Skip to main content
ေလေၾကာင္း
Ads Block

Air China ေလေၾကာင္းလိုင္းက ျမန္မာႏုိင္ငံသုိ ့ေနာက္ထပ္ေလေၾကာင္းလိုင္း(၁၀)လိုင္းတိုးခ်ဲ ့ေျပးဆြဲရန္ စီစဥ္ေန

တရုတ္ခရီးသြားဧည့္သည္မ်ားကို ျမန္မာႏုိင္ငံက ဆိုက္ေရာက္ဗီဇာေပးလိုက္သည့္အတြက္ Air China ေလေၾကာင္းက ေနာက္ထပ္ေလေၾကာင္းလိုင္း(၁၀)လိုင္းနီးပါးအထိ တုိးခ်ဲ ့ေျပးဆြဲသြားရန္စီစဥ္ထားေၾကာင္း Air China ေလေၾကာင္းလိုင္းမွ အေထြေထြမန္ေနဂ်ာ မစၥတာ Luo Jun က ေျပာၾကားသည္။

ျမန္မာႏုိင္ငံကို ခရီးသြားမ်ား ပုိမုိသိရွိေစရန္အတြက္ ေၾကာ္ျငာအားေကာင္းေကာင္းျဖင့္ ေၾကာ္ျငာမည္ဆိုပါက ပိုမိုသိရွိလာလိမ့္မည္ျဖစ္ေၾကာင္းလည္း ၄င္းက အၾကံျပဳေျပာၾကားသည္။ " ျမန္မာကိုသာ Promotion ေကာင္းေကာင္းလုပ္ေပးမယ္ဆိုရင္ တရုတ္ခရီးသြားဧည့္သည္ေတြ အမ်ားၾကီးလာမယ္ဆိုတာ ကၽြန္ေတာ္တို႕က ျမင္ေနရတယ္။ ဒါေၾကာင့္ ေလေၾကာင္းလိုင္းေတာ္ေတာ္မ်ားမ်ားကလည္း ေနာက္ႏွစ္ကုန္အထိကို ထပ္ျပီးအနည္းဆံုးေလေၾကာင္လိုင္း ၁၀လိုင္းေလာက္ခ်ဲ႕ၿပီးလုပ္သြားမယ့္ အစီအစဥ္ေတြရွိတယ္ ’’ ဟု မစၥတာ Luo Jun က ေျပာသည္။ လက္ရွိတြင္ တရုတ္ခရီးသြားဧည့္သည္အမ်ားစုမွာ ငပလီ ၊ ေငြေဆာင္ ၊ ပုဂံ၊ အင္းေလးေဒသတို႔ကိုသြားေရာက္ရန္ စိတ္၀င္စားေနေၾကာင္း သိရသည္။ ျပီးခဲ့သည့္ႏွစ္က တရုတ္ျပည္မွ ျပည္ပသို႔ သြားေရာက္သည့္တရုတ္ခရီးသြားဦးေရမွာ သန္း ၁၅၀ ၀န္းက်င္ရွိေသာ္လည္း ျမန္မာႏိုင္ငံသို႔လာေရာက္သည့္တရုတ္ခရီးသြားဦးေရမွာ ေလးသိန္းေက်ာ္သာ လာေရာက္လည္ပတ္ေၾကာင္း သိရသည္။

လက္႐ွိတြင္ ဟိုတယ္ႏွင့္ ခရီးသြားလာေရး၀န္ၾကီးဌာနမွ ေဟာင္ေကာင္ႏွင့္ မကာအိုကို ဆိုက္ေရာက္ဗီဇာခြင့္ျပဳေပးထားၿပီး ဂ်ပန္ႏိုင္ငံႏွင့္ ကိုရီးယားႏိုင္ငံတုိ ့ကုိ ဗီဇာကင္းလြတ္ခြင့္အျဖစ္ ေအာက္တိုဘာ ၁ ရက္မွစတင္၍ေပးအပ္ထားေၾကာင္း သိရသည္။

Unicode Version

တရုတ်ခရီးသွားဧည့်သည်များကို မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာပေးလိုက်သည့်အတွက် Air China လေကြောင်းက နောက်ထပ်လေကြောင်းလိုင်း(၁၀)လိုင်းနီးပါးအထိ တိုးချဲ့ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း Air China လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ မစ္စတာ Luo Jun က ပြောကြားသည်။
မြန်မာနိုင်ငံကို ခရီးသွားများ ပိုမိုသိရှိစေရန်အတွက် ကြော်ငြာအားကောင်းကောင်းဖြင့် ကြော်ငြာမည်ဆိုပါက ပိုမိုသိရှိလာလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက အကြံပြုပြောကြားသည်။ " မြန်မာကိုသာ Promotion ကောင်းကောင်းလုပ်ပေးမယ်ဆိုရင် တရုတ်ခရီးသွားဧည့်သည်တွေ အများကြီးလာမယ်ဆိုတာ ကျွန်တော်တို့က မြင်နေရတယ်။ ဒါကြောင့် လေကြောင်းလိုင်းတော်တော်များများကလည်း နောက်နှစ်ကုန်အထိကို ထပ်ပြီးအနည်းဆုံးလေကြောင်လိုင်း ၁၀လိုင်းလောက်ချဲ့ပြီးလုပ်သွားမယ့် အစီအစဉ်တွေရှိတယ် ’’ ဟု မစ္စတာ Luo Jun က ပြောသည်။ လက်ရှိတွင် တရုတ်ခရီးသွားဧည့်သည်အများစုမှာ ငပလီ ၊ ငွေဆောင် ၊ ပုဂံ၊ အင်းလေးဒေသတို့ကိုသွားရောက်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က တရုတ်ပြည်မှ ပြည်ပသို့ သွားရောက်သည့်တရုတ်ခရီးသွားဦးရေမှာ သန်း ၁၅၀ ဝန်းကျင်ရှိသော်လည်း မြန်မာနိုင်ငံသို့လာရောက်သည့်တရုတ်ခရီးသွားဦးရေမှာ လေးသိန်းကျော်သာ လာရောက်လည်ပတ်ကြောင်း သိရသည်။ လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟောင်ကောင်နှင့် မကာအိုကို ဆိုက်ရောက်ဗီဇာခွင့်ပြုပေးထားပြီး ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့်အဖြစ် အောက်တိုဘာ ၁ ရက်မှစတင်၍ပေးအပ်ထားကြောင်း သိရသည်။

  - ေမာ္ကၽြန္းသူ

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။