Skip to main content
အိႏၵိယႏွင့္ ကုန္သြယ္စီးဆင္းမႈ ျမန္ဆန္ေစရန္ မံုရြာတြင္ ကုန္းတြင္းဆိပ္ကမ္းတည္ေဆာက္မည္
Ads Block

အိႏၵိယႏွင့္ ကုန္သြယ္စီးဆင္းမႈ ျမန္ဆန္ေစရန္ မံုရြာတြင္ ကုန္းတြင္းဆိပ္ကမ္းတည္ေဆာက္မည္

ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္သည့္ အိႏၵိယႏိုင္ငံႏွင့္ ကုန္သြယ္စီးဆင္းမႈ ပိုမိုျမန္ဆန္ေစရန္အတြက္ မံုရြာတြင္ ကုန္းတြင္းဆိပ္ကမ္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း KM Terminal and Logestic ကုမၸဏီမွ အေထြေထြမန္ေနဂ်ာ ဦးညီ ထြဋ္က ေျပာသည္။
အဆိုပါ စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ ကိစၥႏွင့္ ပတ္သက္၍ ကိုရီးယားကုမၸဏီတစ္ခုႏွင့္ ျမန္မာ့မီးရထားတို႔မွ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ၿပီး လက္ရိွတြင္ စီမံကိန္းအကာင္ထည္ေဖာ္ႏိုင္ေရး ေဆြးေႏြးမႈမ်ားစတင္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
“ ဒီမွာက ကုန္းတြင္းဆိပ္ကမ္းကို သိပ္မလုပ္ၾကဘူး။ ေနာက္က်တယ္။ ကုန္းတြင္းဆိပ္ကမ္းကေနတဆင့္ ကုန္သြယ္မႈျပဳလုပ္ႏိုင္ၿပီ ဆိုရင္ စရိတ္စကလည္း ပိုၿပီးသက္သာတယ္။ မံုရြာမွာ ကုန္းတြင္းဆိပ္ကမ္း လုပ္မယ္ဆိုရင္ ပိုၿပီးေတာ့ အဆင္ေျပတယ္။ အခု လည္းေဆြးေႏြးမႈေတြ လုပ္ေနၿပီ” ဟု KM Terminal and Logestic  ကုမၸဏီမွ အေထြေထြမန္ေနဂ်ာ ဦးညီထြဋ္က ေျပာသည္။

အိႏၵိယႏွင့္ ကုန္သြယ္စီးဆင္းမႈ ျမန္ဆန္ေစရန္ မံုရြာတြင္ ကုန္းတြင္းဆိပ္ကမ္းတည္ေဆာက္မည္

အဆိုပါ စီမံကိန္းကို အေကာင္အထည္ေဖာ္ၿပီးစီးပါက ကေလး၊ တမူးတို႔မွတဆင့္ အိႏၵိယႏိုင္ငံကို ကုန္သြယ္မႈ လ်င္ျမန္စြာျပဳလုပ္ ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ စီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ အခုေဆြးေႏြးေနပါၿပီ။ အတိအက်ေျပာလို႔ေတာ့ မရေသးဘူး။ ေဆြးေႏြးၿပီးသြားရင္ သတင္းအတိအက်ထုတ္ျပန္ေပးပါ့မယ္” ဟု ျမန္မာ့မီးရထားမွ အေထြေထြမန္ေနဂ်ာ ဦးဘျမင့္ကေျပာသည္။
လက္ရွိတြင္ ရြာသာႀကီး ကုန္းတြင္းဆိပ္ကမ္းႏွင့္ ျမစ္ငယ္ ကုန္းတြင္းဆိပ္ကမ္းတို႔ကို ဖြင့္လွစ္ထားၿပီး ျမန္မာႏိုင္ငံ အထက္ပိုင္းႏွင့္ ေအာက္ပိုင္းသို႔ ကုန္သြယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနၿပီျဖစ္ၿပီး ယင္း ကုန္းတြင္းဆိပ္ကမ္းမ်ားေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈ လုပ္ငန္းမ်ားပါ ပိ္ုမို ပြင့္လင္းလာမည္ျဖစ္ေၾကာင္း သိရသည္။

 - စုသက္ႏွင္း (အကုန္သိသတင္းဌာန) 

Unicode version

အိန္ဒိယနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်စေရန် မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်းတည်ဆောက်မည်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်စေရန်အတွက် မုံရွာတွင် ကုန်းတွင်းဆိပ်ကမ်း တည်ဆောက်သွားမည်ဖြစ်ကြောင်း KM Terminal and Logestic ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးညီ ထွဋ်က ပြောသည်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ ကိုရီးယားကုမ္ပဏီတစ်ခုနှင့် မြန်မာ့မီးရထားတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်းအကာင်ထည်ဖော်နိုင်ရေး ဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
“ ဒီမှာက ကုန်းတွင်းဆိပ်ကမ်းကို သိပ်မလုပ်ကြဘူး။ နောက်ကျတယ်။ ကုန်းတွင်းဆိပ်ကမ်းကနေတဆင့် ကုန်သွယ်မှုပြုလုပ်နိုင်ပြီ ဆိုရင် စရိတ်စကလည်း ပိုပြီးသက်သာတယ်။ မုံရွာမှာ ကုန်းတွင်းဆိပ်ကမ်း လုပ်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေတယ်။ အခု လည်းဆွေးနွေးမှုတွေ လုပ်နေပြီ” ဟု KM Terminal and Logestic  ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးညီထွဋ်က ပြောသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ပြီးစီးပါက ကလေး၊ တမူးတို့မှတဆင့် အိန္ဒိယနိုင်ငံကို ကုန်သွယ်မှု လျင်မြန်စွာပြုလုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ စီမံကိန်းအကောင်အထည်ဖော်ဖို့ အခုဆွေးနွေးနေပါပြီ။ အတိအကျပြောလို့တော့ မရသေးဘူး။ ဆွေးနွေးပြီးသွားရင် သတင်းအတိအကျထုတ်ပြန်ပေးပါ့မယ်” ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးဘမြင့်ကပြောသည်။
လက်ရှိတွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်းနှင့် မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းတို့ကို ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းသို့ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပြီး ယင်း ကုန်းတွင်းဆိပ်ကမ်းများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများပါ ပိုမို ပွင့်လင်းလာမည်ဖြစ်ကြောင်း သိရသည်။

 - စုသက်နှင်း (အကုန်သိသတင်းဌာန) 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။