Skip to main content
ဒမ္ဘီလီ
Ads Block

ဇန္န၀ါရီေစ်းကြက္မွာ အသင္းကေန ထြက္ခြင့္ေပးဖုိ ့ဘာစီလုိနာဘုတ္အဖြဲ ့ထံ ဒမ္ဘီလီ တင္ျပထားတယ္လုိ ့ဆုိ

ဇန္န၀ါရီအေျပာင္းအေရႊ ့ကာလမွာ အသင္းကေနထြက္ခြာခြင့္ေပးဖုိ ့အတြက္ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဒမ္ဘီလီက ဘာစီလုိနာအသင္းဆီကုိ ေတာင္းဆုိလုိက္တယ္လုိ ့ႏုိင္ငံတကာအားကစားမီဒီယာေတြက ေဖာ္ျပလုိက္ပါတယ္။ 

ဘာစီလုိနာအသင္းရဲ ့ေလ့က်င့္ေရးအစီအစဥ္ေတြကုိ မၾကာခဏေနာက္က်တဲ့အျပင္ အသင္းနဲ ့ပူးေပါင္းလုပ္ေဆာင္မႈေတြ အားနည္းေနတယ္လုိ ့မၾကာခဏ ေ၀ဖန္ခံေနရတဲ့ ဒမ္ဘီလီဟာ ဘာစီလုိနာအသင္းရဲ ့ပထမ (၁၁) ဦးစာရင္းမွာ ေနရာေပးမခံရတာေတြေၾကာင့္လည္း အသင္းကေနထြက္ခြာခ်င္ေနတာျဖစ္တယ္လုိ ့ဆုိပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္သာ ရွိေသးတဲ့ လူငယ္ၾကယ္ပြင့္ကစားသမားျဖစ္သူ ဒမ္ဘီလီဟာ ဘာစီလုိနာအသင္းဆီကုိ ယူရုိ ၁၀၅ သန္းနဲ ့၂၀၁၇ ခုႏွစ္မွာ ေဒါ့မြန္ကေန ေျပာင္းေရႊ ့ေရာက္ရွိခဲ့တာျဖစ္ျပီး အသင္းမွာ အထိုင္မက်မႈနဲ ့အတူ ခက္ခဲတဲ့ရာသီေတြကုိ ျဖတ္သန္းေနရတာလည္း ျဖစ္ပါတယ္။ အျခားတစ္ဖက္မွာေတာ့ ဘာစီလုိနာဘုတ္အဖြဲ ့ကလည္း ျပင္သစ္လိဂ္ ပီအက္ဂ်ီဆီကုိ ေရာင္းခ်လုိက္ရတဲ့ ေနလ္မာကုိ ျပန္လည္ေခၚယူသြားခ်င္တဲ့ဆႏၵေတြျဖစ္ေနသလုိ ဒမ္ဘီလီအတြက္ကေတာ့ ေနရာမရေတာ့မယ့္အေနအထားနဲ ့ၾကဳံလာရတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဘာစီလုိနာဘုတ္အဖြဲ ့ဆီကုိ ဒမ္ဘီလီက စာတင္ျပီးအသိေပးခဲ့တာျဖစ္တယ္လုိ ့Goal က ေရးသားေဖာ္ျပပါတယ္။ ဒမ္ဘီလီကုိ ဇန္န၀ါရီေစ်းကြက္အဖြင့္မွာ ၀ယ္ယူခ်င္တဲ့အသင္းေတြမ်ားစြာရွိေနသလုိ ဒီအထဲကမွ ပရီးမီးယားလိဂ္ကလပ္ေတြက ဒမ္ဘီလီအတြက္ စိတ္၀င္စားစရာအေကာင္းဆုံး ကလပ္ေတြျဖစ္ေနတယ္လုိ့ လည္း ေထာက္ျပပါတယ္။ Goal ရဲ ့အဆုိအရ ေအာက္တုိဘာလကတည္းက ဒမ္ဘီလီအတြက္ ဘာစီလုိနာအသင္းက စဥ္းစားထားခဲ့ပုံရသလုိ ေစ်းကြက္မွာ တင္ေရာင္းဖုိ ့အတြက္ ေစ်းကစားေတာ့မွာလည္း ျဖစ္တယ္လုိ ့ဆုိပါတယ္။

ဒီရာသီအတြင္း လာလီဂါမွာ ၇ ပြဲသာ ကစားထားရေသးတဲ့ ဒမ္ဘီလီကုိေတာ့ ပရီးမီးယားလိဂ္ကလပ္  လီဗာပူး၊ ခ်ဲလ္ဆီး၊ မန္ယူ ၊ မန္စီးတီးစတဲ့အသင္းေတြက စိတ္၀င္စားေနသလုိ ဒီအထဲမွာမွ လီဗာပူးက စိတ္၀င္စားမႈအျမင့္ဆုံးျဖစ္ေနတယ္လုိ ့သိရပါတယ္။ 

Unicode Version 

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာခွင့်ပေးဖို့အတွက် ပြင်သစ်လူငယ်ကြယ်ပွင့် ဒမ်ဘီလီက ဘာစီလိုနာအသင်းဆီကို တောင်းဆိုလိုက်တယ်လို့နိုင်ငံတကာအားကစားမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။ 
ဘာစီလိုနာအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို မကြာခဏနောက်ကျတဲ့အပြင် အသင်းနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ အားနည်းနေတယ်လို့မကြာခဏ ဝေဖန်ခံနေရတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းရဲ့ပထမ (၁၁) ဦးစာရင်းမှာ နေရာပေးမခံရတာတွေကြောင့်လည်း အသင်းကနေထွက်ခွာချင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့်ကစားသမားဖြစ်သူ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းဆီကို ယူရို ၁၀၅ သန်းနဲ့၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းမှာ အထိုင်မကျမှုနဲ့အတူ ခက်ခဲတဲ့ရာသီတွေကို ဖြတ်သန်းနေရတာလည်း ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဘာစီလိုနာဘုတ်အဖွဲ့ကလည်း ပြင်သစ်လိဂ် ပီအက်ဂျီဆီကို ရောင်းချလိုက်ရတဲ့ နေလ်မာကို ပြန်လည်ခေါ်ယူသွားချင်တဲ့ဆန္ဒတွေဖြစ်နေသလို ဒမ်ဘီလီအတွက်ကတော့ နေရာမရတော့မယ့်အနေအထားနဲ့ကြုံလာရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာဘုတ်အဖွဲ့ဆီကို ဒမ်ဘီလီက စာတင်ပြီးအသိပေးခဲ့တာဖြစ်တယ်လို့Goal က ရေးသားဖော်ပြပါတယ်။ ဒမ်ဘီလီကို ဇန်နဝါရီဈေးကွက်အဖွင့်မှာ ဝယ်ယူချင်တဲ့အသင်းတွေများစွာရှိနေသလို ဒီအထဲကမှ ပရီးမီးယားလိဂ်ကလပ်တွေက ဒမ်ဘီလီအတွက် စိတ်ဝင်စားစရာအကောင်းဆုံး ကလပ်တွေဖြစ်နေတယ်လို့ လည်း ထောက်ပြပါတယ်။ Goal ရဲ့အဆိုအရ အောက်တိုဘာလကတည်းက ဒမ်ဘီလီအတွက် ဘာစီလိုနာအသင်းက စဉ်းစားထားခဲ့ပုံရသလို ဈေးကွက်မှာ တင်ရောင်းဖို့အတွက် ဈေးကစားတော့မှာလည်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒီရာသီအတွင်း လာလီဂါမှာ ၇ ပွဲသာ ကစားထားရသေးတဲ့ ဒမ်ဘီလီကိုတော့ ပရီးမီးယားလိဂ်ကလပ်  လီဗာပူး၊ ချဲလ်ဆီး၊ မန်ယူ ၊ မန်စီးတီးစတဲ့အသင်းတွေက စိတ်ဝင်စားနေသလို ဒီအထဲမှာမှ လီဗာပူးက စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတယ်လို့သိရပါတယ်။ 

   - မုိးတိမ္

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။