Skip to main content
ဇန္န၀ါရီေစ်းကြက္အတြင္း အုိေဇးလ္အား ေရာင္းခ်ရန္ အာဆင္နယ္အသင္း စဥ္းစားေန 
Ads Block

ဇန္န၀ါရီေစ်းကြက္အတြင္း အုိေဇးလ္အား ေရာင္းခ်ရန္ အာဆင္နယ္အသင္း စဥ္းစားေန 

အာဆင္နယ္အသင္းသည္ လာမည့္ ဇန္န၀ါရီေစ်းကြက္ကာလတြင္ ကြင္းလယ္ တုိက္စစ္ကစားသမား အုိေဇးလ္အား ေျပာင္းေရႊ႕ေၾကးပမာဏ ေလ်ာ့ခ်ကာ ေပါင္ ၂၅ သန္းျဖင့္ ေရာင္းခ်ရန္ စဥ္း စားေနေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။ ဂ်ာမနီကစားသမား အိုေဇးလ္သည္ မန္ေနဂ်ာ အမ္မရီ၏ ပထမပြဲထြက္ကစားသမားစာရင္းတြင္ ပါ၀င္ခြင့္ရရွိရန္ ႐ုန္းကန္ေနရသူျဖစ္ကာ အာဆင္နယ္အသင္း ေနာက္ဆံုး ကစားခဲ့သည့္ ၅ ပြဲတြင္ ပါ၀င္ကစားခြင့္ ရရွိခဲ့ျခင္းမရွိဘဲ လက္ရွိအခ်ိန္တြင္ ေက်ာဒဏ္ရာ ရရွိေနသူျဖစ္သည္။ အိုေဇးလ္ ပါ၀င္ႏုိင္ခဲ့ျခင္း မရွိသည့္ ၅ ပြဲတြင္ ႐ံႈးပြဲမရွိခဲ့ဘဲ ေလးပြဲအႏုိင္ရကာ တစ္ပြဲသေရက်ခဲ့သည္။ အသက္ ၃၀ ႏွစ္အရြယ္ရွိ အုိေဇးလ္သည္ အာဆင္နယ္အသင္းႏွင့္ ၂၀၂၁ ခုႏွစ္အထိ သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ ဆိုထားသူျဖစ္ကာ တစ္ပတ္လုပ္ခေငြအျဖစ္ ေပါင္ ၃၅၀၀၀၀ ရရွိေနကာ ကလပ္ သမိုင္းတစ္ေလွ်ာက္ လုပ္ခေငြအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ေနသူျဖစ္သည္။

ဇန္န၀ါရီေစ်းကြက္အတြင္း အုိေဇးလ္အား ေရာင္းခ်ရန္ အာဆင္နယ္အသင္း စဥ္းစားေန 

ေရွာ္လ္ကာ၊ ၀ါဒါဘရီမင္ႏွင့္ ရီးရဲမက္ဒရစ္အသင္းတို႔တြင္ ပါ၀င္ကစားခဲ့ဖူးသူ အုိေဇးလ္အား စီးရီးေအကလပ္ အင္တာမီလန္အသင္းက ေခၚယူရန္ စိတ္၀င္စားမႈရွိေနသည္ဟု ဆုိသည္။ အိုေဇးလ္၏ ေအးဂ်င့္ျဖစ္သူသည္ အေျပာင္းအေရႊ႕ ကိစၥႏွင့္ ပတ္သက္၍ မၾကာမီရက္ပိုင္းအတြင္း အီတလီသို႔ သြားေရာက္ကာ အင္တာမီလန္ အသင္းတာ၀န္ရွိသူမ်ားႏွင့္ ေဆြးေႏြးရန္ စီစဥ္ထားေၾကာင္း သတင္းမ်ားတြင္ ဆက္လက္ေရးသားထားသည္။ ကြင္းလယ္တိုက္စစ္ကစားသမား အုိေဇးလ္သည္ ယခုႏွစ္ေဘာလံုးရာသီတြင္ အာဆင္နယ္အတြက္ ၁၂ ပြဲ ကစားထားကာ ၄ ဂိုး သြင္းယူ ထားသူျဖစ္သည္။ အာဆင္နယ္တာ၀န္ရွိသူမ်ားက အုိေဇးလ္အား ေရာင္းခ်ရမႈမွ ရရွိလာမည့္ ေငြေၾကးကို စပိန္ကလပ္ အက္စပန္ေညာ္အသင္းမွ ဗဟိုခံစစ္မွဴး မာရီယိုဟာမိုဆိုအား ေခၚယူေရးတြင္ အသံုးျပဳရန္ ရည္ရြယ္ထားသည္ဟု ဆုိသည္။ အသက္ ၂၃ ႏွစ္အရြယ္ရွိ စပိန္ကစားသမား ဟာမိုဆုိႏွင့္ အက္စပန္ေညာ္အသင္းတို႔ ခ်ဳပ္ဆုိထားသည့္ စာခ်ဳပ္တြင္ ဟာမိုဆုိအား ေခၚယူလိုသည့္အသင္းမ်ားအေနျဖင့္ ေျပာင္း ေရႊ႕ေၾကးအျဖစ္ ေပါင္ ၃၅ သန္းေပးေခ်ရမည္ဆုိသည့္အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုထားသည္။

Unicode version

ဇန်နဝါရီဈေးကွက်အတွင်း အိုဇေးလ်အား ရောင်းချရန် အာဆင်နယ်အသင်း စဉ်းစားနေ 

အာဆင်နယ်အသင်းသည် လာမည့် ဇန်နဝါရီဈေးကွက်ကာလတွင် ကွင်းလယ် တိုက်စစ်ကစားသမား အိုဇေးလ်အား ပြောင်းရွှေ့ကြေးပမာဏ လျော့ချကာ ပေါင် ၂၅ သန်းဖြင့် ရောင်းချရန် စဉ်း စားနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ဂျာမနီကစားသမား အိုဇေးလ်သည် မန်နေဂျာ အမ်မရီ၏ ပထမပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်ခွင့်ရရှိရန် ရုန်းကန်နေရသူဖြစ်ကာ အာဆင်နယ်အသင်း နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲတွင် ပါဝင်ကစားခွင့် ရရှိခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်တွင် ကျောဒဏ်ရာ ရရှိနေသူဖြစ်သည်။ အိုဇေးလ် ပါဝင်နိုင်ခဲ့ခြင်း မရှိသည့် ၅ ပွဲတွင် ရှုံးပွဲမရှိခဲ့ဘဲ လေးပွဲအနိုင်ရကာ တစ်ပွဲသရေကျခဲ့သည်။ အသက် ၃၀ နှစ်အရွယ်ရှိ အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ချုပ် ဆိုထားသူဖြစ်ကာ တစ်ပတ်လုပ်ခငွေအဖြစ် ပေါင် ၃၅၀၀၀၀ ရရှိနေကာ ကလပ် သမိုင်းတစ်လျှောက် လုပ်ခငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။ ရှော်လ်ကာ၊ ဝါဒါဘရီမင်နှင့် ရီးရဲမက်ဒရစ်အသင်းတို့တွင် ပါဝင်ကစားခဲ့ဖူးသူ အိုဇေးလ်အား စီးရီးအေကလပ် အင်တာမီလန်အသင်းက ခေါ်ယူရန် စိတ်ဝင်စားမှုရှိနေသည်ဟု ဆိုသည်။ အိုဇေးလ်၏ အေးဂျင့်ဖြစ်သူသည် အပြောင်းအရွှေ့ ကိစ္စနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း အီတလီသို့ သွားရောက်ကာ အင်တာမီလန် အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်သည် ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အတွက် ၁၂ ပွဲ ကစားထားကာ ၄ ဂိုး သွင်းယူ ထားသူဖြစ်သည်။ အာဆင်နယ်တာဝန်ရှိသူများက အိုဇေးလ်အား ရောင်းချရမှုမှ ရရှိလာမည့် ငွေကြေးကို စပိန်ကလပ် အက်စပန်ညော်အသင်းမှ ဗဟိုခံစစ်မှူး မာရီယိုဟာမိုဆိုအား ခေါ်ယူရေးတွင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ အသက် ၂၃ နှစ်အရွယ်ရှိ စပိန်ကစားသမား ဟာမိုဆိုနှင့် အက်စပန်ညော်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်တွင် ဟာမိုဆိုအား ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပြောင်း ရွှေ့ကြေးအဖြစ် ပေါင် ၃၅ သန်းပေးချေရမည်ဆိုသည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားသည်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။