Skip to main content
Ads Block






Unicode version

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကိုရီးယားရုပ်ရှင်ပွဲတော်ကို ပရိသတ်အသည်းစွဲ F 4 မင်းသမီး တက်ရောက်မယ် 

မြန်မာနိုင်ငံမှာ  ကျင်းပတော့မယ့် ကိုရီးယားရုပ်ရှင်ပွဲတော်အတွက်  မြန်မာပြည်သူတွေ အသည်းစွဲဖြစ်တဲ့ F 4 ကိုရီးယား ဇာတ်လမ်းတွဲ Boys Over Flower ထဲက မင်းသမီးဖြစ်သူ   ဂူဟေဆန်း  တက်ရောက်ဖို့ သေချာနေပါပြီလို့ မြန်မာ-ကိုရီးယား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ မှ ဥက္ကဠ ဦးသက်လွင်တိုး က ပြောပါတယ်။  
လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်က F4 ကိုရီးယား ဇာတ်လမ်းတွဲကို မြန်မာပြည်သူတွေ အသည်းအသန် စွဲလမ်းခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေပါ။
ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်အထိ ရန်ကုန်မြို့မှာ ကျင်းပမယ့် မြန်မာ-ကိုရီးယား ရုပ်ရှင်ပွဲတော်အတွက် ဖိတ်ကြားခဲ့တဲ့ အတွက် မြန်မာပြည်ကို လာရောက် တော့မှာဖြစ်ပါတယ်။ သူမကတော့ မြန်မာပရိသတ်တွေနဲ့လည်း မစိမ်းခဲ့ပါဘူး။  ကိုရီးယား ရုပ်ရှင်စွဲလန်းသူများနဲ့ ကိုရီးယား မင်းသား မင်းသမီးတွေကို ချစ်ကြတဲ့ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ ခဲ့တဲ့ F4 ကားမှာ သရုပ်ဆောင်တဲ့ မင်းသမီး ဂူဟေဆန်း ဟာ မြန်မာပြည်ကို ရောက်ရှိတော့မှာပါ။
’’ကိုရီးယားဘက်က နာမည်ကျော် မင်းသားနဲ့ မင်းသမီးနဲ့လာမယ် ။ ဖွင့်ပွဲကို တော့ မြို့တော်ခန်းမရှေ့မှာ လျာထားပါတယ်’’လို့ ဦးသက်လွင်တိုး က ပြောပါတယ်။ 
ဒါ့အပြင်  ကိုရီးယားရုပ်ရှင်ကားသုံးကားနဲ့ မြန်မာရုပ်ရှင်ကားတွေကိုလည်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး မှာ ပြသပေးသွားမယ့်အပြင်  ရုပ်ရှင်ရုံများတွင်လည်း ပြသနိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးသက်လွင်တိုး က ပြောပြပါတယ်။
ဒါ့အပြင် ၂၀၁၉ မှာ ကျင်းပမယ့် Korea Days ကို လည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရှိုးပွဲများတွေ၊ အလှကုန်ပစ္စည်းများတွေ၊ ဟောပြောပွဲတွေနဲ့ ပရိုမိုးရှင်း အစီအစဉ်များကို လည်း ပြုလုပ်သွားမယ့် အစီအစီတွေ လည်းရှိတယ်လို့ ဆိုပါတယ်။ 

 - ယဉ်ယဉ်လှ(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။