Skip to main content
NLD အစိုးရတာဝန္ယူသည့္ ကာလအတြင္း အေျခခံက်သည့္ အရာမ်ားျပဳျပင္ေနရ၍ အသီးအပြင့္မ်ား မေပၚေသးဟုဆုိ
Ads Block

NLD အစိုးရတာဝန္ယူသည့္ ကာလအတြင္း အေျခခံက်သည့္ အရာမ်ားျပဳျပင္ေနရ၍ အသီးအပြင့္မ်ား မေပၚေသးဟုဆုိ

NLD အစိုးရတာဝန္ယူသည့္ ကာလအတြင္း အေျခခံက်သည့္ အရာမ်ားကို ျပဳျပင္လဲေနရသည့္အတြက္ေၾကာင့္ အသီးအပြင့္မ်ား လက္ရွိတြင္ မေပၚေသးေၾကာင္း သန္လ်င္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလြင္ကုိလတ္ ကေျပာသည္။
ႏိုဝင္ဘာလ ၂၄ ရက္က ရန္ကုန္ၿမိဳ႕ City Hotel Yangon တြင္ က်င္းပခဲ့သည့္ “ဒီမုိကေရစီအေျပာင္းအလဲ အတြက္ ဘာေတြလုိ႔ဖုိ႔ လိုသလဲ” ေခါင္းစဥ္ျဖင့္ ေဆြးေႏြးဖြဲတြင္ ထည့္သြင္းေဆြးေႏြးခဲ့ျခင္း ျဖစ္သည္။
“အေျပာင္းအလဲအတြက္ အေျခခံက်တဲ့အရာေတြကုိ ျပဳျပင္ေနရတဲ့အတြက္ေၾကာင့္ အသီးအပြင့္ေတြ မေပၚေသးဘူး။ ဒါေၾကာင့္ မုိ႔လုိ႔ ေဝဖန္မႈေတြ ဆန္းစစ္မႈေတြက ခ်ဥ္းကပ္လုိ႔ရွိရင္ စံေတြ တန္ဖုိးေတြနဲ႔ ခ်ဥ္းကပ္တာနဲ႔ ရလဒ္နဲ႔ခ်ဥ္းကပ္တာ ႏွစ္မ်ိဳးရွိတယ္။ ရလဒ္နဲ႔ ခ်ဥ္းကပ္မယ္ဆုိရင္ ရလဒ္ဟာ ကၽြန္ေတာ္တုိ႔ ျပည္သူေတြလုိခ်င္သေလာက္ ကၽြန္တုိ႔ကိုယ္တုိင္ လိုခ်င္သေလာက္ မေရာက္ ေသးဘူး။ ဒါေပမဲ့ တန္ဖုိးစံေတြ၊ အေျခခံေတြအရ ကၽြန္ေတာ္တုိ႔ သြားေနတယ္ဆုိရင္ ကၽြန္ေတာ္တုိ႔သြားေနတဲ့ လုပ္ငန္းစဥ္က ေရွ႕ကို တျဖည္းျဖည္းတုိးသြားေနတယ္လုိ႔ ေျပာခ်င္ပါတယ္” ဟု သန္လ်င္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလြင္ကိုလတ္က ေျပာသည္။
တိုင္းျပည္အတြက္ အလုပ္လုပ္ရသည့္အခါတြင္ အတိုက္ခံႏွင့္ အာဏရသည့္ အေျခအေနမတူေၾကာင္း၊ အတုိက္ခံကာလက စံတန္ဖုိးသတ္မွတ္ခ်က္မ်ားကို က်ယ္က်ယ္ေလာင္ေလာင္ေျပာဆုိခဲ့ေသာ္လည္း အာဏာရခ်ိန္တြင္ အလုပ္ျဖင့္ ပုိၿပီး သက္ေသျပရ ေၾကာင္း ၎ကေျပာသည္။
“NLD အစိုးရအေနနဲ႔ ႏွစ္ေပါင္း ၇၀ ေလာက္ ကၽြန္ေတာ္တုိ႔ ႏုိင္ငံမွာ စုပံုလာတဲ့ ကိစၥေတြ ေျဖရွင္းရတာ တကယ္ပဲ မလြယ္ပါဘူး။ သို႔ေသာ္အဲဒီလို ေျပာတဲ့အတြက္ NLD အစိုးရလုပ္ကုိင္ေနတာ အားလံုးကို မွန္ကန္တယ္၊ ၿပီးျပည့္ စံုတယ္ ဒီလိုသေဘာမ်ိဳး မဟုတ္ပါဘူး။ လုိအပ္ခ်က္ေတြ ရွိပါတယ္။ ဒါကေတာ့ NLD အစိုးရမွ မဟုတ္ဘူး၊ ဘယ္ အစိုးရမဆုိ လုိအပ္ခ်က္ရွိတယ္။ အေရး ႀကီးတာက ဒီလုိအပ္ခ်က္ေတြကို ေျပာင္းလဲႏုိင္ဖုိ႔ အေရးႀကီးတယ္” ဟု ျပည္သူ႔ပါတီ အေထြေထြအတြင္းေရးမွဴး ကုိရဲႏုိင္ေအာင္ ကေျပာသည္။
NLD အစိုးရအေနျဖင့္ ႏုိင္ငံေရး အင္အားစုမ်ား၊ လူမႈေရးအဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းေၾကာင္းႏွင့္ က႑ ေပါင္းစံု ဘက္ေပါင္းစံုမွ တစ္ဦးခ်င္း တီထြင္ႀကံဆမႈႏွင့္ ပူးေပါင္း ေဆာင္ရြက္ရန္လုိအပ္ေၾကာင္းလည္း ၎ကေျပာသည္။
NLD အစိုးရ တက္လာၿပီး သံုးႏွစ္တာကာလအတြင္း ရခုိင္အေရးႏွင့္ ပတ္သက္ၿပီး ႏုိင္ငံတကာဖိအားမ်ား၊ စီးပြားေရး က်ဆင္းလာ မႈႏွင့္အတူ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုျပင္ဆင္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကလည္း တန္႔ေနေၾကာင္း ႏုိင္ငံေရးေလ့လာသူမ်ားက သံုးသပ္ထားသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

NLD အစိုးရတာဝန်ယူသည့် ကာလအတွင်း အခြေခံကျသည့် အရာများပြုပြင်နေရ၍ အသီးအပွင့်များ မပေါ်သေးဟုဆို

NLD အစိုးရတာဝန်ယူသည့် ကာလအတွင်း အခြေခံကျသည့် အရာများကို ပြုပြင်လဲနေရသည့်အတွက်ကြောင့် အသီးအပွင့်များ လက်ရှိတွင် မပေါ်သေးကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ် ကပြောသည်။
နိုဝင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့ City Hotel Yangon တွင် ကျင်းပခဲ့သည့် “ဒီမိုကရေစီအပြောင်းအလဲ အတွက် ဘာတွေလို့ဖို့ လိုသလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးဖွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“အပြောင်းအလဲအတွက် အခြေခံကျတဲ့အရာတွေကို ပြုပြင်နေရတဲ့အတွက်ကြောင့် အသီးအပွင့်တွေ မပေါ်သေးဘူး။ ဒါကြောင့် မို့လို့ ဝေဖန်မှုတွေ ဆန်းစစ်မှုတွေက ချဉ်းကပ်လို့ရှိရင် စံတွေ တန်ဖိုးတွေနဲ့ ချဉ်းကပ်တာနဲ့ ရလဒ်နဲ့ချဉ်းကပ်တာ နှစ်မျိုးရှိတယ်။ ရလဒ်နဲ့ ချဉ်းကပ်မယ်ဆိုရင် ရလဒ်ဟာ ကျွန်တော်တို့ ပြည်သူတွေလိုချင်သလောက် ကျွန်တို့ကိုယ်တိုင် လိုချင်သလောက် မရောက် သေးဘူး။ ဒါပေမဲ့ တန်ဖိုးစံတွေ၊ အခြေခံတွေအရ ကျွန်တော်တို့ သွားနေတယ်ဆိုရင် ကျွန်တော်တို့သွားနေတဲ့ လုပ်ငန်းစဉ်က ရှေ့ကို တဖြည်းဖြည်းတိုးသွားနေတယ်လို့ ပြောချင်ပါတယ်” ဟု သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။
တိုင်းပြည်အတွက် အလုပ်လုပ်ရသည့်အခါတွင် အတိုက်ခံနှင့် အာဏရသည့် အခြေအနေမတူကြောင်း၊ အတိုက်ခံကာလက စံတန်ဖိုးသတ်မှတ်ချက်များကို ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့သော်လည်း အာဏာရချိန်တွင် အလုပ်ဖြင့် ပိုပြီး သက်သေပြရ ကြောင်း ၎င်းကပြောသည်။
“NLD အစိုးရအနေနဲ့ နှစ်ပေါင်း ၇၀ လောက် ကျွန်တော်တို့ နိုင်ငံမှာ စုပုံလာတဲ့ ကိစ္စတွေ ဖြေရှင်းရတာ တကယ်ပဲ မလွယ်ပါဘူး။ သို့သော်အဲဒီလို ပြောတဲ့အတွက် NLD အစိုးရလုပ်ကိုင်နေတာ အားလုံးကို မှန်ကန်တယ်၊ ပြီးပြည့် စုံတယ် ဒီလိုသဘောမျိုး မဟုတ်ပါဘူး။ လိုအပ်ချက်တွေ ရှိပါတယ်။ ဒါကတော့ NLD အစိုးရမှ မဟုတ်ဘူး၊ ဘယ် အစိုးရမဆို လိုအပ်ချက်ရှိတယ်။ အရေး ကြီးတာက ဒီလိုအပ်ချက်တွေကို ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်” ဟု ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ကိုရဲနိုင်အောင် ကပြောသည်။
NLD အစိုးရအနေဖြင့် နိုင်ငံရေး အင်အားစုများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်းနှင့် ကဏ္ဍ ပေါင်းစုံ ဘက်ပေါင်းစုံမှ တစ်ဦးချင်း တီထွင်ကြံဆမှုနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။
NLD အစိုးရ တက်လာပြီး သုံးနှစ်တာကာလအတွင်း ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာဖိအားများ၊ စီးပွားရေး ကျဆင်းလာ မှုနှင့်အတူ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကလည်း တန့်နေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။