Skip to main content
မြန်မာနိုင်ငံသား နှစ်ဦးကိုတရုတ် ယူနန်တရားရုံးသေဒဏ်ပေး
Ads Block

မြန်မာနိုင်ငံသား နှစ်ဦးကိုတရုတ် ယူနန်တရားရုံးသေဒဏ်ပေး

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိယူနန်ပြည်နယ်မှ တရားရုံးတစ်ရုံးဟာတရုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သတ်မှုအပြင် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းခဲ့မှုကိုကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံမှ လူနှစ်ဦးကိုသေဒဏ်ပေးလိုက်ကြောင်းတရုတ် သတင်းမှာဖော်ပြထားပါတယ်။ သေဒဏ်ပေးခံရသူနှစ်ဦးအနက်တစ်ဦးဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ကတရုတ် Xishuangbanna Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတရုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်မှုတွေ လုပ်ခဲ့တယ်လို့ တရုတ်တရားရုံးကပြောပါတယ်။ တရုတ်ရဲတပ်ဖွဲ့ဝင် ကိုသတ်မှုမှာ ပါဝင်ခဲ့သူ အခြားတစ်ဦးနဲ့သူအပေါင်းဖော်နှစ်ဦးမှာထွက်ပြေးကာ မြန်မာနိုင်ငံဆီ ပြန်ပြေးခဲ့ပေမယ့်နောက်ပိုင်းမှာပြန်မိခဲ့ပြီးတရုတ် ရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ ၄င်းတို့ကို ကျည်ဆံ ၁၁ တောင့်နဲ့အတူသေနတ်တစ်လက်ပါ ဖမ်းမီခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေကပြောပါတယ်။ တရုတ် ရဲတပ်ဖွဲ့ ၀င်တွေ ဟာXishuangbannaမှာဖြိုခွင်းမှုများပြုလုပ်ချိန်အတွင်းအိုက်စ့်လို့ လူသိများတဲ့ မက်သဖိတမင်းဆေးပြား ၁၇ ဒသမ ၂ ကီလိုဂရမ်၊ ကျည်ဆံ ၉ တောင့်နဲ့ သေနတ်တစ်လက်ကိုဖမ်းမီခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမှု နဲ့ ပတ်သက်လို့ နှစ်ဦးကိုသေဒဏ်ပေးခဲ့ပေမယ့်အခြား နှစ်ဦးကိုထောင်ဒဏ်ပေးခဲ့ရာတစ်ဦးမှာတစ်သက်တစ်ကျွန်းပြစ်ဒဏ် နဲ့အခြားတစ်ဦးမှာထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ပေးခံရတယ်လို့ သိရပါတယ်။ ပြစ်ဒဏ်ပေးခံရသူလေးဦးစလုံးဟာ ပြစ်ဒဏ်တွေကိုအယူခံခွင့်ရှိတယ်လို့သိရပါတယ်။ သားဖိုးကောင်း(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။