Skip to main content

ကျန်းမာရေးဝန်ထမ်းများ၏ ဗီဒီယိုဖို်င်တစ်ခုကြောင့် ငိုကြွေးမိခဲ့သည်ဟု လီဗာပူးမန်နေဂျာ ဂျာဂျင်ကလော့ ပြောဆို 

ကိုရိုနာဗိုင်းရပ်စ် ကုသနိုင်ရေးအတွက် ကြိုးစားနေသည့် ဗြိတိန်ကျန်းမာရေးဝန်ထမ်းအချို့သည် You’ll Never Walk Alone သီချင်းကို သီဆိုကာ အချင်းချင်း အားပေးနေသည့် ဗီဒီယိုဖိုင်အား ကြည့်ရှုခဲ့ရပြီး နောက် စိတ်ခံစားချက်ကြောင့် ငိုကြွေးမိခဲ့ကြောင်း လီဗာပူးအသင်း မန်နေဂျာ ဂျာဂျင်ကလော့ က ထုတ်ဖော်ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးခဲ့ပါက အင်္ဂလန်ကလပ်များ ဥရောပပြိုင်ပွဲ ၀င်ခွင့်ရဖွယ်မရှိ 

 ၂၀၁၉ -၂၀၂၀ ပြည့်နှစ် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးရာသီ၏ အပြီးသတ်သည်အထိ မကျင်းပဘဲ ရပ်ဆိုင်းခဲ့ပါက လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ဥရောပပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရသည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတင်းများတွင် ရေးသားဖော်ပြ ထားသည်။

အီတလီစီးရီးအေပြိုင်ပွဲအား အပြီးသတ်သည်အထိ ကျင်းပရန် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မျှော်လင့်ထား

 အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသော်လည်း ယခုနှစ် အီတလီ စီးရီးအေပြိုင်ပွဲအား လာမည့် ဩဂုတ်လအတွင်း အပြီးသတ်ကျင်းပသွားနိုင်ရန် မျှော်လင့်ထားကြောင်း အီတလီ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂါဘ်ရီလီဂရာဗီနာက ထုတ်ဖော်ပြောဆို လိုက်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမာခံပရိသတ်တစ်ဦး ကွယ်လွန်ပြီးနောက် ပရိသတ်များအား အိမ်တွင်း နေထိုင်ရန် ချာလ်တန်အသင်း မေတ္တာရပ်ခံ

 

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် ချာလ်တန်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်း၏ အဓိက ပရိသတ် တစ်ဦး သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းမှ အသင်းပရိသတ်များအား နေအိမ်များတွင်သာ နေထိုင်သွားကြရန် တိုက်တွန်းမှု ပြုလုပ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် မက်ဆီနှင့် မန်နေဂျာ ဂွာဒီယိုလာတို့ ငွေကြေးလှူဒါန်းမှုများ ပြုလုပ် 

မန်စီးတီးအသင်းမန်နေဂျာ ဂွာဒီယိုလာနှင့် ဘာစီိလိုနာအသင်း တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီတို့သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ကုသရေးအတွက် ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ မန်နေဂျာ ဂွာဒီယိုလာနှင့် အာဂျင်တီးနား ကစားသမား မက်ဆီတို့ လှူဒါန်းသည့် ငွေကြေးများအား ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် လိုအပ်သည့် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းများ ၀ယ်ယူသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသား ထားသည်။ မန်နေဂျာ ဂွာဒီယိုလာသည် ဘာစီလိုနာမြို့အခြေစိုက် Angel Soler Daniel ဖောင်ဒေးရှင်းသို့ ယူရို တစ်သန်း (ပေါင် ၉၂၀၀၀၀) ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ Angel Soler Daniel ဖောင်ဒေးရ

ကာရင်တန်ကွင်းမှ အနံ့အသက်ကြောင့် မန်ယူကို အာဂျန်ရော်ဘင် မရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဖာဒီနန် ပြောဆို 

ဟော်လန်တောင်ပံကစားသမားဟောင်း အာဂျန်ရော်ဘင်သည် ၂၀၀၄ ခုနှစ်အတွင်းတွင် မန်ယူအသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့သော်လည်း မန်ယူအသင်း၏ လေ့ကျင့်ကွင်းမှ အနံ့အသက်အား မနှစ်သက်ခြင်း ကြောင့် ချဲလ်ဆီးအသင်းထံသို့သာ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း မန်ယူအသင်း ဗဟိုခံစစ်မှူးဟောင်း ရီယိုဖာဒီနန် က ထုတ်ဖော်ပြောဆိုလိုက်သည်။ အာဂျန်ရော်ဘင် (၃၆ နှစ်) သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှ အနားယူ ခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ်အတွင်းတွင် အိုင့်ဟိုဗင်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာရေးအတွက် သဘောတူညီမှု ရရှိရန် နီးစပ်ခဲ့ကာ အိုးလ်ထရက်ခ်ျဖို့ဒ်ကွင်းနှင့် ကာရင်တန်လေ့ကျင့်က

Subscribe to နိုင်ငံတကာ အားကစား
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။