Skip to main content

သူများအနုပညာကို ကိုယ့်အနုပညာလုပ်ခြင်းသည် အနုပညာစည်းဖောက်သူများဖြစ်ပြီး ကိုယ်ကျင့်တရားမကောင်းဟု ချစ်ဦးညို ပြော

သူများအနုပညာကို ကိုယ့်အနုပညာလုပ်ခြင်းသည် အနုပညာစည်း ဖောက်သည့် သူများဖြစ်ပြီး ကိုယ်ကျင့်တရားမကောင်းသူများဟုသာ သတ်မှတ်ကြောင်း စာရေးဆရာ ချစ်ဦးညို က အကုန်သိသတင်းဌာန ကို ပြောသည်။
လက်ရှိတွင် တရုတ်ဇာတ်လမ်းများ၊ အိန္ဒိယဇာတ်လမ်းများ ၊ထိုင်းဇာတ်လမ်းများကို မြန်မာမှု ပြန်လည်ပြု၍ ဇာတ်လမ်းရိုက်ကူးသူ များရှိသော်လည်း အချို့သော ရိုက်ကူးသူ၊ ဇာတ်ညွှန်းရေးသူများမှာ မြန်မာမှုပြုထားကြောင်း ၀န်ခံထားခြင်း မရှိကြောင်းသိရသည်။
“သူ့ဟာကို ကိုယ့်ဟာလုပ်တာ ဒီလူတွေကတော့ ကိုယ်ကျင့်တရားကင်းမဲ့ပြီးတော့ အနုပညာစည်းကို ဖောက်တဲ့သူတွေလို့မြင်တယ်။ ကိုယ်ကျင့်တရားမကောင်းဘူး’’ဟု စာရေးဆရာချစ်ဦးညိုက ပြောသည်။

"သရဲခြောက်တာ ဘယ်လိုကြီးလဲ သိချင်ရင် အိချောဆီ လာခဲ့ပါ" ဆိုတဲ့ အိချောပို

ရုပ်ရှင်သရုပ်ဆောင် အိချောပိုက သူမဟာ သရဲအခြောက်ခံရတာ အကြိမ်ပေါင်းမနည်းတော့ဘူးလို့ ပြောလိုက်ပြီး သရဲခြောက်တာဘယ်လိုကြီးလဲဆိုတာ သိချင်တဲ့ ပရိသတ်ရှိရင် သူ့ဆီလာပြီး လေ့လာနိုင်ပါတယ်ဆိုပြီး ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။
အိချောပိုဟာ တစ္ဆေပါလာပြီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာသရဲကြောက်တတ်တဲ့သူအနေနဲ့ သရုပ်ဆောင်ထားရပေမယ့် အရမ်းကြောက်တတ်တဲ့ အထဲမှာမပါသလို သရဲကတော့ ခဏခဏ အခြောက်ခဖူးတယ်လို့ ပြောပါတယ်။

တစ်လကို ဒေါ်လာ ၁၀၀ သာသုံးတဲ့ ခြိုးခြံချွေတာရေး မင်းသားကြီး ချောင်ယွန်ဖတ်က သူပိုင်ဆိုင်သမျှ ဒေါ်လာသန်း ၇၁၀ ကို လှူဒါန်းသွားမည်ဟုဆို

ဟောင်ကောင် နာမည်ကျော် မင်းသားကြီး ချောင်ယွန်ဖတ်ဟာ သူပိုင်ဆိုင်သမျှ ဒေါ်လာသန်း ၇၁၀ (ပေါင် ၅၄၃ သန်း) စလုံးကို လှူဒါန်းသွားဖို့  စီစဉ်နေကြောင်း တရုတ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ 

ဇာတ်ကားရိုက်ကူးမှုတွေနားပြီး စီးပွားရေးကိုပဲ လုပ်ဖြစ်နေတဲ့ နေမင်း

သရုပ်ဆောင်နေမင်းက ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ထုတ်လုပ်မှုတွေ ရှိနေပေမယ့် လက်ရှိမှာတော့ အနု ပညာထက် စီးပွားရေးကိုပဲ လုပ်ဖြစ်နေတယ်လို့ ပြောလာပါတယ်။
“ အခုလက်ရှိ အနုပညာမလုပ်ဘူး။ ဆောက်လုပ်ရေးလုပ်နေတယ်။ မင်းသားလုပ်ပြီးတော့ ကားရိုက်တွေ ခဏနားထားတဲ့ ကာလ ပေါ့ ရိုက်ထားတဲ့ ကားတွေရုံတင်ဖို့  စောင့်နေတဲ့ ကာလမှာ အစ်ကိုလတ်ရဲ့ ဆောက်လုပ်ရေးမှာ ၀င်ကူနေပါတယ်” လို့ နေမင်းက ပြောပါတယ်။
လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးဖို့ထက် ဇာတ်ကားရုံတင်မယ့် အချိန်ကို စောင့်ရင်း စီးပွားရေးလုပ်ဖြစ်နေတာလို့လည်း ပြောပါ တယ်။ 

မင်းသွေးရဲ့မပြီးပြတ်သေးတဲ့ အနုပညာလုပ်ငန်းတွေကို နေတိုး ဆက်လုပ်မယ်

ညီဖြစ်သူ မင်းသွေးကွယ်လွန်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ သရုပ်ဆောင် အကယ်ဒမီနေတိုးက သူ့ရဲ့ညီဖြစ်သူ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေ၊ မပြီးပြတ်သေးတဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်​မာနိုင်​ငံ ရုပ်​ရှင်​အစည်းအရုံး ( ၅၅ ) ကြိမ်​​မြောက်​ ရုပ်​ရှင်​ သက်​ကြီးပူ​ဇော်​ပွဲအခမ်းအနား

မြန်​မာနိုင်​ငံ ရုပ်​ရှင်​အစည်းအရုံး ( ၅၅ ) ကြိမ်​​မြောက်​ ရုပ်​ရှင်​ သက်​ကြီးပူ​ဇော်​ပွဲအခမ်းအနားကို အောက်​တိုဘာ ၁၃ ရက်​တွင်​ နှင်းဆီကုန်းဘိုးဘွားရိပ်​သာမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

Subscribe to အနုပညာ

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။