြေးငွေ ရရှိမှုလျော့နည်းလာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
အခွန်ဆောင်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကုန်သိသတင်းဌာနက ဒီဇင်ဘာ ၆ ရက် ဆက်သွယ်မေးမြန်းရာတွင် ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အနုပညာရှင်များ၏ အခွန်ပေးဆောင်မှုကို ၂၀၂၀ ခုနှစ်တွင် အခွန်ရုံးမှ ကြေညာမည်

အနုပညာရှင်များ၏ အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်တွင် အခွန်ရုံးမှ ကြေညာသွားရန်ရှိကြောင်း ပြည်တွင်းခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

ကလေးသူခိုးဟုဆိုကာ လူမှုကွန်ရက်တွင် ကောလာဟလသတင်း တင်သူများကို ရဲတပ်ဖွဲ့က အရေးယူမည်

ကလေးသူခိုးဟုဆိုကာ  လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကောလာဟလ ဖော်ပြရေးသားမှုများနှင့် ပတ်သက်၍ တိုင်ကြားလာပါ က အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက ပြောကြားလိုက် သည်။
အဆိုပါ ကောလာဟလသတင်းများကို လူမှုကွန်ရက်တွင် ဖြန့်ဝေနေသူများကို အရေးယူရန်ရှိ၊ မရှိ အကုန်သိသတင်းဌာနက ဒီဇင် ဘာ မေးမြန်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမှုဖွင့်အရေးယူတာတော့ တိုင်ကြားတာရှိရင်တော့ ဆောင်ရွက်သွားမှာ ပါခင်ဗျ”ဟု ရဲမှူးကြီးကျော်သီဟက ပြောသည်။

အလောင်းတော် ကဿပဘုရားမှ ငွေကြေးကွာဟသည့်ကိစ္စ ပြေလည်သည့်အထိ တာဝန်ခံမဖြေရှင်း နိုင်ပါက ဥပဒေနှင့်အညီ အရေးယူမည်

အလောင်းတော် ကဿပဘုရားမှ ငွေကြေးကွာဟသည့်အပေါ် ပြေလည်သည်အထိ တာဝန်ခံဖြေရှင်းရန်နှင့် ဖြေရှင်းနိုင်ခြင်း မရှိ ပါက ဥပဒေနှင့် အညီအရေးယူနိုင်ရန် စီမံဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးကြည်မင်း က ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ဒီဇင်ဘာ (၆) ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးကြည်မင်းက အလောင်းတော် ကဿပဘုရား ငွေကြေးကွာဟမှုနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ် သည်။

မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စု ၅၀ ရာခိုင်နှုန်း ဓါတ်အားပေးနိုင်ခြင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်

မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စု ၅၀ ရာခိုင်နှုန်း ဓါတ်အားစနစ်မှ ဓါတ်အားပေးနိုင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို နေပြည် တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာ ၁၂ ရက်နေ့နှင့် ၁၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် ဒီဇင်ဘာ ၅ ရက်ကျင်းပသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားတွင် အမြဲ တမ်း အတွင်းဝန်က သတင်းထုတ်ပြန်ခဲ့ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ တွင် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ် အရောက်ပေးအပ်နိုင်ရေး လုပ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား

၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး ၊ တိုင်းရင်းသား ပြည်သူလူထုက လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောကြားလိုက်သည်။
ဒီဇင်ဘာ ၆ ရက် စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ် (၆၁) သင်တန်းဆင်းပွဲ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

Subscribe to ပြည်တွင်းသတင်း
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။