Skip to main content
ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း ပထမအဆင့္တြင္ သေဘၤာေက်ာက္ခ်လုပ္ငန္းႏွင့္ ဆိပ္ခံတံတားႏွစ္ခု တည္ေဆာက္မည္
Ads Block

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း ပထမအဆင့္တြင္ သေဘၤာေက်ာက္ခ်လုပ္ငန္းႏွင့္ ဆိပ္ခံတံတားႏွစ္ခု တည္ေဆာက္မည္

ရခိုင္ျပည္နယ္ ရွိ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းေဆာင္ရြက္မႈ  ပထမအဆင့္တြင္ သေဘၤာ ေက်ာက္ခ်လုပ္ငန္းႏွင့္ ဆိပ္ခံ တံတားႏွစ္ခု တည္ေဆာက္သြားမည္ျဖစ္ၿပီး ယင္းအတြက္ ကုန္က်ေငြကို ကန္ေဒၚလာ ၁ ဒႆမ ၃ ဘီလ်ံထက္ မေက်ာ္ေအာင္ သံုးစြဲသြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းစီမံကိ္န္းကို EIA/SIA လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီးစီးပါက စီမံကိန္းပထမအဆင့္ကို စတင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ EIA/SIA လုပ္ငန္းမ်ား ေဆာင္ရြက္ရန္အတြက္ ႏွစ္ႏိုင္ငံသေဘာတူလက္မွတ္ေရးထိုးထားၿပီး ၂၀၁၉ ခုႏွစ္တြင္ လုပ္ငန္းမ်ား စတင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“အခုက EIA/SIA လုပ္ဖို႔ျပင္ေနၿပီ။ EIA/SIA လုပ္တာက အခ်ိန္တစ္ႏွစ္ခြဲေလာက္ေတာ့ ၾကာမယ္။ အဲဒါၿပီးရင္ေတာ့ စီမံကိန္းပထမအဆင့္က စလို႔ရပါၿပီ။ စီမံကိန္းပထမ အဆင့္စၿပီဆိုတာနဲ႔ ရင္းႏွီးျမွပ္ႏွံမႈကို ဖိတ္ေခၚသြားမယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေအာင္ထူး က ေျပာသည္။
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံကိန္းတြင္ ရွယ္ယာပါဝင္မႈႏႈန္းမွာ တရုတ္မွ ၇၀ ရာခိုင္ႏႈန္း ႏွင့္ ျမန္မာမွ ၃၀ ရာခိုင္ႏႈန္းျဖစ္ၿပီး စီမံကိန္းပထမအဆင့္စတင္ပါက ျမန္မာဘက္မွ အက်ိဳးခံစားခြင့္ကို စတင္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္းသည္ One Belt One Road တြင္ ပါဝင္ေနၿပီး စီမံကိန္းၿပီးဆံုးပါက တန္ခ်ိန္ျမင့္သေဘၤာမ်ားဆိုက္ကပ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

 - စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

ကျောက်ဖြူရေနက်ဆိပ်ကမ်း ပထမအဆင့်တွင် သင်္ဘောကျောက်ချလုပ်ငန်းနှင့် ဆိပ်ခံတံတားနှစ်ခု တည်ဆောက်မည်

ရခိုင်ပြည်နယ် ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်မှု  ပထမအဆင့်တွင် သင်္ဘော ကျောက်ချလုပ်ငန်းနှင့် ဆိပ်ခံ တံတားနှစ်ခု တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျငွေကို ကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလျံထက် မကျော်အောင် သုံးစွဲသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကို EIA/SIA လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက စီမံကိန်းပထမအဆင့်ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် EIA/SIA လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားပြီး ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းများ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုက EIA/SIA လုပ်ဖို့ပြင်နေပြီ။ EIA/SIA လုပ်တာက အချိန်တစ်နှစ်ခွဲလောက်တော့ ကြာမယ်။ အဲဒါပြီးရင်တော့ စီမံကိန်းပထမအဆင့်က စလို့ရပါပြီ။ စီမံကိန်းပထမ အဆင့်စပြီဆိုတာနဲ့ ရင်းနှီးမြှပ်နှံမှုကို ဖိတ်ခေါ်သွားမယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရှယ်ယာပါဝင်မှုနှုန်းမှာ တရုတ်မှ ၇၀ ရာခိုင်နှုန်း နှင့် မြန်မာမှ ၃၀ ရာခိုင်နှုန်းဖြစ်ပြီး စီမံကိန်းပထမအဆင့်စတင်ပါက မြန်မာဘက်မှ အကျိုးခံစားခွင့်ကို စတင်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် One Belt One Road တွင် ပါဝင်နေပြီး စီမံကိန်းပြီးဆုံးပါက တန်ချိန်မြင့်သင်္ဘောများဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 - စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။