Skip to main content

H1N1 ကြောင့် သေဆုံးသူ (၁၀၂) ဦးအထိ ရှိလာ

တစ်နိုင်ငံလုံးတွင်သြဂုတ်လ (၂၃) ရက်အထိ H1N1 ကြောင့်သေဆုံးသူ (၁၀၂)ဦးအထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့သေဆုံးမှုများတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး သေဆုံးသူ (၆၆)ဦးအထိရှိကြောင်း သိရသည်။

အီးစီးကရက် တစ်ကြိမ်သောက်လျှင်တောင် သွေးကြောတွေ ဖောက်ပြန်သွားဟု သုတေသီများ ပြော

အီးစီးကရက် သောက်သုံးခြင်းဟာ နစ်ကိုတင်းဓာတ် မပါလျှင်တောင် နှလုံးသွေးကြောတွင်း လုပ်ဆောင်မှုတွေ အပေါ် သက်ရောက်ပြောင်းလဲစေနိုင်ပြီး တစ်ကြိမ်မျှ သောက်သုံးလျှင်တောင် ထိုသို့ပြောင်းလဲနိုင်ကြောင်း သတင်းရရှိပါတယ်။
အဆိုပါကောက်ချက်ကို ဓာတ်ရောင်ခြည်ကုသမှုဆိုင်ရာ ဆေးသိပ္ပံဂျာနယ် Radiology က သြဂုတ် ၂၃ ရက် က ထုတ်ပြန်ခဲ့ပါတယ်။ သုတေသနအတွက် ကျန်းမာပြီး ဆေးလိပ်မသောက်သူ လူ ၃၁ ယောက်ကို ၄င်းတို့က အီးစီးကရက် သောက်စေကာ မသောက်မီနဲ့ သောက်အပြီး အခြေအနေ နှစ်ရပ်စလုံးအတွက် MRI စကန် ရိုက်ယူခဲ့ပါတယ်။

ဘီပိုး၊ စီပိုးရောဂါဖြစ်ပွားသူ ၉၀ ရာခိုင်နှုန်းတွင် ၁၀ ရာခိုင်နှုန်းခန့်သာရောဂါရှိကြောင်း သိရှိကြဟု ဆို

မြန်မာနိုင်ငံတွင် ဘိပိုး၊စီပိုးရောဂါဖြစ်ပွားသူ ၉၀ ရာခိုင်နှုန်းတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ရောဂါရှိနေကြောင်း သိရှိကြသည်ဟု မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာခင်ပြုံးကြည်ကပြောသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သြဂုတ်လ ၂၂ ရက်ကကျင်းပသော အသည်းရောင်ရောဂါအကြောင်း ဟောပြောပွဲတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

HIV ပိုးကို မြန်မာနိုင်ငံ၏ထုတ်ကုန်အဖြစ် ပြန်လည်ရောင်းချရမည့်သဘောဖြစ်နေဟု ဆို

မြန်မာနိုင်ငံတွင် AIDS ရောဂါဖြစ်ပွားသူများပြားလာပြီး ယခုအခါ HIV ပိုးမှာ ထုတ်ကုန်အဖြစ် ပြန်လည်ရောင်းရမည့်သဘောဖြစ်နေကြောင်း ဒေါက်တာနေမျိုးအောင်က ပြောလိုက်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သြဂုတ်လ ၂၂ ရက်ကကျင်းပသော ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အပ်ပုန်းပြဿနာကြောင့် HIV ပိုးကူးစက်ခံနေရခြင်းဖြစ်ဟုဆို

မြန်မာနိုင်ငံတွင် အပ်ပုန်းပြဿနာကြီးမားနေသောကြောင့် HIV ပိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ဒေါက်တာနေမျိုးအောင်က ပြောသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် သြဂုတ်လ ၂၂ ရက်ကကျင်းပသော ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

H1N1 ကြောင့် သေဆုံးသူ ၉၆ ဦးအထိရှိလာ

မြန်မာနိုင်ငံတွင် H1N1 ရောဂါကြောင့် သေဆုံးသူမှာ သြဂုတ်လ (၁၆)ရက်အထိ (၉၆)ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ သေဆုံးမှုများတွင် ရန်ကုန်တိုင်းဒေသကြီးမှအများဆုံးဖြစ်ပြီး သေဆုံးသူ (၆၆)ဦးအထိရှိကြောင်း သိရသည်။

Subscribe to ကျန်းမာရေး
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။