Skip to main content

အမေဇုံတောမီးကြီးအရေး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့  မင်းသားကြီး လီယိုနာဒို တိုက်တွန်း

အမေဇုံသစ်တောကြီး မီးအကြီးအကျယ်လောင်နေတာဟာ  အလွန်ကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်ဖြစ်ကြောင်း ကမ္ဘာကျော်မင်းသားကြီး  လီယိုနာဒို ဒီကာပရီယိုက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံးအပူပိုင်းမိုးသစ်တောကြီး  မီးဝါးမြိုခံနေမှုနဲ့ပတ်သက်လို့  နိုင်ငံတကာက စိုးရိမ်မှုတွေထွက်ပေါ်လာနေတာကြောင့်  အစိုးရအာဏာပိုင်တွေအနေနဲ့  ပိုမိုထိရောက်တဲ့ ဖြေရှင်းမှုတွေပြုလုပ်ဖို့လည်း  ၄င်းကတိုက်တွန်းထားပါတယ်။

၁၂ နှစ်ကြာတွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ “ The Rock ”

‘The Rock’ လို့ လူအများကသိကြတဲ့ မင်းသား ဒွိန်းဂျွန်ဆင် ဟာ နှစ်ရှည်လများလက်တွဲလာခဲ့တဲ့ ချစ်သူ Lauren Hashian နဲ့ ၄င်းတို့ရဲ့ချစ်သက်တမ်း ၁၂ ပြည့်ပြီးနောက်မှတော့ တရားဝင်လက်ထပ် လိုက်ပြီဖြစ်ပါတယ်။
၎င်းတို့စုံတွဲဟာ မင်္ဂလာပွဲကို ဟာဝိုင်ယီကျွန်းမှာ သြဂုတ်လ ၁၈ ရက် တနင်္ဂနွေနေ့က ကျင်ပခဲ့ကြတာဖြစ်ပြီး မင်္ဂလာဓာတ်ပုံတွေကိုတော့ မင်္ဂလာပွဲပြီးနောက်နေ့မှာ ဂျွန်ဆင်က ၄င်းရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ တာဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံတွေနဲ့အတူ “ ငါတို့လက်ထပ်လိုက်ပြီ၊ သြဂုတ်လ ၁၈ ရက်၊ ၂၀၁၉၊ ဟာဝိုင်ယီ၊ မင်္ဂလာရှိသော” လို့ ရေးသားထားခဲ့ပါတယ်။

The Weeknd နဲ့ ဘယ်လာ ဟာဒစ်တို့ လမ်းခွဲလိုက်တဲ့ သတင်းထွက်ပြီးနောက် လက်သန်းကြွယ်မှာ လက်စွပ်ဝတ်လိုက်တဲ့ ဆယ်လီနာ ဂိုမက်

ကမ္ဘာကျော် အမေရိကန်အဆိုတော် ဆယ်လီနာ ဂိုမက် တစ်ယောက် လူအများအားကျရလောက်အောင် အီတလီနိုင်ငံသို့ မွေးနေ့ခရီး သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လည်ရောက်ရှိလာကာ အလုပ်တွေပြန်လုပ်နေပြီ ဖြစ်ပါတယ်။ ခရီးကနေပြန်ရောက်ပြီးနောက် အင်္ဂါနေ့တုန်းက Beverly Hills မြို့မှာ ဆယ်လီနာ အိမ်ပြင်ထွက်လာစဉ် သူမကိုယ်သူမ လက်ဆောင်ပြန်ပေးထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆရတဲ့၊ မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပနေတဲ့ လက်စွပ်ကြီးတစ်ကွင်းကို သူမရဲ့လက်သန်းကြွယ်မှာ ၀တ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။ ယခုဆိုရင် အသက် ၂၇ နှစ်ပြည့်သွားပြီဖြစ်တဲ့ သူမဟာ အဲ့ဒီနေ့တုန်းက လက်ဝတ်ရတနာအသစ်တွေ ၀ယ်ဖို့အတွက် XIV Karats လက်ဝတ်ရတနာဆိုင်ကို တစ်ကိုယ်တော် ရောက်

ဆောင်းဟေကိုနဲ့  အိမ်ထောင်ကွဲပြီးနောက် ဆောင်းဂျွန်ကီကို ကြော်ငြာကုမ္ပဏီတွေ လက်ရှောင်လာ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး  ဆောင်းဟေကို နဲ့ မကြာသေးမီကမှ အပြီးသတ် ကွာရှင်းမှုလုပ်ခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီကို ကြော်ငြာကုမ္ပဏီတွေက လက်ရှောင်လာခဲ့ကြကြောင်း သိရပါတယ်။
မင်းသား ဆောင်းဂျွန်ကီ ၃၃ နှစ်ဟာ ၄င်းကွာရှင်းတော့မယ့်အကြောင်း ဇွန်လက ရုတ်တရက်ကြေညာခဲ့ပြီး နောက်ပိုင်း ပရိသတ်တွေရဲ့အားပေးထောက်ခံမှုတွေ လျော့နည်းလာခဲ့ပြီး ၄င်းကြော်ငြာပေးခဲ့တဲ့ ကုန်ပစ္စည်း နဲ့ ၀န်ဆောင်မှုတွေဟာလည်း ၀ယ်လိုအားသိသိသာသာကျဆင်းလာခဲ့တာကို ၄င်းတို့ တွေက သတိပြုမိ ခဲ့ကြပါတယ်။

ဆောင်း - ဆောင်း စုံတွဲ တရားဝင် အပြီးသတ် ကွာရှင်းလိုက်ပြီ

တောင်ကိုရီးယား နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေကို တို့စုံတွဲဟာ တရားရုံးက ကွာရှင်းမှုနဲ့ပတ်သက်တဲ့ သဘောတူညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေးပြီးနောက် ဇူလိုင် ၂၂ ရက် တနင်္လာနေ့က အပြီးသတ်ကွာရှင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို ဖြတ်ဖောက်ချုပ်အဖြစ် ပြောင်းရိုက်သင့်ဟု အကြံပေးသူ တွစ်တာတွင် ရှုတ်ချခံနေရ

မိန်းမလိုက်စားခြင်းမှာ ကျွမ်းကျင်လှတဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို နောက်ရိုက်မည့်ရုပ်ရှင်မှာ ဖြတ်ဖောက်ချုပ်အဖြစ်ပြောင်းသင့်တယ်လို့ အကြံပေးခဲ့တဲ့ ရုပ်ရှင်မင်းသား ဒိုမင်နစ်ဝက်စ်ကို ဘွန်းပရိသတ်တွေက တွစ်တာပေါ်မှာ ရှုတ်ချခံနေကြပါတယ်။

Subscribe to နိုင်ငံတကာ အနုပညာသတင်းများ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။