Skip to main content

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျော်ဇင်ဝင်းနဲ့ ပတ်သက်ပြီး လူလူချင်း ခွဲခြားပြီး မဆက်ဆံသင့်ဘူးဆိုတဲ့ အလှမယ်ဟန်တီ

 

 

“ တကယ်ဆို ကိုယ့်ရဲ့စကားတစ်ခွန်းက လူတစ်ယောက်ရဲ့အသက်ကို ပါသွားစေနိုင်တယ်ဆိုတာကို သိသင့်ပါတယ်။  လူလူချင်းတော့ ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ပါဘူး။ တကယ်ကို စိတ်မကောင်း ပါဘူး။ ဘာလို့လဲဆိုတော့ ဟန်တီကိုယ်တိုင်ကလည်း အဲကောင်လေးကို အပြင်မှာတွေ့ဖူးတယ်လေ။ တကယ်ကို စိတ်ထားလည်းအရမ်းကောင်းတဲ့ သူတစ်ယောက်ပါ “ လို့ ကျော်ဇင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး ပြောလာပါတယ်။

တရားဥပဒေစိုးမိုးမှု ကင်းမဲ့သလိုဖြစ်နေသော လှိုင်သာယာတွင် CCTV များတပ်ဆင်၍ စောင့်ကြည့်တော့မည်ဟု ဆို

လှိုင်သာယာမြို့ နယ်သည် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားရမည့်နေရာဖြစ်သည့်အပြင် မှုခင်းဖြစ်ပွားမှုများပြားလွန်းသော မြို့ နယ်ဖြစ်နေသည့်အတွက် CCTV များကို တပ်ဆင်စောင့်ကြည့်သွားတော့မည်ဖြစ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။ 

လူငယ်များမှာ နည်းပညာပိုင်းကို အလှမ်းမဝေးသော်လည်း အသုံးချသည့်အပိုင်းသို့ ရောက်မလာဟု ဆို 

လူငယ်များမှာ နည်းပညာပိုင်းနှင့်ပတ်သက်၍ အလှမ်းမဝေးသော်လည်း အသုံးချသည့်အပိုင်းသို့ ရောက်မလာကြကြောင်း MBT သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုးသူရိန်ထွန်းက ပြောသည်။

နည်းစနစ် အားနည်းချက်များရှိနေသည့် ဇွဲကပင်တောင် မှန်ရင်ပြင်ကို မနက်ဖြန် (မေလ ၇ ရက်)တွင် ရေစက်ချမည်

ကရင်ပြည်နယ် ဇွဲကပင်ဆံတော်ရှင်ဘုရားရင်ပြင်တွင် တည်ဆောက်ထားသည့် မှန်ရင်ပြင်အတွက်အလှူငွေထည့်ဝင်လှူဒါန်းထားသည့် အလှူရှင်များက ရေစက်ချပွဲအခမ်းအနားကို မေလ ၇ ရက်(မနက်ဖြန်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်း မျှတသည့် ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် နိုင်ငံတကာတွင် ကျင့်သုံးနေသည့်ကို အသုံးပြုမည်ဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် NYDC မှ မျှတသည့် ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် နည်းစနစ်အတိုင်းရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း NYDC မှ ဒုတိယ ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။
မြို့သစ်တည်ဆောက်မည့် အများနှင့်သက်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ပွင့်လင်းမြင်သာမှု၊ တာဝန် သိ တတ်မှုနှင့် စွမ်းဆောင်ရည်ရှိမှုတို့ဖြင့် ပြည့်စုံရန် လိုအပ်သည့်အတွက် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကျင့်သုံးနေသည့် Swiss Challenge နည်းကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ 

မြို့ပတ်ရထားသံလမ်းအဆင့်မြှင့်တင်မှု မေလတွင် ပြီးစီးမည်

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုစီမံကိန်းများဆောင်ရွက်နေရာတွင် သံလမ်းပြုပြင်ခြင်းလုပ်ငန်းမှာ မေလတွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။

Subscribe to နည်းပညာ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။