Skip to main content
အရည္အခ်င္းရွိသူမ်ား နည္းပါးေနျခင္းေၾကာင့္ ျမန္မာႏုိင္ငံ စီးပြားေရး တိုးတက္မႈ ၾကန္႔ၾကာေနဦးမည္ဟု UMFCCI ဒုဥကၠ႒ သံုးသပ္
Ads Block

အရည္အခ်င္းရွိသူမ်ား နည္းပါးေနျခင္းေၾကာင့္ ျမန္မာႏုိင္ငံ စီးပြားေရး တိုးတက္မႈ ၾကန္႔ၾကာေနဦးမည္ဟု UMFCCI ဒုဥကၠ႒ သံုးသပ္

လက္ရွိအစိုးရလက္ထက္ စီးပြားေရးတိုးတက္မႈ ၾကန္႔ၾကာေနျခင္းမွာ အရင္းအႏွီးႏွင့္ အရည္အခ်င္းရွိသူ နည္းပါးေနျခင္းေၾကာင့္ ျဖစ္သည္ဟု ျမန္မာႏုိင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက သံုးသပ္ေျပာၾကားလိုက္သည္။ 
အကုန္သိ သတင္းဌာနႏွင့္ သီးသန္႔ေတြ႔ဆံုစဥ္ လက္ရွိအစိုးရလက္ထက္ စီးပြားေရး က်ဆင္းေနမႈႏွင့္ပတ္သက္၍  ေမးျမန္းရာတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ဒီဟာကိုေတာ့ ၀ိေရာဓိေလးေတြ ရွိပါတယ္၊ တခ်ိဳကကလည္း စီးပြားေရးက တန္႔သြားတယ္လို႔ ေျပာတယ္၊ တခ်ိဳက်ေတာ့လည္း နည္းနည္းက်သြားတယ္လို႔ ေျပာတယ္၊ တခ်ိဳကကလည္း မဆိုးပါဘူးလို႔ေျပာတယ္၊ သက္ဆိုင္ရာ ကမၻာ့ဘဏ္တို႔ ဘာတို႔ရဲ႕  Figure ေတြအရေတာ့ နည္းနည္းက်သြားတယ္လို႔ ေျပာလို႔ရတယ္။ အဓိကျဖစ္တာက System တစ္ခုနဲ႔ တစ္ခုေျပာင္းတဲ့အခါမွာ ဒီလိုမ်ိဳးၾကာတတ္ပါတယ္၊ ႏွစ္ေပါင္း(၅၀)ခန္႔ Isolated ျဖစ္လာတဲ့ ႏုိင္ငံတစ္ခု၊ ၿပီးေတာ့ ရင္းႏွီးျမဳပ္ႏွံမႈက  ပညာေရး၊ လူမႈေရး၊ က်န္းမာေရးအစေပါ့ေနာ္၊ အကုန္လံုး ဘာမွမလုပ္ခဲ့တဲ့အတြက္ ပညာေရးမွာ မလုပ္ခဲ့တဲ့အတြက္ Capacity အားနည္းတယ္၊ Capacity အားနည္းတဲ့အတြက္ ဒီႏုိင္ငံက မေရြ႕တာပါ၊ ဒါကလည္း ကၽြန္ေတာ့္အျမင္ မဟုတ္ပါဘူး၊ ႏုိင္ငံတကာ ပညာရွင္ေတြရဲ႕ အျမင္အရ ေျပာတာပါ”ဟု ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။
ႏုိင္ငံေရး ဦးေဆာင္သူမ်ားႏွင့္ ဗ်ဴရုိကေရစီ ယႏၱာရား အားေကာင္းခဲ့ပါက မည္သည့္ပါတီ အုပ္ခ်ဳပ္ခ်ဳပ္  ေတာင့္ခံသြားႏုိင္ေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ဗ်ဴရုိကေရစီႏွင့္  Policital Leader Ship ဟန္ခ်က္ညီညီ သြားႏုိင္မည္ဆိုပါက ျမန္မာႏုိင္ငံ၏ စီးပြားေရးသည္ ျပည္သူ အမ်ားက ေမ်ွာ္လင့္ေနသည့္အတိုင္း တိုးတက္မႈရွိလာမည္ဟုလည္း ၄င္းက ဆက္လက္ေျပာၾကားခဲ့သည္။

 - ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

အရည်အချင်းရှိသူများ နည်းပါးနေခြင်းကြောင့် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု ကြန့်ကြာနေဦးမည်ဟု UMFCCI ဒုဥက္ကဋ္ဌ သုံးသပ်

လက်ရှိအစိုးရလက်ထက် စီးပွားရေးတိုးတက်မှု ကြန့်ကြာနေခြင်းမှာ အရင်းအနှီးနှင့် အရည်အချင်းရှိသူ နည်းပါးနေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားလိုက်သည်။ 
အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် လက်ရှိအစိုးရလက်ထက် စီးပွားရေး ကျဆင်းနေမှုနှင့်ပတ်သက်၍  မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီဟာကိုတော့ ဝိရောဓိလေးတွေ ရှိပါတယ်၊ တချိုကကလည်း စီးပွားရေးက တန့်သွားတယ်လို့ ပြောတယ်၊ တချိုကျတော့လည်း နည်းနည်းကျသွားတယ်လို့ ပြောတယ်၊ တချိုကကလည်း မဆိုးပါဘူးလို့ပြောတယ်၊ သက်ဆိုင်ရာ ကမ္ဘာ့ဘဏ်တို့ ဘာတို့ရဲ့  Figure တွေအရတော့ နည်းနည်းကျသွားတယ်လို့ ပြောလို့ရတယ်။ အဓိကဖြစ်တာက System တစ်ခုနဲ့ တစ်ခုပြောင်းတဲ့အခါမှာ ဒီလိုမျိုးကြာတတ်ပါတယ်၊ နှစ်ပေါင်း(၅၀)ခန့် Isolated ဖြစ်လာတဲ့ နိုင်ငံတစ်ခု၊ ပြီးတော့ ရင်းနှီးမြုပ်နှံမှုက  ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးအစပေါ့နော်၊ အကုန်လုံး ဘာမှမလုပ်ခဲ့တဲ့အတွက် ပညာရေးမှာ မလုပ်ခဲ့တဲ့အတွက် Capacity အားနည်းတယ်၊ Capacity အားနည်းတဲ့အတွက် ဒီနိုင်ငံက မရွေ့တာပါ၊ ဒါကလည်း ကျွန်တော့်အမြင် မဟုတ်ပါဘူး၊ နိုင်ငံတကာ ပညာရှင်တွေရဲ့ အမြင်အရ ပြောတာပါ”ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
နိုင်ငံရေး ဦးဆောင်သူများနှင့် ဗျူရိုကရေစီ ယန္တာရား အားကောင်းခဲ့ပါက မည်သည့်ပါတီ အုပ်ချုပ်ချုပ်  တောင့်ခံသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဗျူရိုကရေစီနှင့်  Policital Leader Ship ဟန်ချက်ညီညီ သွားနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြည်သူ အများက မျှော်လင့်နေသည့်အတိုင်း တိုးတက်မှုရှိလာမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 - ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။