Skip to main content
ေကေပါ့ပ္ BTS အဖြဲ႕ ဂ်ပန္တြင္ ျပဳလုပ္မည့္အစီအစဥ္တစ္ခု ဂ်ီမင္ေၾကာင့္ ဖ်က္သိမ္းခံရ
Ads Block

ေကေပါ့ပ္ BTS အဖြဲ႕ ဂ်ပန္တြင္ ျပဳလုပ္မည့္အစီအစဥ္တစ္ခု ဂ်ီမင္ေၾကာင့္ ဖ်က္သိမ္းခံရ

အႏုျမဴဗုံးေပါက္ကြဲေနသည့္ပုံ ကပ္ႏွိပ္ထားေသာအကၤ်ီကုိ ကုိရီးယားေကေပါ့ပ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦး ဝတ္ဆင္ခဲ့ျခင္းေၾကာင့္ ၄င္းတုိ႔ကုိ တက္ေရာက္ရန္ ဖိတ္ၾကားထားသည့္ တီဗီအစီအစဥ္ကုိ ဂ်ပန္႐ုပ္သံဌာနတစ္ခုက ဖ်က္သိမ္းလုိက္ၿပီျဖစ္သည္။
BTS အဖြဲ႕မွာ အဆာဟိ႐ုပ္သံဌာနတြင္ ေသာၾကာေန႔၌ ေဖ်ာ္ေျဖရမည္ျဖစ္ေသာ္လည္း အဖြဲ႕ဝင္ဂ်ီမင္၏ ဓါတ္ပုံတစ္ပုံ အြန္လုိင္းတြင္ ပ်ံ႕ႏွံ႔သြားခဲ့သျဖင့္ အစီအစဥ္ကုိ ႐ုပ္သံဌာနမွ ႐ုတ္ခ်ည္းဖ်က္သိမ္းခဲ့သည္။ ဂ်ီမင္ဝတ္ဆင္ခဲ့ေသာအကၤ်ီမွာ ျပႆနာတစ္ခု ျဖစ္ခဲ့ၿပီး လူအမ်ား ေသြးဆူကုန္ၾကေၾကာင္း၊ ထုိအကၤ်ီဝတ္ခဲ့ရျခင္း၏ ရည္႐ြယ္ခ်က္ကုိ သိရွိရန္အတြက္ အဖြဲ႕ကုိပုိင္ေသာကုမၸဏီကုိ ေမးျမန္းခဲ့ၿပီးေနာက္တြင္ ယခုျပဳလုပ္မည့္ အစီအစဥ္ကုိ ခၽြင္းခ်က္မရွိဖ်က္သိမ္းလုိက္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ အစီအစဥ္ပ်က္သြားေၾကာင္းကုိ BTS အဖြဲ႕ကလည္း ေၾကညာခဲ့ေသာ္လည္း မည္သည့္အေၾကာင္းေၾကာင့္ကုိမူ ေဖၚျပခဲ့ျခင္းမရွိေပ။ ၄င္းတုိ႔ကုိ ေမွ်ာ္ေနခဲ့ေသာ ပရိသတ္မ်ား စိတ္ပ်က္ရေအာင္ လုပ္မိသည့္အတြက္ ေတာင္းပန္ပါေၾကာင္းကုိ အဖြဲ႕၏ ဝက္ဘ္ဆုိက္တြင္ ေရးသားခဲ့သည္။

ေကေပါ့ပ္ BTS အဖြဲ႕ ဂ်ပန္တြင္ ျပဳလုပ္မည့္အစီအစဥ္တစ္ခု ဂ်ီမင္ေၾကာင့္ ဖ်က္သိမ္းခံရ

ဂ်ီမင္ဝတ္ဆင္ခဲ့ေသာအကၤ်ီတြင္ “ PATRIOTISM OURHISTORY LIBERATION KOREA ” ဟူေသာစာေၾကာင္းကုိ ႀကိမ္ဖန္မ်ားစြာ ခတ္ႏွိပ္ထားၿပီး ၄င္းအျပင္ အႏုျမဴဗုံး ေပါက္ကြဲေနေသာပုံႏွင့္ ကုိရီးယားလူမ်ိဳးမ်ား လြတ္လပ္ေရးေန႔ ဆင္ႏႊဲေနပုံတုိ႔လည္း ပါသည္။ ထုိအကၤ်ီကုိ ယမန္ႏွစ္ ၾသဂုတ္လ ၁၅ ရက္ေန႔တြင္က်င္းပေသာ ကုိရီးယား လြတ္လပ္ေရးေန႔တြင္ ဝတ္ဆင္ခဲ့ျခင္းျဖစ္သည္။
၁၉၁၀-၄၅ ခုႏွစ္မ်ားအတြင္း ကုိရီးယားကၽြန္းဆြယ္ကုိ ဂ်ပန္တုိ႔ ကုိလုိနီစနစ္ျဖင့္ ရက္စက္စြာအုပ္ခ်ဳပ္ခဲ့ျခင္းေၾကာင့္ ယခုအထိေအာင္ ကုိရီးယားႏွင့္ ဂ်ပန္ႏုိင္ငံတုိ႔အၾကား ဆက္ဆံေရးတင္းမာေနဆဲျဖစ္သည္။ 

 -  ZHO (အကုန္သိ သတင္းဌာန) | Ref: ဘန္ေကာက္ပုိ ့စ္ 

Unicode version

ကေပေါ့ပ် BTS အဖွဲ့ ဂျပန်တွင် ပြုလုပ်မည့်အစီအစဉ်တစ်ခု ဂျီမင်ကြောင့် ဖျက်သိမ်းခံရ

အနုမြူဗုံးပေါက်ကွဲနေသည့်ပုံ ကပ်နှိပ်ထားသောအင်္ကျီကို ကိုရီးယားကေပေါ့ပ်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦး ဝတ်ဆင်ခဲ့ခြင်းကြောင့် ၎င်းတို့ကို တက်ရောက်ရန် ဖိတ်ကြားထားသည့် တီဗီအစီအစဉ်ကို ဂျပန်ရုပ်သံဌာနတစ်ခုက ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
BTS အဖွဲ့မှာ အဆာဟိရုပ်သံဌာနတွင် သောကြာနေ့၌ ဖျော်ဖြေရမည်ဖြစ်သော်လည်း အဖွဲ့ဝင်ဂျီမင်၏ ဓါတ်ပုံတစ်ပုံ အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သဖြင့် အစီအစဉ်ကို ရုပ်သံဌာနမှ ရုတ်ချည်းဖျက်သိမ်းခဲ့သည်။ ဂျီမင်ဝတ်ဆင်ခဲ့သောအင်္ကျီမှာ ပြဿနာတစ်ခု ဖြစ်ခဲ့ပြီး လူအများ သွေးဆူကုန်ကြကြောင်း၊ ထိုအင်္ကျီဝတ်ခဲ့ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် အဖွဲ့ကိုပိုင်သောကုမ္ပဏီကို မေးမြန်းခဲ့ပြီးနောက်တွင် ယခုပြုလုပ်မည့် အစီအစဉ်ကို ချွင်းချက်မရှိဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အစီအစဉ်ပျက်သွားကြောင်းကို BTS အဖွဲ့ကလည်း ကြေညာခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်ကိုမူ ဖေါ်ပြခဲ့ခြင်းမရှိပေ။ ၎င်းတို့ကို မျှော်နေခဲ့သော ပရိသတ်များ စိတ်ပျက်ရအောင် လုပ်မိသည့်အတွက် တောင်းပန်ပါကြောင်းကို အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
ဂျီမင်ဝတ်ဆင်ခဲ့သောအင်္ကျီတွင် “ PATRIOTISM OURHISTORY LIBERATION KOREA ” ဟူသောစာကြောင်းကို ကြိမ်ဖန်များစွာ ခတ်နှိပ်ထားပြီး ၎င်းအပြင် အနုမြူဗုံး ပေါက်ကွဲနေသောပုံနှင့် ကိုရီးယားလူမျိုးများ လွတ်လပ်ရေးနေ့ ဆင်နွှဲနေပုံတို့လည်း ပါသည်။ ထိုအင်္ကျီကို ယမန်နှစ် သြဂုတ်လ ၁၅ ရက်နေ့တွင်ကျင်းပသော ကိုရီးယား လွတ်လပ်ရေးနေ့တွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
၁၉၁၀-၄၅ ခုနှစ်များအတွင်း ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ ကိုလိုနီစနစ်ဖြင့် ရက်စက်စွာအုပ်ချုပ်ခဲ့ခြင်းကြောင့် ယခုအထိအောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာနေဆဲဖြစ်သည်။ 

 -  ZHO (အကုန်သိ သတင်းဌာန) | Ref: ဘန်ကောက်ပို့စ် 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။