Skip to main content
အျမင္မေတာ္သည့္ ဆန္ခါကြက္ဇာ၀တ္စုံေၾကာင့္ အီဂ်စ္ရုပ္ရွင္မင္းသမီး တရားစြဲခံရ 
Ads Block

အျမင္မေတာ္သည့္ ဆန္ခါကြက္ဇာ၀တ္စုံေၾကာင့္ အီဂ်စ္ရုပ္ရွင္မင္းသမီး တရားစြဲခံရ 

အီဂ်စ္နာမည္ေက်ာ္ ရုပ္ရွင္မင္းသမီးတစ္ဦးဟာ အႀကိမ္ ၄၀ ေျမာက္ ကုိင္ရုိရုပ္ရွင္ပြဲေတာ္ အခမ္းအနားတက္ေရာက္လာရာမွာ အတြင္းပုိင္းကုိ အတုိင္းသားျမင္ေနရတဲ့ ပြဲတက္၀တ္စုံ ၀တ္ဆင္လာခဲ့တာေၾကာင့္ ကာမရာဂလႈံေဆာ္မႈစြဲခ်က္နဲ ့တရားစြဲဆုိခံရကာ ေနာက္လမွာ တရားရင္ဆုိင္ရာေတာ့မွာ ျဖစ္ေၾကာင္း ႏုိင္ငံပုိင္ Al-Ahram Gate သတင္းစာက ဒီဇင္ဘာ ၁ ရက္ေန ့မွာ ေဖာ္ျပခဲ့ပါတယ္။ 
မင္းသမီး ရာနီယာ ယူဆက္ဖ္ကေတာ့ သူမ ေရြးခ်ယ္ခဲ့တဲ့ ဒီ၀တ္စုံအတြက္ ေဒါသျဖစ္ခဲ့ရတဲ့ မိသားစုေတြကုိ ေတာင္းပန္ပါေၾကာင္း ဆုိခဲ့ကာ သူ ့အေနနဲ ့ ၀တ္စုံဟာ အဲဒီေလာက္ ဆုိးဆုိး၀ါး၀ါး ေဒါသသင့္စရာျဖစ္သြားလိမ့္မယ္လုိ ့ မေမွ်ာ္လင့္ခဲ့ေၾကာင္း တြစ္တာကေန ေတာင္းပန္စကား ေျပာခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ေလးစား ဂုဏ္ယူဖြယ္ရာ ျဖစ္ရမယ့္ မင္းသမီးတစ္ဦးအေနနဲ ့ မိမိ ထပ္မံေတာင္းပန္လုိပါေၾကာင္း၊ မိမိမွာ ေကာင္းမြန္တဲ့ ရည္ရြယ္မႈေတြသာရွိၿပီး ဘယ္သူတစ္ဦးတစ္ေယာက္ကုိမွ် ေဒါသျဖစ္ေစလုိတဲ့ ဆႏၵမရွိပါေၾကာင္းနဲ ့မိမိကုိ အားလုံးက နည္းလည္ေပးလိမ့္မယ္လုိ ့ ေမွ်ာ္လင့္ပါေၾကာင္း ယူဆက္ဖ္က ေျပာဆုိသြားပါတယ္။ 

အျမင္မေတာ္သည့္ ဆန္ခါကြက္ဇာ၀တ္စုံေၾကာင့္ အီဂ်စ္ရုပ္ရွင္မင္းသမီး တရားစြဲခံရ 

ၾကာသာပေတးေန ့က ရုပ္ရွင္ပြဲေတာ္ ပိတ္ပြဲအခမ္းအနားကုိ ဇာ၀တ္စုံအနက္နဲ ့မင္းသမီးတက္ေရာက္လာစဥ္ အခုလုိ အမ်ား ေ၀ဖန္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။ ယူဆက္ဖ္ဟာ ေအာက္ခံအသားကပ္၀တ္စုံအနက္ေပၚကေန ပါးလႊာတဲ့ အနက္ေရာင္ ဆန္ကာကြက္ေဖာ္ ဇာ၀တ္စုံနဲ ့ ပြဲတက္ခဲ့တာျဖစ္ပါတယ္။ ယင္းဇာပါး၀တ္စုံေၾကာင့္ သူမရဲ ့တင္နဲ ့ေပါင္ရင္းေနရာအထိ အတုိင္းသား ေဖာ္ထားသလုိျဖစ္ခဲ့ပါတယ္။ အသက္ ၄၄ ႏွစ္အရြယ္ မင္းသမီးကုိ ကာမရာဂလႈံေဆာ္မႈနဲ ့ေရွ ့ေနမ်ားစြာက တရားစြဲဆုိခဲ့ပါတယ္။ AFP သတင္းရဲ ့အဆုိအရ ယင္း စြဲခ်က္အတြက္ ျပစ္မႈထင္ရွားရင္ မင္းသမီးအေနနဲ ့ ေထာင္ဒဏ္ ၅ ႏွစ္အထိ က်ခံရႏုိင္ေၾကာင္း သိရပါတယ္။ 

အျမင္မေတာ္သည့္ ဆန္ခါကြက္ဇာ၀တ္စုံေၾကာင့္ အီဂ်စ္ရုပ္ရွင္မင္းသမီး တရားစြဲခံရ 

မင္းသမီးရဲ ့၀တ္စုံနဲ ့ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ အျမင္ႏွစ္မ်ဳိးကြဲ မွတ္ခ်က္ေပးမႈေတြရွိခဲ့ကာ အခ်ဳိ ့က သူမကုိ ေ၀ဖန္ခဲ့ၾကၿပီး အခ်ဳိ ့ကေတာ့ သူမႀကိဳက္ရာ ၀တ္ဆင္တာဟာ သူမရဲ ့ အခြင့္အေရးျဖစ္တယ္လုိ ့ ကာကြယ္ေျပာဆုိခဲ့ၾကပါတယ္။

 - ကိုလင္း (အကုန္သိသတင္းဌာန)

Unicode version

အမြင်မတော်သည့် ဆန်ခါကွက်ဇာဝတ်စုံကြောင့် အီဂျစ်ရုပ်ရှင်မင်းသမီး တရားစွဲခံရ 

အီဂျစ်နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ဦးဟာ အကြိမ် ၄၀ မြောက် ကိုင်ရိုရုပ်ရှင်ပွဲတော် အခမ်းအနားတက်ရောက်လာရာမှာ အတွင်းပိုင်းကို အတိုင်းသားမြင်နေရတဲ့ ပွဲတက်ဝတ်စုံ ဝတ်ဆင်လာခဲ့တာကြောင့် ကာမရာဂလှုံဆော်မှုစွဲချက်နဲ့တရားစွဲဆိုခံရကာ နောက်လမှာ တရားရင်ဆိုင်ရာတော့မှာ ဖြစ်ကြောင်း နိုင်ငံပိုင် Al-Ahram Gate သတင်းစာက ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ 
မင်းသမီး ရာနီယာ ယူဆက်ဖ်ကတော့ သူမ ရွေးချယ်ခဲ့တဲ့ ဒီဝတ်စုံအတွက် ဒေါသဖြစ်ခဲ့ရတဲ့ မိသားစုတွေကို တောင်းပန်ပါကြောင်း ဆိုခဲ့ကာ သူ့အနေနဲ့ ဝတ်စုံဟာ အဲဒီလောက် ဆိုးဆိုးဝါးဝါး ဒေါသသင့်စရာဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း တွစ်တာကနေ တောင်းပန်စကား ပြောခဲ့ပါတယ်။ ပရိသတ်တွေအတွက် လေးစား ဂုဏ်ယူဖွယ်ရာ ဖြစ်ရမယ့် မင်းသမီးတစ်ဦးအနေနဲ့ မိမိ ထပ်မံတောင်းပန်လိုပါကြောင်း၊ မိမိမှာ ကောင်းမွန်တဲ့ ရည်ရွယ်မှုတွေသာရှိပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ဒေါသဖြစ်စေလိုတဲ့ ဆန္ဒမရှိပါကြောင်းနဲ့မိမိကို အားလုံးက နည်းလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ယူဆက်ဖ်က ပြောဆိုသွားပါတယ်။ 
ကြာသာပတေးနေ့က ရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဇာဝတ်စုံအနက်နဲ့မင်းသမီးတက်ရောက်လာစဉ် အခုလို အများ ဝေဖန်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ယူဆက်ဖ်ဟာ အောက်ခံအသားကပ်ဝတ်စုံအနက်ပေါ်ကနေ ပါးလွှာတဲ့ အနက်ရောင် ဆန်ကာကွက်ဖော် ဇာဝတ်စုံနဲ့ ပွဲတက်ခဲ့တာဖြစ်ပါတယ်။ ယင်းဇာပါးဝတ်စုံကြောင့် သူမရဲ့တင်နဲ့ပေါင်ရင်းနေရာအထိ အတိုင်းသား ဖော်ထားသလိုဖြစ်ခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် မင်းသမီးကို ကာမရာဂလှုံဆော်မှုနဲ့ရှေ့နေများစွာက တရားစွဲဆိုခဲ့ပါတယ်။ AFP သတင်းရဲ့အဆိုအရ ယင်း စွဲချက်အတွက် ပြစ်မှုထင်ရှားရင် မင်းသမီးအနေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရပါတယ်။ 
မင်းသမီးရဲ့ဝတ်စုံနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ အမြင်နှစ်မျိုးကွဲ မှတ်ချက်ပေးမှုတွေရှိခဲ့ကာ အချို့က သူမကို ဝေဖန်ခဲ့ကြပြီး အချို့ကတော့ သူမကြိုက်ရာ ဝတ်ဆင်တာဟာ သူမရဲ့ အခွင့်အရေးဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ကြပါတယ်။

 - ကိုလင်း (အကုန်သိသတင်းဌာန)

Ref: Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။