Skip to main content

ဆရာ/မ ဝန်ထမ်းအိမ်ရာလိုအပ်ချက်အပေါ် ပဲခူးတိုင်းဝန်ကြီးချုပ်၏ပြောစကားမှာ ပညာမဲ့ကြောင်း ဆရာ၊ ဆရာမများဝေဖန်

ဆရာ/မ ဝန်ထမ်းအိမ်ရာမရှိမှသာ ရပ်ထဲရွာထဲမှ ဒေသခံများနှင့်အိမ်ထောင်ကျပြီး ထွက်မသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၏ပြောစကားအပေါ် ဆရာ၊ ဆရာမများက ဝေဖန်နေကြသည်။

 “ဝန်ထမ်းအိမ်ရာမရှိတာကောင်းတယ်။ ဆရာဆရာမတွေ ရပ်ထဲရွာထဲမှာနေတော့ဒီကရွာသားတွေနဲ့ အိမ်ထောင်ကျ။အဲဒါမှထွက်မသွားမှာလေ။ နို့မို့ဆိုထွက်သွားမှာလေ။ အဲဒါဆိုဝန်ထမ်းလိုအပ်ချက်ဖြစ်ပြီ။ လူငယ်လေးတွေကလည်းရည်းစားစကားလိုက်ပြော။ ဟုတ်တယ်လေ။ဒါမှ မြဲမှာ။ကျန်းမာရေးလည်းဒီအတိုင်းပဲ” ဟု ပဲခူးတိုင်းဒေသကြီးဝန်ကြီချုပ် ဦးဝင်းသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။  

အခြေခံပညာ သင်ယူပြီးမြောက်ကြောင်းလက်မှတ်ကို ကျောင်းဖြေများသာ ရမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းဖြေများမှာ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ အခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်များရရှိမည်ဖြစ်သော်လည်း အပြင်ဖြေများမှာ ရမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။

ပညာရေးစနစ်သစ်ကြောင့် ကလေးများ ပြောရဲဆိုရဲလာကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ပြော 

ပညာရေးစနစ်သစ်ကြောင့် ကလေးများမှာကြောက်ရွံ့မှုကင်းမဲ့လာပြီး ပြောရဲဆိုရဲ၊ တီထွင်ကြံဆရဲလာကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောသည်။

B.Ed ဆင်း ဆရာ/မများမှာ အထက်တန်းဘာသာရပ်များကို ကျွမ်းကျင်စွာမသင်တတ်သဖြင့် ကျူရှင်ပြန်တက်ကြရဟု ဆို 

B.Ed ဆင်း မျိုးဆက်သစ် ဆရာ/ဆရာမများမှာ အထက်တန်းဘာသာရပ်များကို ကျွမ်းကျင်စွာမသင်တတ်သဖြင့် ကျူရှင်ပြန်တက်ကြရကြောင်း ဒေါက်တာဘိုင်အိုကပြောသည်။

ရန်ကုန်မြို့ရှိ City Hotel Yangon တွင် အောက်တိုဘာလ ၅ ရက်ကကျင်းပသည့် “ ကျူရှင်ယူမှ ကလေးက ပိုတော်မှာလား” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည့် ဒီဗီဘီဒီဘိတ်အစီအစဉ်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများနိုင်ငံရေးလုပ်ခြင်းကိုတားမြစ်သော ဆရာ/မများမှာ အများ၏ငြိုငြင်မှုကိုခံခဲ့ရကြောင်း ဦးကိုကိုကြီး ပြော 

၎င်းတို့ခေတ်တွင် ကျောင်းသားများနိုင်ငံရေးလုပ်ခြင်းကိုတားမြစ်သော ဆရာ/မများမှာ အများ၏ငြိုငြင်မှုကို ခံခဲ့ရကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောသည်။

အဝေးသင်ဒုတိယအသုတ်စာမေးပွဲဖြေဆိုမည့်ရက်ကို အောက်တိုဘာလ ၂၉ ရက်သို့ ရွှေ့ဆိုင်း 

အဝေးသင်ဒုတိယအသုတ်စာမေးပွဲစတင်ဖြေဆိုရမည့် အောက်တိုဘာလ ၂၈ ရက်သည် ဒိပါဝလီနေ့နှင့် တိုက်ဆိုင်နေသဖြင့် အောက်တိုဘာလ ၂၉ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ကြောင့် အဝေးသင် ဒုတိယအသုတ်စာမေးပွဲများကိုအောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးရှိအဝေးသင်ဌာနခွဲများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Subscribe to ပညာရေး
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။