Skip to main content
ရန္ကုန္တုိင္းေဒသႀကီးအတြင္းရိွ သဘာဝေဘးဒဏ္ခံႏုိင္ရေျခရွိႏုိင္သည့္ ေနရာမ်ားတြင္ မုန္တိုင္းဒဏ္ခံအေဆာက္အဦမ်ား ေဆာက္လုပ္ရန္စီစဥ္ေန
Ads Block

ရန္ကုန္တုိင္းေဒသႀကီးအတြင္းရိွ သဘာဝေဘးဒဏ္ခံႏုိင္ရေျခရွိႏုိင္သည့္ ေနရာမ်ားတြင္ မုန္တိုင္းဒဏ္ခံအေဆာက္အဦမ်ား ေဆာက္လုပ္ရန္စီစဥ္ေန

အမ်ိဳးသား သဘာေဘးရန္ပံုေငြျဖင့္ ရန္ကုန္တုိင္းေဒသႀကီးအတြင္းရိွ သဘာဝေဘးဒဏ္ခံႏုိင္ရေျခရွိႏုိင္သည့္ ေနရာမ်ားတြင္ မုန္တိုင္းဒဏ္ခံအေဆာက္အဦမ်ား ေဆာက္လုပ္သြားရန္ စီစဥ္ေနေၾကာင္း ေဘးအႏၱရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈ ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးဝင္းေရႊက ေျပာသည္။
“ ဒီႏွစ္မွာ အမ်ိဳးသားသဘာဝေဘးရန္ပံုေငြနဲ႔ ရန္ကုန္တုိင္းေဒသႀကီးအတြင္းမွာ သဘာဝေဘးရန္ပံုေငြနဲ႔ တည္ေဆာက္မယ္။ ေဆာက္ေတာ့ ကၽြန္ေတာ္တို႔ ရန္ကုန္တုိင္းအတြင္းမွာရွိတဲ့ ၿမိဳ႕နယ္ေတြေပါ့။ ဥပမာ ဒဂံုဆိပ္ကမ္းဆုိရင္ ငလ်င္ေဘး အႏၱရာယ္ ႀကံဳေတြ႔ႏုိ္င္တယ္။ ပဲခူးျမစ္ေဘးမွာရွိတဲ့အတြက္ ကမ္းၿပိဳမႈေရာ ေရႀကီးမႈေရာ ႀကံဳေတြ႔ႏုိင္တယ္။ ေနရာကို ပထမဆံုးေရြးခ်ယ္ဖုိ႔နဲ႔ ေနရာေရြးခ်ယ္ၿပီးရင္ မုန္တုိင္းဒဏ္ခံ အေဆာက္အဦ ေဆာက္ႏုိင္ဖုိ႔ တင္ျပၿပီး ေဆာင္ရြက္ဖုိ႔ရွိပါတယ္” ဟု ဦးဝင္းေရႊက ေျပာ သည္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္းရိွ သဘာဝေဘးဒဏ္ခံႏုိင္ရေျခရွိႏုိင္သည့္ ေနရာမ်ားတြင္ မုန္တိုင္းဒဏ္ခံအေဆာက္အဦမ်ား ေဆာက္လုပ္ရန္စီစဥ္ေန

ရန္ကုန္တုိင္းေဒသႀကီးအတြင္း သဘာဝေဘးအႏၱရာယ္ျဖစ္ေပၚပါက အေရးေပၚေျပာင္းေရြ႕ႏုိင္ရန္အတြက္ မုန္တုိင္းဒဏ္ခံ အေဆာက္အဦမ်ားကို ေဆာင္လုပ္ရန္အတြက္ ေနရာေရြးခ်ယ္ရန္ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မွလည္း လမ္းညႊန္ထား ေၾကာင္း ၎ကေျပာသည္။
“ ရန္ကုန္တုိင္းအေနနဲ႔ၾကည့္ရင္ ဘယ္ေနရာေတြက ေဘးဒဏ္ခံႏုိင္ရည္ရွိလဲ။ ဒီအေပၚမူတည္ၿပီး စီမံမွာေပါ့” ဟု ဦးဝင္းေရႊက ေျပာသည္။
ရန္ကုန္တုိင္းအတြင္းရွိ တြံ႔ေတးတူးေျမာင္းႏွင့္ နီးကပ္စြာရွိသည့္ တြံ႔ေတးတူးေျမာင္းႏွင့္ ဧရာဝတီျမစ္ကမ္း အနီးရွိ အေဖ်ာက္တုိ႔ တြင္လည္း ေရႀကီးေရလွ်ံမႈႏွင့္ ကမ္းပါးၿပိဳက်မႈဒဏ္မ်ား ခံစားလာရပါက အေရးတႀကီးေျပာင္းေရြ႕ႏုိင္ရန္ ဘက္စံုသံုးလို႔ရမည့္ အေဆာက္အဦမ်ား ေဆာက္လုပ္ရန္လည္း စီစဥ္ေနေၾကာင္း ၎ကေျပာသည္။
ျမန္မာတစ္ႏုိင္ငံလံုးတြင္ မုန္တုိင္းဒဏ္ခံအေဆာက္အဦ (၅၀)ေက်ာ္ရွိၿပီး ရန္ကုန္တုိင္းေဒသႀကီးတြင္ (၉)လံုးရွိေၾကာင္း သိရသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံနိုင်ရခြေရှိနိုင်သည့် နေရာများတွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ရန်စီစဉ်နေ

အမျိုးသား သဘာဘေးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံနိုင်ရခြေရှိနိုင်သည့် နေရာများတွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများ ဆောက်လုပ်သွားရန် စီစဉ်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောသည်။
“ ဒီနှစ်မှာ အမျိုးသားသဘာဝဘေးရန်ပုံငွေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သဘာဝဘေးရန်ပုံငွေနဲ့ တည်ဆောက်မယ်။ ဆောက်တော့ ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေပေါ့။ ဥပမာ ဒဂုံဆိပ်ကမ်းဆိုရင် ငလျင်ဘေး အန္တရာယ် ကြုံတွေ့နိုင်တယ်။ ပဲခူးမြစ်ဘေးမှာရှိတဲ့အတွက် ကမ်းပြိုမှုရော ရေကြီးမှုရော ကြုံတွေ့နိုင်တယ်။ နေရာကို ပထမဆုံးရွေးချယ်ဖို့နဲ့ နေရာရွေးချယ်ပြီးရင် မုန်တိုင်းဒဏ်ခံ အဆောက်အဦ ဆောက်နိုင်ဖို့ တင်ပြပြီး ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးဝင်းရွှေက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်ပြောင်းရွေ့နိုင်ရန်အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အဦများကို ဆောင်လုပ်ရန်အတွက် နေရာရွေးချယ်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှလည်း လမ်းညွှန်ထား ကြောင်း ၎င်းကပြောသည်။
“ ရန်ကုန်တိုင်းအနေနဲ့ကြည့်ရင် ဘယ်နေရာတွေက ဘေးဒဏ်ခံနိုင်ရည်ရှိလဲ။ ဒီအပေါ်မူတည်ပြီး စီမံမှာပေါ့” ဟု ဦးဝင်းရွှေက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ တွံ့တေးတူးမြောင်းနှင့် နီးကပ်စွာရှိသည့် တွံ့တေးတူးမြောင်းနှင့် ဧရာဝတီမြစ်ကမ်း အနီးရှိ အဖျောက်တို့ တွင်လည်း ရေကြီးရေလျှံမှုနှင့် ကမ်းပါးပြိုကျမှုဒဏ်များ ခံစားလာရပါက အရေးတကြီးပြောင်းရွေ့နိုင်ရန် ဘက်စုံသုံးလို့ရမည့် အဆောက်အဦများ ဆောက်လုပ်ရန်လည်း စီစဉ်နေကြောင်း ၎င်းကပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မုန်တိုင်းဒဏ်ခံအဆောက်အဦ (၅၀)ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် (၉)လုံးရှိကြောင်း သိရသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။