Skip to main content
ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕ရွိ စားေသာက္ဆုိင္အခ်ိဳ႕တြင္ ဆင္ႏွာေမာင္းစြပ္ျပဳတ္ တစ္ပြဲကို ေငြက်ပ္သိန္း ၃၀ ခန္႔ျဖင့္ ေရာင္းခ်ေနဟု လႊတ္ေတာ္အမတ္ေျပာ
Ads Block

ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕ရွိ စားေသာက္ဆုိင္အခ်ိဳ႕တြင္ ဆင္ႏွာေမာင္းစြပ္ျပဳတ္ တစ္ပြဲကို ေငြက်ပ္သိန္း ၃၀ ခန္႔ျဖင့္ ေရာင္းခ်ေနဟု လႊတ္ေတာ္အမတ္ေျပာ

ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕မ်ားရွိ စားေသာက္ဆုိင္အခ်ိဳ႕တြင္ ဆင္ႏွာေမာင္းစြပ္ျပဳတ္ တစ္ပြဲကို ေငြက်ပ္သိန္း ၃၀ ခန္႔ျဖင့္ ေရာင္းခ်ေန ေၾကာင္း မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၂)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသီရိရတနာ က ေျပာသည္။
ႏုိဝင္ဘာလ ၁၆ ရက္က က်င္းပသည့္ ဒုတိယအအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးတြင္ ျမန္မာႏုိင္ငံအေနျဖင့္ ႏုိင္ငံေတာ္၏ သက္ရွိသဘာဝ သယံဇတမ်ားျဖစ္ေသာ ဆင္အပါအဝင္ အျခားေသာ ေတာရုိင္းတိရစၦာန္မ်ား မ်ိဳးသုဥ္းျခင္းမွ ကာကြယ္ႏုိင္ရန္ ရည္ရြယ္လ်က္ အမ်ားျပည္သူ သတိျပဳမႈ ျမင့္တက္ေစရန္ႏွင့္ အဆင္အပါအဝင္ အျခားေသာ ေတာရုိင္း တိရစၦာန္မ်ားႏွင့္ ၎တုိ႔၏ အစိတ္အပို္င္းမ်ား ေျပာင္ေျပာင္တင္းတင္း ေရာင္းဝယ္ေဖာက္ကားေနမႈကို ရပ္တန္႔ပ စ္ႏိုင္ရန္အတြက္ ထိေရာက္စြာ အေရးယူမႈ ျပဳလုပ္ျခင္းျဖင့္ အခ်ိန္မီကယ္ တင္ႏုိင္ရန္ ျပည္ေထာင္စုအစိုးရအား တုိက္တြန္းေၾကာင္း အဆုိကို ေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။ 
“ အစားအေသာက္အေနနဲ႔ ရန္ကုန္၊ မႏၱေလး အစရွိတဲ့ ၿမိဳ႕ႀကီးေတြမွာ စားေသာက္ဆုိင္ႀကီး အခ်ိဳ႕မွာ ဆင္ႏွေမာင္းကို စြပ္ျပဳတ္ ျပဳလုပ္ေရာင္းခ်ေနၾကၿပီးေတာ့ ဆင္ဟင္းပြဲ တစ္ပြဲရဲ႕ တန္ဖုိးက သိန္းသံုးဆယ္ ခန္႔ရွိပါတယ္။ လက္ဝတ္ရတနာအျဖစ္ ဆင္သေရနဲ႔ ျပဳလုပ္ထားတဲ့ လက္ဝတ္ရတနာတစ္ခုက အရည္အေသြး သိပ္မေကာင္းရင္ေတာင္မွပဲ ေဒၚလာ ၁၀၀ ေလာက္ ေပါက္ေစ်းရွိေနၿပီး ေလ့လာမႈ စစ္တမ္းမ်ားအရ သိရပါတယ္။ ဆင္တစ္ေကာင္က ခြာယူထားတဲ့ အေရခြံ တစ္ခုရဲ့ တန္ဖုိးကပဲ ပွ်မ္းမွ်ေဒၚလာ ၃၀၀၀၀ ဝန္းက်င္ရွိေနတာေၾကာင့္ ဆင္ထီး၊ ဆင္မ၊ ဆင္ေပါက္ ကေလးမ်ားပါမက်န္ ဆင္မုဆုိးေတြရဲ႕ ပစ္မွတ္ျဖစ္ လာေနပါတယ္”ဟု ေဒၚသီရိရတနာ ကေျပာသည္။
ျမန္မာႏုိင္ငံမွ တရားမဝင္သတ္ျဖတ္ျခင္း ခံေနရသည့္ ဆင္မ်ားသည္ တရုတ္ႏုိင္ငံသို႔ အစိတ္အပိုင္းမ်ိဳးစံုျဖင့္ ေရာက္ရွိေနၿပီး နည္းမ်ိဳးစံုျဖင့္ အသံုးျပဳေနကာ ထုိင္းႏုိင္ငံတြင္ ခရီးသြားလုပ္ငန္းတြင္း အသံုးျပဳႏုိင္ရန္ အေကာင္လုိက္ အသက္ရွင္လ်က္ ေရာင္းဝယ္ေဖာက္ကားမႈမ်ားရိွေနေၾကာင္း ၎ကေျပာသည္။
၂၀၁၇ ခုႏွစ္အတြင္း ျမန္မာႏုိင္ငံတြင္ ဆင္ အေကာင္၇၀ သတ္ျဖတ္ခံရၿပီး ၂၀၁၈ခုႏွစ္အတြင္း ဧရာဝတီတုိင္း ေဒသႀကီး အတြင္း၌ ဆင္ရုပ္ၾကြင္းအေကာင္ႏွစ္ဆယ္ေက်ာ္ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ႏႈန္းအတုိင္းဆက္လက္သတ္ျဖတ္ခံေနရပါက ျမန္မာႏုိင္ငံတြင္ ၂၀၃၀ ခုႏွစ္ေလာက္တြင္ဆင္မ်ားကို ေတြ႔ရွိႏုိင္ေတာ့ မည္မဟုတ္ေၾကာင္း ၎ကေျပာသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

ရန်ကုန်နှင့် မန္တလေးမြို့ရှိ စားသောက်ဆိုင်အချို့တွင် ဆင်နှာမောင်းစွပ်ပြုတ် တစ်ပွဲကို ငွေကျပ်သိန်း ၃၀ ခန့်ဖြင့် ရောင်းချနေဟု လွှတ်တော်အမတ်ပြော

ရန်ကုန်နှင့် မန္တလေးမြို့များရှိ စားသောက်ဆိုင်အချို့တွင် ဆင်နှာမောင်းစွပ်ပြုတ် တစ်ပွဲကို ငွေကျပ်သိန်း ၃၀ ခန့်ဖြင့် ရောင်းချနေ ကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ က ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်က ကျင်းပသည့် ဒုတိယအအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝ သယံဇတများဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် အဆင်အပါအဝင် အခြားသော တောရိုင်း တိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပ စ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှု ပြုလုပ်ခြင်းဖြင့် အချိန်မီကယ် တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။ 
“ အစားအသောက်အနေနဲ့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ စားသောက်ဆိုင်ကြီး အချို့မှာ ဆင်နှမောင်းကို စွပ်ပြုတ် ပြုလုပ်ရောင်းချနေကြပြီးတော့ ဆင်ဟင်းပွဲ တစ်ပွဲရဲ့ တန်ဖိုးက သိန်းသုံးဆယ် ခန့်ရှိပါတယ်။ လက်ဝတ်ရတနာအဖြစ် ဆင်သရေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတစ်ခုက အရည်အသွေး သိပ်မကောင်းရင်တောင်မှပဲ ဒေါ်လာ ၁၀၀ လောက် ပေါက်ဈေးရှိနေပြီး လေ့လာမှု စစ်တမ်းများအရ သိရပါတယ်။ ဆင်တစ်ကောင်က ခွာယူထားတဲ့ အရေခွံ တစ်ခုရဲ့ တန်ဖိုးကပဲ ပျှမ်းမျှဒေါ်လာ ၃၀၀၀၀ ဝန်းကျင်ရှိနေတာကြောင့် ဆင်ထီး၊ ဆင်မ၊ ဆင်ပေါက် ကလေးများပါမကျန် ဆင်မုဆိုးတွေရဲ့ ပစ်မှတ်ဖြစ် လာနေပါတယ်”ဟု ဒေါ်သီရိရတနာ ကပြောသည်။
မြန်မာနိုင်ငံမှ တရားမဝင်သတ်ဖြတ်ခြင်း ခံနေရသည့် ဆင်များသည် တရုတ်နိုင်ငံသို့ အစိတ်အပိုင်းမျိုးစုံဖြင့် ရောက်ရှိနေပြီး နည်းမျိုးစုံဖြင့် အသုံးပြုနေကာ ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းတွင်း အသုံးပြုနိုင်ရန် အကောင်လိုက် အသက်ရှင်လျက် ရောင်းဝယ်ဖောက်ကားမှုများရှိနေကြောင်း ၎င်းကပြောသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆင် အကောင်၇၀ သတ်ဖြတ်ခံရပြီး ၂၀၁၈ခုနှစ်အတွင်း ဧရာဝတီတိုင်း ဒေသကြီး အတွင်း၌ ဆင်ရုပ်ကြွင်းအကောင်နှစ်ဆယ်ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ နှုန်းအတိုင်းဆက်လက်သတ်ဖြတ်ခံနေရပါက မြန်မာနိုင်ငံတွင် ၂၀၃၀ ခုနှစ်လောက်တွင်ဆင်များကို တွေ့ရှိနိုင်တော့ မည်မဟုတ်ကြောင်း ၎င်းကပြောသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။