Skip to main content
တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေ 
Ads Block
တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေ 
မန်ယူအသင်းသည် အသင်း၏ လူငယ်တိုက်စစ်မှူး မားကပ်ရက်ခ်ျဖို့ဒ်အား စာချုပ်သစ် ချုပ်ဆိုသွားရန် ပြင်ဆင်နေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အင်္ဂလန်တိုက်စစ်မှူး ရက်ခ်ျဖို့ဒ် (၂၁နှစ်) အား ရီးရဲမက်ဒရစ်နှင့် ဂျူဗင်တပ်အသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထား လာခြင်းကြောင့် မန်ယူအသင်းတာဝန်ရှိသူများက ရက်ခ်ျဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ပြင်ဆင်လာခြင်းဖြစ်သည်။ ရက်ခ်ျဖို့ဒ်နှင့် မန်ယူတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ မန်ယူအသင်းတာဝန်ရှိသူများက ရက်ခ်ျဖို့ဒ်အား လက်ရှိပေးချေနေသည့် လုပ်ခငွေ၏ နှစ်ဆဖြစ်သော တစ်ပတ်လုပ်ခငွေ ပေါင် ၁၅၀၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်သည်ဟု The Star သတင်းစာက ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ ရီးရဲအသင်းသည် ရက်ခ်ျဖို့ဒ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့်လည်းကောင်း၊ စပါးစ်ကွင်းလယ်ကစားသမား အဲရစ်ဆင်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့်လည်းကောင်း လာမည့် ဇန်န၀ါရီဈေးကွက်ကာလအတွင်း ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့အပြင် ဂျူဗင်တပ်အသင်းသည်လည်း ရက်ခ်ျဖို့ဒ်အား ခေါ်ယူလိုသည့် ကစားသမားစာရင်းတွင် ထည့်သွင်းထားသည်ဟုဆိုသည်။
တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေ 
Unicode version
တိုက်စစ်မှူး ရက်ချ်ဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေ 
မန်ယူအသင်းသည် အသင်း၏ လူငယ်တိုက်စစ်မှူး မားကပ်ရက်ချ်ဖို့ဒ်အား စာချုပ်သစ် ချုပ်ဆိုသွားရန် ပြင်ဆင်နေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အင်္ဂလန်တိုက်စစ်မှူး ရက်ချ်ဖို့ဒ် (၂၁နှစ်) အား ရီးရဲမက်ဒရစ်နှင့် ဂျူဗင်တပ်အသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထား လာခြင်းကြောင့် မန်ယူအသင်းတာဝန်ရှိသူများက ရက်ချ်ဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ပြင်ဆင်လာခြင်းဖြစ်သည်။ ရက်ချ်ဖို့ဒ်နှင့် မန်ယူတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ မန်ယူအသင်းတာဝန်ရှိသူများက ရက်ချ်ဖို့ဒ်အား လက်ရှိပေးချေနေသည့် လုပ်ခငွေ၏ နှစ်ဆဖြစ်သော တစ်ပတ်လုပ်ခငွေ ပေါင် ၁၅၀၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်သည်ဟု The Star သတင်းစာက ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ ရီးရဲအသင်းသည် ရက်ချ်ဖို့ဒ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့်လည်းကောင်း၊ စပါးစ်ကွင်းလယ်ကစားသမား အဲရစ်ဆင်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့်လည်းကောင်း လာမည့် ဇန်နဝါရီဈေးကွက်ကာလအတွင်း ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့အပြင် ဂျူဗင်တပ်အသင်းသည်လည်း ရက်ချ်ဖို့ဒ်အား ခေါ်ယူလိုသည့် ကစားသမားစာရင်းတွင် ထည့်သွင်းထားသည်ဟုဆိုသည်။ ထိုကဲ့သို့ ဥရောပထိပ်တန်းအသင်းကြီးနှစ်သင်း၏ စိတ်ဝင်စားမှုရှိလာခြင်းကြောင့် မန်ယူအသင်းက ရက်ချ်ဖို့ဒ် အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီ မကုန်ဆုံးမီတွင် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် မန်ယူအမှုဆောင်ဒုဥက္ကဋ္ဌ အက်ဝုဒ်ဝက် က မျှော်လင့်ထားသည်ဟုဆိုသည်။ မန်ယူသည်  ရက်ချ်ဖို့ဒ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း မန်နေဂျာ မော်ရင်ညိုအနေဖြင့် ရက်ချ်ဖို့ဒ်အား အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် အသုံးပြုရေး မပြု ရေးမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ ရက်ဖို့ဒ်သည် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ၅ ပွဲသာ ပါဝင်ကစား ခွင့်ရရှိထားကာ သွင်းဂိုး နှစ်ဂိုးသာ သွင်းယူထားနိုင်သေးသူဖြစ်သည်။ သူ့အနေဖြင့် မန်ယူအသင်းတွင် ကြုံတွေ့နေရသည့် အခြေအနေများအပေါ် စိတ်ပျက်နေရသည်ဟု မီဒီယာအချို့တွင် ရေးသားဖော်ပြထားသည်။
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။