Skip to main content
ချစ်သူနဲ့ အိမ်ထောင်ပြုဖို့သေချာပြီဆိုရင် တရားဝင်ကြေညာတော့မယ်လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ပြော
သင်ဇာဝင့်ကျော်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းက သူ့မှာချစ်ရမယ့်သူ ရှိနေပြီဆိုတဲ့အကြောင်းကို မီဒီယာတွေထံသို့ အရိပ်အမြွှတ် ပြောပြ ခဲ့ပေမယ့် အဲဒီချစ်သူနဲ့ လက်ထပ်ဖို့ လက်မထပ်ဖို့ကတော့ မသေချာသေးဘူးလို့ ပြောလာပါတယ်။
တကယ်လို့  အိမ်ထောင်ပြုဖို့ သေချာပြီဆိုရင်တော့ ပရိသတ်တွေကို တရားဝင်အသိပေးသွားမယ်လို့လည်း ဆိုပါတယ်။
သင်ဇာဝင့်ကျော်ဟာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လာရင် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိသူ ဖြစ်ပေမယ့်လည်း သူ့ရဲ့ပြောင်းလဲသွားတဲ့ အချစ်ရေးခံယူချက်နဲ့ အချစ်ဆိုတဲ့အရာပေါ်ကို လက်ခံထားမှုကိုလည်း အခုလိုပဲပြော လာပါတယ်။
လူကြမ်းသရုပ်ဆောင်တွေကိုလည်း အကယ်ဒမီဆု ပေးသင့်တယ်လို့ သရုပ်ဆောင် ကိုကိုဦးပြော
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးရာမှာ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေအတွက် ထည့်သွင်းစဉ်းစားဖို့ အစည်း အဝေးတွေ လုပ်ခဲ့ပေမယ့်လည်း လူကြမ်းသရုပ်ဆောင်တွေအတွက် ဆုပေးဖို့ကို မေ့နေကြတယ်လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးက ပြောပါတယ်။
၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် ဒုတိယအဆင့် ဇာတ်ကား ၂၅ ကား ရွေးချယ်ပြီး
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၈၃ ကားထဲမှ ဒုတိယအဆင့် ဆက်လက်ကြည့်ရှုရန် ရုပ်ရှင်ဇာတ်ကား၂၅ ကားကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင်  ဒါရိုက်တာ ၀ိုင်း၏ ဇာတ်ကားများ အများဆုံး ရွေးချယ်ခံခဲ့ရပြီး သမ္မတကြီးထံပေးစာ၊ သတို့သမီး၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ရွှေကြာ ဇာတ်ကားများ ဖြစ်ကြောင်း သိရသည်။
မြန်မာရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ တွေလည်း ကြိုတင်စာတင်ရင် Line Walker-2 ရိုက်ကွင်းလိုမျိုး ရနိုင်မယ်လို့ ရဲမှူးချုပ်(ငြိမ်း)ဦးဝင်းခေါင်
ဟောင်ကောင်က လာရောက်ရိုက်ကူးမယ့် Line Walker-2 ဇာတ်ကားအတွက် အချိန်ယူပြီးကြိုတင်စာတင်ခဲ့ကြတာဖြစ်ပြီး မြန်မာရိုက်ကူးရေးအဖွဲ့ တွေအနေနဲ့ လည်း ကြိုတင်စာတင်ပေးခြင်းနဲ့ ပေါင်းစပ်ညှိနှိုင်းမှု မလုပ်ရင် မဖြစ်နိုင်ဘူးလို့ အငြိမ်းစား ရဲမှူးချုပ် ဦးဝင်းခေါင်က ပြောပါတယ်။
မွေးကင်းစကလေးကို လမ်းဘေးစွန့်ပစ်သွားတဲ့အတွက် မိန်းမယုတ်မိခင်လို့ ခပ်ကြမ်းကြမ်း ပြောလိုက်တဲ့ သရုပ်ဆောင်ဇေရဲထက်
မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လမ်းဘေးစွန့်ပစ်ခြင်းခံရတဲ့ကလေးငယ်ရဲ့သတင်းကိုမြင်ပြီး စိတ်မကောင်းဖြစ်လွန်းလွန်းလို့ ကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘုတ်အကောင့်ကနေ Share ပြီးတော့ ကလေးငယ်ရဲ့မိခင်ကို မိန်းမယုတ်တစ်ဦးလို့ သရုပ်ဆောင်ဇေရဲထက်က ခပ်ကြမ်းကြမ်းရေးသားဝေဖန်လိုက်ပါတယ်။ 
မိန်းကလေးတွေဘက်က V Day ပြန်ကျွေးတာမျိုး မျှော်လင့်ထားသူ (ရုပ်သံ)
Unicode Version
ချစ်သူများနေ့တိုင်းလိုလိုမှာ ယောကျ်ားလေးတွေဘက်ကပဲ လက်ဆောင်တွေ ပေးရ။ ကျွေးရမွေးရဆိုတာတွေများနေတဲ့အတွက် မိန်းကလေးတွေဘက်ကလည်း ပြန်ပြီး ကျွေးတာမျိုးကို ဖြစ်ရင်မကောင်းဘူးလားလို့မော်ဒယ် သရုပ်ဆောင်တစ်ဦးက ပြောလိုက်ပါတယ်။ 
ရိုက်ကူးမေးမြန်း - ထက်ပိုင်စိုး၊ မျိုးကေခိုင် ၊ တည်းဖြတ် - ပြည့်စုံ
Subscribe to ပြည်တွင်း အနုပညာသတင်းများ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။