Skip to main content

ခရီးသွား ပိတ်ပင်ချက်ကြောင့် တတိယနိုင်ငံတစ်နိုင်ငံမှ ပြန်ဝင်လာတဲ့ တရုတ်ကျောင်းသားတွေကို ဒေါ်လာ ၁၅၀၀ ပေးမည်ဟု သြစတြေးလျ တက္ကသိုလ် ကမ်းလှမ်း 

 

သြစတြေးလျနိုင်ငံမှာ အဆင့်မြင့်ပညာ သင်ကြားနေတဲ့ တရုတ်နိုင်ငံမှ ကျောင်းသားတွေအနေနဲ့ တကယ်လို့ တတိယနိုင်ငံတစ်နိုင်ငံကနေ သြစတြေးလျကို ပြန်ဝင်လာကြမယ်ဆိုရင် ယင်းကျောင်းသားများကို သြစတေးလျဒေါ်လာ ၁၅၀၀ (၉၉၂ ဒေါ်လာ) စီပေးအပ်ထောက်ပံ့သွားမှာ ဖြစ်ကြောင်း သြစတြေးလျ ထိပ်တန်း တက္ကသိုလ် တစ်ခုက သောကြာနေ့မှာ ကမ်းလှမ်းခဲ့ပါတယ်။ သြစတြေးလျ အစိုးရက တရုတ်ပြည်မကြီးမှ လာရောက်တဲ့ နိုင်ငံခြားသားတွေကို ၀င်ခွင့်ပိတ်ထားတာကြောင့် အဆင့်မြင့် ပညာသင်ကျောင်းတွေက ယင်းတားမြစ်ချက် သက်ရောက်မှု ရှောင်ကွင်းနိုင်ရေး ကြိုးပမ်းလာကြတာဖြစ်ပါတယ်။ 

တောင်ကိုရီးယားမှာ COVID-19 ပိုးတွေ့လူနာဦးရေ မြင့်တက်လာခဲ့တာကြောင့် ရောဂါပိုးထိန်းချုပ်ရေး အစီအမံတွေ တိုးမြှင့်လုပ်ဆောင် 

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ခံရသူဦးရေ နှစ်ရက်ဆက် မြင့်တက်လာခဲ့တာကြောင့် တောင်ကိုရီးယားအစိုးရက လူသတ် ဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေး အစီအမံတွေ အရှိန်မြှင့်ဆောင်ရွက် လာခဲ့ပါတယ်။ 

ဗိုင်းရပ်စ်အရေးဟာ ယခုအခါ အရေးပေါ်အခြေအနေတစ်ခုဖြစ်နေပြီလို့  ၀န်ကြီးချုပ် ချောင်ဆေကွမ်း က ပြောဆိုပါတယ်။ 

အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်သို့  ရောက်ရှိလာတဲ့ မြန်မာတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက် သံသယကြောင့် ဆေးရုံတင်ပေးထားဟု ဆို 

 

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ မြန်မာ အမျိုးသား တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရတယ်လို့  သံသယရှိတာကြောင့် Anugrah Narayan ဆေးကောလိပ် ဆေးရုံ (ANMCH) မှာ တက်ရောက်ကုသမှုခံယူနေကြောင်း ဖေဖော်ဝါရီ ၁၉ ရက် India Blooms သတင်းမှာ ဖော်ပြထားပါတယ်။ 

 ပြည်ပနိုင်ငံတွေမှလာတဲ့ ခရီးသည်တွေကို ဂါယာလေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားခြင်းရှိ မရှိ စစ်ဆေးခဲ့ရာမှ သံသယဖြစ်ဖွယ် ယင်း အမျိုးသားကို တွေ့ခဲ့တာလို့  ဆေးရုံအုပ်ကြီး ဒေါက်တာ ဗီဂျေး ကရစ္စရှန်နာ က ပြောဆိုပါတယ်။ 

စပိန်မှာ စီးကရက်အတုထုတ် မြေအောက်စက်ရုံ ဖော်ထုတ်တွေ့ရှိ 

 

စပိန်နိုင်ငံမှာ မြေအောက်အနက် ၁၃ ပေ လောက်က ဘန်ကာတစ်ခုမှာ တည်ဆောက်ထားတဲ့ စီးကရက်အတု စက်ရုံတစ်ခု ဖော်ထုတ်တွေ့ရှိခဲ့ကာ မြေအောက်စက်ရုံအတွင်း ပိတ်မိနေတဲ့ ယူကရိန်း အလုပ်သမား ၆ ဦးကို ကယ်ထုတ်ပေးခဲ့ကြောင်း စပိန်နဲ့ ယူရိုပိုလ်(ဥရောပရဲတပ်ဖွဲ့)တို့ က ကြာသပတေး နေ့ မှာ ပြောဆိုခဲ့ပါတယ်။ 

ဒီစက်ရုံဟာ ဥရောပသမဂ္ဂမှာ ပထမဆုံး ဖော်ထုတ်တွေ့ရှိတဲ့ မြေအောက် စီးကရက်အတု စက်ရုံ ဖြစ်ကြောင်း စပိန်နဲ့ ယူရိုရဲတပ်ဖွဲ့နှစ်ဖွဲ့စလုံးက ပြောဆိုပါတယ်။ 

တရုတ်နိုင်ငံ အကျဉ်းထောင်နှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၂၃၄ ဦးအထိ တွေ့ခဲ့တာကြောင့် တာဝန်ရှိသူတွေ အလုပ်ဖြုတ်ခံရ 

 

တရုတ်နိုင်ငံက အကျဉ်းထောင်နှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေခဲ့ပြီး လူ ၂၃၄ ဦးအထိ ရောဂါပိုးကူးစက်ခံနေရကြောင်းနဲ့ ယင်းဖြစ်စဉ်မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း အာဏာပိုင်တွေက သောကြာနေ့ (ဖေဖော်ဝါရီ ၂၁) မှာ ပြောဆိုခဲ့ပါတယ်။ 

နိုင်ငံမြောက်ပိုင်း ရှန်တုံပြည်နယ်နဲ့ အရှေ့ပိုင်း ကျီကျင်းပြည်နယ်တို့ ရှိ အကျဉ်းထောင်နှစ်ခုမှာ ရောဂါကူးစက်ဖြစ်ပွားမှုတွေ တွေ့ခဲ့တာဖြစ်ပြီး ဗိုင်းရပ် အဓိက ကူးစက်ဖြစ်ပွားရာ ဟူပေပြည်နယ် ပြင်ပမှာ ကြာသပတေးနေ့က အသစ်တွေ့ရှိတဲ့ ပိုးကူးစက်သူ ၂၅၈ ဦးအနက် ယင်းပြည်နယ်နှစ်ခုက အများစု ဖြစ်ခဲ့ပါတယ်။  

သြစတြေးလျမှာ အမျိုးသားတစ်ဦးက ဇနီးသည်နဲ့ ကလေး ၃ ဦးကို ကားထဲတွင် မီးရှို့သတ်မှု ဖြစ်ပွား

 

သြစတြေးလျနိုင်ငံမှာ ဇနီးဖြစ်သူနဲ့ ကလေး ၃ ဦးကို ကားထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့မှုနဲ့ ရပ်ဘီကစားသမားဟောင်း တစ်ဦးကို ရဲတပ်ဖွဲ့က သံသယရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုကို ၄င်းတိုကြုံတွေ့ ခဲ့ရတဲ့ အမှုတွေထဲမှ အဆိုးဝါးဆုံး အမှုတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ 

ဒီအမှုမှာ အသက် ၃ နှစ်၊ ၄ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးငယ် သုံးဦးကို ဆင်ခြေဖုံးလမ်းပေါ်က  ကားပေါ်မှာ မီးလောင်သေဆုံးလျက် တွေ့ရှိခဲ့ပြီး ၄င်းတို့ရဲ့မိခင် Hannah Clarke (အသက် ၃၁ နှစ်) ကတော့ မီးလောင်ဒဏ်ရာများနဲ့ Brisbane ဆေးရုံမှာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၉ ရက်နေ့) က သေဆုံးခဲ့ကြောင်း အရာရှိများက ပြောခဲ့ပါတယ်။

Subscribe to နိုင်ငံတကာ
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။