Skip to main content
ဖမ္းဆီးထားသည့္ တပ္မေတာ္မွ ဗိုလ္ႀကီးကို TNLA ဥပေဒအရ အေရးယူၿပီးပါက ျပန္လႊတ္ေပးမည္ဟု TNLA ေျပာ
Ads Block

ဖမ္းဆီးထားသည့္ တပ္မေတာ္မွ ဗိုလ္ႀကီးကို TNLA ဥပေဒအရ အေရးယူၿပီးပါက ျပန္လႊတ္ေပးမည္ဟု TNLA ေျပာ

လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးထားသည့္ တပ္မေတာ္မွ ဗိုလ္ႀကီးအဆင့္ရိ အရာရိွတစ္ဦးအား TNLA ဥပေဒအရ အေရးယူေဆာင္ ရြက္ စရာရိွသည္မ်ားကို ေဆာင္ရြက္ၿပီးပါက ျပန္လႊတ္ေပးသြားမည္ျဖစ္ေၾကာင္း တအာန္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႔ ေျပာေရး ဆိုခြင့္ရိွသူ ဗိုလ္မွဴး တားအိုက္ေက်ာ္က ေျပာသည္။
ႏို၀င္ဘာ ၂၀ ရက္ နံနက္အေစာပိုင္းက ကြတ္ခိုင္အေျခစိုက္ ခလရ ၄၅ မွ ဗိုလ္ႀကီးခ်မ္းေျမ့ထြန္းအား လက္နက္မ်ားႏွင့္အတူ မန္ပန္ရြာႏွင့္ နမ့္ဟူရြာၾကားတြင္ TNLA အဖြဲ႔မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္း ျဖစ္သည္။
“ေလာေလာဆယ္ေတာ့ ကၽြန္ေတာ္တို႔ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ကၽြန္ေတာ္တို႔ အေရးယူစရာရိွတာေတြ အေရးယူၿပီးရင္ ျပန္လႊတ္ေပးဖို႔ရိွပါတယ္။ မၾကာခဏလည္း တပ္မေတာ္ဘက္က ဖမ္းမိတာေတြရိွပါတယ္။ တခ်ိဳ႕ေတြဆို ရက္ပိုင္းအတြင္းပဲ ျပန္ လႊတ္ေပးတယ္။ အမ်ိဳးမ်ိဳးရိွတာေပါ့ေနာ္” ဟု TNLA ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးတားအိုက္ေက်ာ္က ေျပာသည္။
ဗိုလ္ႀကီး ခ်မ္းေျမ့ထြန္းသည္ မန္ပန္ရြာ ကထိန္ပြဲသို႔ ယူနီေဖာင္းအျပည့္အစံု။ လက္နက္မ်ားႏွင့္ သြားေရာက္ခဲ့ရာမွ အျပန္တြင္ TNLA အဖြဲ႔၏ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တပ္မေတာ္ဘက္မွလည္း TNLA တပ္ဖြဲ႔၀င္တစ္ဦး၏ အမ်ိဳးသမီးႏွင့္ ၎၏ ေမြးကင္းစ ကေလး အပါအ၀င္ နမ့္ဟူရြာသား ၅ ဦးကို ႏို၀င္ဘာလ ၂၀ ရက္က ျပန္လည္ ဖမ္းဆီးေခၚဆာင္သြားခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးခံရသူမ်ားတြင္TNLA တပ္ဖြဲ႔၀င္ တစ္ဦး၏ အမ်ိဳးသမီးျဖစ္သူ မအာမ္လူ၊ (၁၆) ရက္သား ကေလးငယ္၊ (၁) ႏွစ္ေက်ာ္ အ ရြယ္ သားျဖစ္သူႏွင့္ အိမ္သို႔ အလည္လာေရာက္ေနသည့္ အသက္ (၂၀) ေက်ာ္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။
အဆိုပါ တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ေက်းရြာသားမ်ားကုိ ႏို၀င္ဘာလ၂၂ ရက္ ညပိုင္းက ျပန္လႊတ္ေျပးလိုက္ၿပီဟု သတင္းၾကားေသာ္ည္း အတိအက်မသိရိွရေသးေၾကာင္းလည္း ၎က ေျပာသည္။
“ ကၽြန္ေတာ္တို႔ အျပင္ကေန သတင္းၾကားရတာေတာ့ မေန႔ညက သူတို႔ ျပန္လြတ္ၿပီလို႔ၾကားရတယ္။ အကုန္လံုး လြတ္ၿပီလား မလြတ္ေသးဘူးလားေတာ့ အတိအက်ေတာ့ မေျပာႏိုင္ဘူး” ဟု ဗိုလ္မွဴး တားအိုက္ေက်ာ္က ေျပာသည္။
ဗုိလ္ႀကီး ခ်မ္းေျမ့ထြန္းကုိ ဖမ္းဆီးေခးေဆာင္သြားစဥ္ ၎ႏွင့္အတူ MA- 3, 5.56 MM လက္နက္အမ်ဳိးအစားတစ္လက္၊ က်ည္ (၁၄၁) ခုပါ က်ည္ေဘာက္ (၃) ခု၊ M-5, 9 MM အမ်ဳိးအစားလက္နက္ငယ္တစ္လက္ ပါေၾကာင္း သိရသည္။

 - မ်ိဳးသူ(အကုန္သိသတင္းဌာန)

Unicode version

ဖမ်းဆီးထားသည့် တပ်မတော်မှ ဗိုလ်ကြီးကို TNLA ဥပဒေအရ အရေးယူပြီးပါက ပြန်လွှတ်ပေးမည်ဟု TNLA ပြော

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးထားသည့် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရိ အရာရှိတစ်ဦးအား TNLA ဥပဒေအရ အရေးယူဆောင် ရွက် စရာရှိသည်များကို ဆောင်ရွက်ပြီးပါက ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း တအာန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။
နိုဝင်ဘာ ၂၀ ရက် နံနက်အစောပိုင်းက ကွတ်ခိုင်အခြေစိုက် ခလရ ၄၅ မှ ဗိုလ်ကြီးချမ်းမြေ့ထွန်းအား လက်နက်များနှင့်အတူ မန်ပန်ရွာနှင့် နမ့်ဟူရွာကြားတွင် TNLA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ်တော့ ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ အရေးယူစရာရှိတာတွေ အရေးယူပြီးရင် ပြန်လွှတ်ပေးဖို့ရှိပါတယ်။ မကြာခဏလည်း တပ်မတော်ဘက်က ဖမ်းမိတာတွေရှိပါတယ်။ တချို့တွေဆို ရက်ပိုင်းအတွင်းပဲ ပြန် လွှတ်ပေးတယ်။ အမျိုးမျိုးရှိတာပေါ့နော်” ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတားအိုက်ကျော်က ပြောသည်။
ဗိုလ်ကြီး ချမ်းမြေ့ထွန်းသည် မန်ပန်ရွာ ကထိန်ပွဲသို့ ယူနီဖောင်းအပြည့်အစုံ။ လက်နက်များနှင့် သွားရောက်ခဲ့ရာမှ အပြန်တွင် TNLA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှလည်း TNLA တပ်ဖွဲ့ဝင်တစ်ဦး၏ အမျိုးသမီးနှင့် ၎င်း၏ မွေးကင်းစ ကလေး အပါအဝင် နမ့်ဟူရွာသား ၅ ဦးကို နိုဝင်ဘာလ ၂၀ ရက်က ပြန်လည် ဖမ်းဆီးခေါ်ဆာင်သွားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင်TNLA တပ်ဖွဲ့ဝင် တစ်ဦး၏ အမျိုးသမီးဖြစ်သူ မအာမ်လူ၊ (၁၆) ရက်သား ကလေးငယ်၊ (၁) နှစ်ကျော် အ ရွယ် သားဖြစ်သူနှင့် အိမ်သို့ အလည်လာရောက်နေသည့် အသက် (၂၀) ကျော် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာသားများကို နိုဝင်ဘာလ၂၂ ရက် ညပိုင်းက ပြန်လွှတ်ပြေးလိုက်ပြီဟု သတင်းကြားသော်ည်း အတိအကျမသိရှိရသေးကြောင်းလည်း ၎င်းက ပြောသည်။
“ ကျွန်တော်တို့ အပြင်ကနေ သတင်းကြားရတာတော့ မနေ့ညက သူတို့ ပြန်လွတ်ပြီလို့ကြားရတယ်။ အကုန်လုံး လွတ်ပြီလား မလွတ်သေးဘူးလားတော့ အတိအကျတော့ မပြောနိုင်ဘူး” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။
ဗိုလ်ကြီး ချမ်းမြေ့ထွန်းကို ဖမ်းဆီးခေးဆောင်သွားစဉ် ၎င်းနှင့်အတူ MA- 3, 5.56 MM လက်နက်အမျိုးအစားတစ်လက်၊ ကျည် (၁၄၁) ခုပါ ကျည်ဘောက် (၃) ခု၊ M-5, 9 MM အမျိုးအစားလက်နက်ငယ်တစ်လက် ပါကြောင်း သိရသည်။

 - မျိုးသူ(အကုန်သိသတင်းဌာန)

ဓာတ်ပုံ - TNLA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။