Skip to main content
ဆယ္ယူရရွိေသာ အစိတ္အပုိင္းမ်ားအရ Lion Air ေလယာဥ္မွာ တစ္စစီကြဲထြက္သြားခဲ့ျခင္း ဟုဆုိ
Ads Block

ဆယ္ယူရရွိေသာ အစိတ္အပုိင္းမ်ားအရ Lion Air ေလယာဥ္မွာ တစ္စစီကြဲထြက္သြားခဲ့ျခင္း ဟုဆုိ

ေအာက္တုိဘာ ၂၉ ရက္ေန႔တြင္ ပ်က္က်ခဲ့ေသာ Lion Air ဂ်က္ေလယာဥ္မွာ ၂၀၁၄ ေအာက္တုိဘာတြင္ ပ်က္က်ခဲ့ေသာ AirAsia ေလယာဥ္ထက္ ပုိမုိဆုိးဝါးေသာအေျခအေနျဖင့္ ပင္လယ္ထဲသုိ႔ ပ်က္က်ခဲ့ေၾကာင္း အင္ဒုိနီးရွားပုိ႔ေဆာင္ေရးလုံၿခဳံမႈေကာ္မတီက တနလၤာေန႔တြင္ ေျပာၾကားခဲ့သည္။
အပ်က္အစီးအစိတ္အပုိင္းမ်ား၏ အ႐ြယ္အစားအရ Lion Air JT610 မွာ ေရထဲသုိ႔ အ႐ွိန္ျပင္းစြာ ထုိးက်ခဲ့ၿပီး ေရထုႏွင့္ထိခ်ိန္တြင္ တစ္စစီကြဲထြက္သြားခဲ့ေၾကာင္း စက္အစိတ္အပုိင္းမ်ား ေဟာင္းႏြမ္းေဆြးေျမ႕ေနသည့္ လကၡဏာမ်ိဳး မေတြ႕ရေၾကာင္း ပုိ႔ေဆာင္ေရးလုံၿခံဳမႈေကာ္မတီဥကၠဌက ေရဒီယုိတြင္ ေျပာၾကားခဲ့သည္။
Lion Air ေလယာဥ္ပ်က္က်မႈမွာ AirAsia ေလယာဥ္ျဖစ္စဥ္ကလုိ စက္ရပ္သြားၿပီး က်န္ေနေသးေသာအရွိန္ျဖင့္ ေလဟုန္စီးကာ ပ်က္က်ျခင္းမ်ိဳးမဟုတ္ပဲ ထုိ႔ထက္ပုိဆုိးဝါးၿပီး ပ်က္က်ခ်ိန္တြင္ ေလယာဥ္မွာ အရွိန္ျဖင့္ ဆက္လက္ပ်ံသန္းေနခဲ့ေၾကာင္းလည္း ေျပာသည္။ ေလယာဥ္သည္ ႐ုတ္တရက္ ဦးစုိက္ထုိးဆင္ခဲ့ၿပီး ပင္လယ္ထဲ မက်မီတြင္ တစ္နာရီလွ်င္ ကီလုိမီတာ ၁၀၀၀ ႏွင့္အထက္ထိေအာင္ အျမန္ႏႈန္းျမင့္တက္ခဲ့ေၾကာင္း ကၽြမ္းက်င္သူမ်ားက ဆုိသည္။

ဆယ္ယူရရွိေသာ အစိတ္အပုိင္းမ်ားအရ Lion Air ေလယာဥ္မွာ တစ္စစီကြဲထြက္သြားခဲ့ျခင္း ဟုဆုိ

ယခုေလယာဥ္ပ်က္က်မႈႏွင့္ပတ္သက္၍ ေလေၾကာင္းလုိင္း၏ စံ လုပ္ထုံးလုပ္နည္းမ်ား၊ ပ်ံသန္းေရးဝန္ထမ္းမ်ား၏ အရည္အေသြးျပည့္မီမႈႏွင့္ ႐ွယ္ယာရွင္မ်ားႏွင့္ ပတ္သက္ပုံတုိ႔ကုိ အာဏာပုိင္မ်ားက အထူးစစ္ေဆးေနၿပီျဖစ္ေၾကာင္း အင္ဒုိနီးရွား ပုိ႔ေဆာင္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာသည္။
Lion Air ေလယာဥ္၏ ျပဳျပင္ေရးႏွင့္ထိန္းသိမ္းေရးအဖြဲ႕ကုိ စစ္ေဆးခဲ့ရာတြင္ ေလယာဥ္ပ်က္မက်မီ ေရွ႕တစ္ရက္က ဘာလီမွ ဂ်ာကာတာပုိ႔ ေျပးဆြဲပ်ံသန္းခဲ့ရာ၌ နည္းပညာပုိင္းျပႆနာအခ်ိဳ႕ ရွိခဲ့ေၾကာင္း အစီရင္ခံခ်က္မ်ား ေတြ႕ရသျဖင့္ မန္ေနဂ်ာအခ်ိဳ႕ကုိ အလုပ္ေခတၱဆုိင္းငံ့ထားလုိက္ၿပီျဖစ္သည္။

 - ZHO (အကုန္သိ သတင္းဌာန) | Ref: Straitstimes 

Unicode version

ဆယ်ယူရရှိသော အစိတ်အပိုင်းများအရ Lion Air လေယာဉ်မှာ တစ်စစီကွဲထွက်သွားခဲ့ခြင်း ဟုဆို

အောက်တိုဘာ ၂၉ ရက်နေ့တွင် ပျက်ကျခဲ့သော Lion Air ဂျက်လေယာဉ်မှာ ၂၀၁၄ အောက်တိုဘာတွင် ပျက်ကျခဲ့သော AirAsia လေယာဉ်ထက် ပိုမိုဆိုးဝါးသောအခြေအနေဖြင့် ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း အင်ဒိုနီးရှားပို့ဆောင်ရေးလုံခြုံမှုကော်မတီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အပျက်အစီးအစိတ်အပိုင်းများ၏ အရွယ်အစားအရ Lion Air JT610 မှာ ရေထဲသို့ အရှိန်ပြင်းစွာ ထိုးကျခဲ့ပြီး ရေထုနှင့်ထိချိန်တွင် တစ်စစီကွဲထွက်သွားခဲ့ကြောင်း စက်အစိတ်အပိုင်းများ ဟောင်းနွမ်းဆွေးမြေ့နေသည့် လက္ခဏာမျိုး မတွေ့ရကြောင်း ပို့ဆောင်ရေးလုံခြုံမှုကော်မတီဥက္ကဌက ရေဒီယိုတွင် ပြောကြားခဲ့သည်။
Lion Air လေယာဉ်ပျက်ကျမှုမှာ AirAsia လေယာဉ်ဖြစ်စဉ်ကလို စက်ရပ်သွားပြီး ကျန်နေသေးသောအရှိန်ဖြင့် လေဟုန်စီးကာ ပျက်ကျခြင်းမျိုးမဟုတ်ပဲ ထို့ထက်ပိုဆိုးဝါးပြီး ပျက်ကျချိန်တွင် လေယာဉ်မှာ အရှိန်ဖြင့် ဆက်လက်ပျံသန်းနေခဲ့ကြောင်းလည်း ပြောသည်။ လေယာဉ်သည် ရုတ်တရက် ဦးစိုက်ထိုးဆင်ခဲ့ပြီး ပင်လယ်ထဲ မကျမီတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၀ နှင့်အထက်ထိအောင် အမြန်နှုန်းမြင့်တက်ခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
ယခုလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လေကြောင်းလိုင်း၏ စံ လုပ်ထုံးလုပ်နည်းများ၊ ပျံသန်းရေးဝန်ထမ်းများ၏ အရည်အသွေးပြည့်မီမှုနှင့် ရှယ်ယာရှင်များနှင့် ပတ်သက်ပုံတို့ကို အာဏာပိုင်များက အထူးစစ်ဆေးနေပြီဖြစ်ကြောင်း အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
Lion Air လေယာဉ်၏ ပြုပြင်ရေးနှင့်ထိန်းသိမ်းရေးအဖွဲ့ကို စစ်ဆေးခဲ့ရာတွင် လေယာဉ်ပျက်မကျမီ ရှေ့တစ်ရက်က ဘာလီမှ ဂျာကာတာပို့ ပြေးဆွဲပျံသန်းခဲ့ရာ၌ နည်းပညာပိုင်းပြဿနာအချို့ ရှိခဲ့ကြောင်း အစီရင်ခံချက်များ တွေ့ရသဖြင့် မန်နေဂျာအချို့ကို အလုပ်ခေတ္တဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။

 - ZHO (အကုန်သိ သတင်းဌာန) | Ref: Straitstimes 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။