Skip to main content

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရောင်းချမည့်မြေများအနက် မြေကွက် ၃ ခုကိုပြန်လည်ပယ်ဖျက်

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ရောင်းချမည့်မြေများအနက် မြေကွက် ၃ ခုမှာ စုပေါင်းတန်ဖိုးနည်းအိမ်ရာဖော်ဆောင်ရန်လျာထားသည့်အတွက် ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြန်လည်စတင်

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာနှုန်းပြည့်နီးပါးရပ်ဆိုင်းခဲ့ရသည့် တရုတ်-မြန်မာမူဆယ်နယ်စပ်ကုန်သွယ်ရေး ယနေ့(ဖေဖော်ဝါရီလ ၂၄ ရက်)တွင်ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

အမြင့်ဆုံးထီဆုကြီးများတွင် အက္ခရာမတူ၊ ဂဏန်းတူရုံဖြင့် ဆုငွေချီးမြှင့်ရေးသုံးသပ်ရန် စီစဉ်နေ

 

အမြင့်ဆုံးထီဆုကြီးများတွင် အက္ခရာမတူ၊ ဂဏန်းတူရုံဖြင့်ဆုငွေများချီးမြှင့်ရေးသုံးသပ်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

မြဝတီ-ကော့ကရိတ်လမ်းကြောင်းအတိုင်း ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့တိုက်ရိုက်ကုန်သွယ်မှုစတင်

 

မြဝတီကုန်သွယ်ရေးဇုန်တွင်အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ် လမ်းကြောင်းအတိုင်း ရန်ကုန်မြို့သီလဝါဆိပ်ကမ်းသို့တိုက်ရိုက်ကုန်သွယ်မှုကို ယခုလအတွင်းစတင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှ ကုန်ကြမ်းများ အချိန်မီ မရောက်ရှိလာပါက မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများ ယာယီ ပိတ်သိမ်းရမည်

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အချိန်မီရောက်ရှိရမည့် ကုန်ကြမ်းများ အချိန်မီမရောက်ရှိလာပါက အထည် ချုပ်လုပ်ငန်းများ ယာယီပိတ်သိမ်းရနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ်တွင် ဖေဖေါ်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထည်ချုပ်လုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရကခွင့်ပြုရင် Water Bus ကို ပြန်ပြေးဆွဲမယ်လို့ Yangon Water Bus ဥက္ကဋ္ဌပြော

 

“ ရန်ကုန်မှာ ပြေးဆွဲနေတဲ့ Water Bus တွေကို ပြန်လည်ပြေးဆွဲဖို့အတွက် အစိုးရက ခွင့်ပြုတာနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ငမိုးရိပ်ချောင်းပြင်ဆင်နေတာကြောင့် ပြီးတာနဲ့ ပြန်လည်ပြေးဆွဲသွားမှာဖြစ်တယ်လို့ “ Yangon Water Bus ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် က အကုန်သိသတင်းဌာနကို ပြောလာပါတယ်။

 

 

ရိုက်ကူး/မေးမြန်း - ကျော်ကြားဟိန်း၊မင်းသီဟန် ၊

တည်းဖြတ် - ရဲထက်

 

Unicode Version

 

Subscribe to စီးပွားရေး
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။