Skip to main content
ဇနီးျဖစ္သူက ၄င္းအားႏွိပ္စက္လြန္းသည့္ခင္ပြန္းကို ပုဆိန္ျဖင့္ထုသတ္
Ads Block

ဇနီးျဖစ္သူက ၄င္းအားႏွိပ္စက္လြန္းသည့္ခင္ပြန္းကို ပုဆိန္ျဖင့္ထုသတ္

ဝန္းသိုၿမိဳ႕နယ္တြင္ ယေန႔(ႏိုဝင္ဘာလ ၂၃ ရက္)၊ နံနက္ပိုင္းက လင္မယားခ်င္းစကားမ်ားရန္ျဖစ္ရာမွ ဇနီးျဖစ္သူက ခင္ပြန္းအား ပုဆိန္ျဖင့္ထုသတ္လိုက္ေၾကာင္း သိ္ရသည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၂၃ ရက္၊ နံနက္ ၅ နာရီခြဲခန္႔က စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝန္းသိုၿမိဳ႕နယ္၊ ဂ်ိဳးေတာင္ေက်းရြာေန မေသာင္းႏြဲ႔၊ (၄၅)ႏွစ္သည္ ခင္ပြန္းျဖစ္သူကိုေအာင္သာအား လင္မယားခ်င္း စကားမ်ားရန္ျဖစ္ရာမွ ပုဆိန္ျဖင့္ ထုသတ္လိုက္ေၾကာင္း ဝန္းသိုၿမိဳ႕မရဲစခန္းမွ သိရသည္။
“လင္မယားခ်င္းစကားမ်ားၿပီးေတာ့ မိန္းမက ေယာက်္ားကို ပုဆိန္္နဲ႔ တစ္ခ်က္ထုလိုက္တာပါ။ စကား မ်ားတာကေတာ့ အဓိကကေတာ့ ဘာလဲဆိုေတာ့ ေယာက်္ားက သူ႔ကိုႏွိပ္စက္လို႔ေပါ့။ အဲဒါကိုသည္းမခံႏိုင္တာနဲ႔ ပုဆိန္နဲ႔ထုလိုက္တယ္” ဟု ဝန္းသိုၿမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးဝင္းေမာင္က အကုန္သိ သတင္းဌာနသို႔ ေျပာသည္။
ပုဆိန္ျဖင့္အထုခံရမႈေၾကာင့္ ခင္ပြန္းျဖစ္သူ ကိုေအာင္သာတြင္ ဦးေခါင္းညာဘက္ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးသြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဇနီးျဖစ္သူ မေသာင္းႏြဲ႔၊ (၄၅)ႏွစ္အား ဝန္းသိုၿမိဳ႕မရဲစခန္း၌ (ပ)၁၄၂/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၂ ျဖင့္ ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

 - ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

ဓာတ္ပုံ-လူေအာင္

Unicode version

ဇနီးဖြစ်သူက ၎င်းအားနှိပ်စက်လွန်းသည့်ခင်ပွန်းကို ပုဆိန်ဖြင့်ထုသတ်

ဝန်းသိုမြို့နယ်တွင် ယနေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်းက လင်မယားချင်းစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ခင်ပွန်းအား ပုဆိန်ဖြင့်ထုသတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၅ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ကျေးရွာနေ မသောင်းနွဲ့၊ (၄၅)နှစ်သည် ခင်ပွန်းဖြစ်သူကိုအောင်သာအား လင်မယားချင်း စကားများရန်ဖြစ်ရာမှ ပုဆိန်ဖြင့် ထုသတ်လိုက်ကြောင်း ဝန်းသိုမြို့မရဲစခန်းမှ သိရသည်။
“လင်မယားချင်းစကားများပြီးတော့ မိန်းမက ယောကျ်ားကို ပုဆိန်နဲ့ တစ်ချက်ထုလိုက်တာပါ။ စကား များတာကတော့ အဓိကကတော့ ဘာလဲဆိုတော့ ယောကျ်ားက သူ့ကိုနှိပ်စက်လို့ပေါ့။ အဲဒါကိုသည်းမခံနိုင်တာနဲ့ ပုဆိန်နဲ့ထုလိုက်တယ်” ဟု ဝန်းသိုမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးဝင်းမောင်က အကုန်သိ သတင်းဌာနသို့ ပြောသည်။
ပုဆိန်ဖြင့်အထုခံရမှုကြောင့် ခင်ပွန်းဖြစ်သူ ကိုအောင်သာတွင် ဦးခေါင်းညာဘက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူ မသောင်းနွဲ့၊ (၄၅)နှစ်အား ဝန်းသိုမြို့မရဲစခန်း၌ (ပ)၁၄၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 - နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

ဓာတ်ပုံ-လူအောင်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။