Skip to main content
အရှေ့တောင်အာရှနိုင်ငံတွေထဲကပရီးမီယားလိဂ် ပထမဆုံးကစားခွင့်ရတဲ့ ဖိလစ်ပိုင်ဂိုးသမား
Ads Block

အရှေ့တောင်အာရှနိုင်ငံတွေထဲကပရီးမီယားလိဂ် ပထမဆုံးကစားခွင့်ရတဲ့ ဖိလစ်ပိုင်ဂိုးသမား

ဖိလစ်ပိုင် - ဗြိတိန် နွယ်ဖွား ဖြစ်တဲ့ ဖိလစ်ပိုင် ဂိုးသမားနေးလ် ဟာအီတီရစ်ဂီဟာပရီးမီးယားလိဂ်မှာကစားခွင့်ရတဲ့အရှေ့တောင်အာရှနိုင်ငံသားတွေထဲမှာပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ တနင်္ဂနွေနေ့ ကစားခဲ့တဲ့အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှာဂိုးသမားအီတီရစ်ဂီရဲ့ ကာဒစ်အသင်းဟာရက်ဒင်းအသင်းနဲ့ သရေကျခဲ့ပြီးနောက် ကာဒစ်အသင်းဟာပရီးမီးယားလိဂ် ပြိုင်ပွဲကိုတက်ရောက်ခွင့်ရခဲ့တာကြောင့် အီတီရစ်ဂီဟာအရှေ့တောင်အာရှနိုင်ငံသားတွေထဲကပရီးမီယားလိဂ်မှာပထမဆုံးကစားခွင့်ရသူဖြစ်လာခဲ့ပါတယ်။ အီတီရစ်ဂီဟာ ၂၀၀၈ ခုနှစ်ကပရီးမီယားလိဂ်ကလပ် ဖူလ်ဟမ်နဲ့ စာချုပ်ခဲ့ပေမယ့် ဖူလ်ဟမ် နဲ့အတူပရီးမီယားလိဂ် ပြိုင်ပွဲကိုကစားရမှုမရှိခဲ့ကြောင်းသိရပါတယ်။ နောက်ပိုင်းမှာသူဟာအိုးဟမ်၊ ချာတန်အသင်းကိုပြောင်းရွေခဲ့ပြီးနောက် ကာဒစ် အသင်းဆီထပ်မံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာကာဒစ် အသင်းဆီပြောင်းရွှေ့ခဲ့ပြီးနောက် ကာဒစ် နဲ့အတူပွဲတိုင်းကစားခွင့်ရခဲ့ပါတယ်။ သူဟာဖိလစ်ပိုင်လက်ရွေးစင် အသင်းရဲ့ဂိုးသမားတစ်ဦးဖြစ်ပြီးပရီးမီယားလိဂ်ပြိုင်ပွဲဆီတက်ရောက်ခွင့်ရတဲ့အတွက် သူ့ကိုဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်ကဂုဏ်ပြုခဲ့ပါတယ်။ ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌမာရီယာနိုအာနာနီတီက အီတီရစ်ဂီဟာအခုရာသီမှာကာဒစ်အသင်းအောင်မြင်မှုတွေရယူနိုင်ဖို့ အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ခဲ့ပြီးလာမယ့်ရာသီမှာပရီးမီယားလိဂ် ပြိုင်ပွဲမှာကစားခွင့်ရမယ့် ဖိလစ်ပိုင်ရဲ့ ပထမဆုံးကစားသမားဖြစ်လာမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

  • သားဖိုးကောင်း(အကုန်သိသတင်းဌာန) 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။