Skip to main content
ရမ္းၿဗဲၿမိဳ႕နယ္၌ ေက်ာင္းဆရာမ ၁ ဦး လည္ပင္းညိဳမဲ၊ ပါးစပ္/မအဂၤါ ေသြးထြက္ဒဏ္ရာမ်ားျဖင့္အသတ္ခံရ 
Ads Block

ရမ္းၿဗဲၿမိဳ႕နယ္၌ ေက်ာင္းဆရာမ ၁ ဦး လည္ပင္းညိဳမဲ၊ ပါးစပ္/မအဂၤါ ေသြးထြက္ဒဏ္ရာမ်ားျဖင့္အသတ္ခံရ 

ရခိုင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္တြင္ ေက်ာင္းဆရာမ ၁ ဦးေသဆံုးမႈႏွင့္ပတ္သက္ၿပီး တရားခံဟုယူဆရသူကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၀ ရက္၊ မြန္းလြဲ ၂ နာရီခြဲခန႔္တြင္ ရမ္းၿဗဲၿမိဳ႕နယ္၊ အခြ်န္ျပင္ေက်းရြာအနီး၊ လမ္းေဘးေခ်ာက္အတြင္း၌ ေစရင္းေက်း႐ြာေန မ-----၊ (၂၇)ႏွစ္မွာ လည္ပင္းညိဳမဲ၊ ပါးစပ္/မအဂၤါ ေသြးထြက္ဒဏ္ရာမ်ားႏွင့္ေသဆုံးေနသျဖင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ယင္းေန႔ နံနက္ ၉ နာရီခန္႔ေက်ာင္းတက္ခ်ိန္၌ ေသဆံုးသူသည္ ၎ေနထိုင္ရာေက်းရြာမွ (၃) မိုင္ခန္႔အကြာရွိ ေတာင္႐ြာေက်း႐ြာ မူလတန္းေက်ာင္းသို႔စာသင္ရန္ ေျခလ်င္သြားေရာက္ခဲ့ေၾကာင္း၊ သို႔ေသာ္ ေန႔ခင္း ၁၂ နာရီအခ်ိန္ထိေက်ာင္းသို႔ေရာက္ရွိလာျခင္းမရွိသည့္အတြက္ေၾကာင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚစႏၵမွ ၎၏ဖခင္ဦးေအးေ႐ႊထံ အေၾကာင္းၾကားၿပီး လိုက္လံရွာေဖြရာမွ ေနအိမ္ႏွင့္ (၁)မိုင္ခန္႔အကြာ ေခ်ာက္ထဲ၌ ယခုလိုအေလာင္းအား ေတြ႕ရွိခဲ့၍တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
“တရားခံလို႔ယူဆရသူတစ္ေယာက္ကိုေတာ့ မိထားၿပီျဖစ္တဲ့အတြက္ ဒီကၿမိဳ႕နယ္မွဴးအပါအ၀င္ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အထူးအမႈစစ္အဖြဲ႔ဖြဲ႔စည္းထားတာျဖစ္ပါတယ္။ အခုအဲဒီအဖြဲ႔ကသြားေရာက္စစ္ေဆးေနတာေပါ့။ သိပ္မၾကာခင္အခ်ိန္မွာ သိရပါမယ္။ ေသဆံုးသူဆရာမဟာလည္ပင္းညိဳမဲ၊ ပါးစပ္/မအဂၤါ ေသြးထြက္ ဒဏ္ရာေတြနဲ႔ အသတ္ခံရတာျဖစ္ပါတယ္။ အဓမၼျပဳက်င့္ခံရတာျဖစ္ႏိုင္မလားဆိုတာကေတာ့ အမႈစစ္ဆရာ၀န္ေတြဆီက အတည္ျပဳခ်က္ေဆးစာရရွိလာတဲ့အခါမွ ေျပာဆိုႏိုင္မယ္ခင္ဗ်” ဟု ရမ္းၿဗဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ေရးမွဴးရံုးမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ယေန႔(ဒီဇင္ဘာလ ၁၁ ရက္) ေ႔လယ္ ၂ နာရီခြဲခန္႔တြင္ ေျပာသည္။ 
အေလာင္းကို ရမ္းၿဗဲျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး အမႈႏွင့္ပတ္သက္၍ ရမ္းၿဗဲၿမိဳ႕နယ္ရွိ ေလးေတာင္ နယ္ေျမရဲစခန္း၌ (ပ) ၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္ အခင္းျဖစ္သည့္ေန႔ကတည္းက အမႈဖြင့္ထားေၾကာင္း သိရသည္။
ဓာတ္ပံု - ေက်ာက္ျဖဴၿမိဳ႕နယ္သတင္းအဖြဲ႔

- ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode version

ရမ်းဗြဲမြို့နယ်၌ ကျောင်းဆရာမ ၁ ဦး လည်ပင်းညိုမဲ၊ ပါးစပ်/မအင်္ဂါ သွေးထွက်ဒဏ်ရာများဖြင့်အသတ်ခံရ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ကျောင်းဆရာမ ၁ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး တရားခံဟုယူဆရသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရမ်းဗြဲမြို့နယ်၊ အချွန်ပြင်ကျေးရွာအနီး၊ လမ်းဘေးချောက်အတွင်း၌ စေရင်းကျေးရွာနေ မ-----၊ (၂၇)နှစ်မှာ လည်ပင်းညိုမဲ၊ ပါးစပ်/မအင်္ဂါ သွေးထွက်ဒဏ်ရာများနှင့်သေဆုံးနေသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၉ နာရီခန့်ကျောင်းတက်ချိန်၌ သေဆုံးသူသည် ၎င်းနေထိုင်ရာကျေးရွာမှ (၃) မိုင်ခန့်အကွာရှိ တောင်ရွာကျေးရွာ မူလတန်းကျောင်းသို့စာသင်ရန် ခြေလျင်သွားရောက်ခဲ့ကြောင်း၊ သို့သော် နေ့ခင်း ၁၂ နာရီအချိန်ထိကျောင်းသို့ရောက်ရှိလာခြင်းမရှိသည့်အတွက်ကြောင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒမှ ၎င်း၏ဖခင်ဦးအေးရွှေထံ အကြောင်းကြားပြီး လိုက်လံရှာဖွေရာမှ နေအိမ်နှင့် (၁)မိုင်ခန့်အကွာ ချောက်ထဲ၌ ယခုလိုအလောင်းအား တွေ့ရှိခဲ့၍တိုင်ကြားခဲ့ကြောင်း သိရသည်။
“တရားခံလို့ယူဆရသူတစ်ယောက်ကိုတော့ မိထားပြီဖြစ်တဲ့အတွက် ဒီကမြို့နယ်မှူးအပါအဝင် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အခုအဲဒီအဖွဲ့ကသွားရောက်စစ်ဆေးနေတာပေါ့။ သိပ်မကြာခင်အချိန်မှာ သိရပါမယ်။ သေဆုံးသူဆရာမဟာလည်ပင်းညိုမဲ၊ ပါးစပ်/မအင်္ဂါ သွေးထွက် ဒဏ်ရာတွေနဲ့ အသတ်ခံရတာဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရတာဖြစ်နိုင်မလားဆိုတာကတော့ အမှုစစ်ဆရာဝန်တွေဆီက အတည်ပြုချက်ဆေးစာရရှိလာတဲ့အခါမှ ပြောဆိုနိုင်မယ်ခင်ဗျ” ဟု ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်) ေ့လယ် ၂ နာရီခွဲခန့်တွင် ပြောသည်။ 
အလောင်းကို ရမ်းဗြဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အမှုနှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ်ရှိ လေးတောင် နယ်မြေရဲစခန်း၌ (ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အခင်းဖြစ်သည့်နေ့ကတည်းက အမှုဖွင့်ထားကြောင်း သိရသည်။
ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်သတင်းအဖွဲ့

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။