Skip to main content
ပ်ံသန္းေနတဲ့ ေလယာဥ္ေတာင္ပံေပၚမွာ ျမဴးဇစ္ဗီဒီယုိ ရုိက္တဲ့ ရက္ပ္ပါ  ျပဳတ္က် ေသဆုံး 
Ads Block

ပ်ံသန္းေနတဲ့ ေလယာဥ္ေတာင္ပံေပၚမွာ ျမဴးဇစ္ဗီဒီယုိ ရုိက္တဲ့ ရက္ပ္ပါ  ျပဳတ္က် ေသဆုံး 

ပ်ံသန္းေနတဲ့ ေလယာဥ္တစ္စီးရဲ ့ အေတာင္ပံေပၚတက္ကာ ျမဴးဇစ္ဗီဒီယုိ ရုိက္ေနခဲ့တဲ့ ကေနဒါ ရက္ပ္ပါတစ္ဦး အေတာင္ပံေပၚက ျပဳတ္က်ေသဆုံးခဲ့ရတယ္လုိ ့ ၄င္းရဲ ့ စီမံခန္ ့ခြဲေရး အဖြဲ ့က ေျပာဆုိခဲ့ပါတယ္။ 
အသက္ ၃၃ ႏွစ္အရြယ္ ရက္ပ္ပါ ဂၽြန္ဂ်ိမ္းစ္ ဟာ အေတာင္ပံေပၚ လမ္းေလွ်ာက္ျပတဲ့ ေတးသရုပ္ေဖာ္ခန္း ရုိက္ကူးေနစဥ္ မေတာ္တဆမႈျဖစ္ခဲ့ကာ ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့တာျဖစ္တယ္လုိ ့ ယင္း အဖြဲ ့က ထုတ္ျပန္ခဲ့ပါတယ္။ ၿဗိတိသွ်ကုိလံဘီယာေဒသ ဗာႏြန္ၿမိဳ ့မွာ ဗီဒီယုိရုိက္ကူးေနခဲ့စဥ္ ဂ်ိမ္းစ္ဟာ ေလယာဥ္အေတာင္ပံ အဖ်ားစြန္းထိ လမ္းေလွ်ာက္သြားခဲ့တာေၾကာင့္ အေသးစား ေလယာဥ္ငယ္ဟာ ေအာက္ဖက္ကုိ လည္ထြက္သြားခဲ့ရတယ္လုိ ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ ဒီျပကြက္အတြက္ ဂ်ိမ္းစ္ဟာ အေသအခ်ာ ေလ့က်င့္ျပင္ဆင္ထားခဲ့တာျဖစ္ေၾကာင္း ဒါေပမယ့္လည္း သူဟာ ေလယာဥ္အေတာင္ပံရဲ ့ အဖ်ားစြန္းအထိ ေရာက္သြားခဲ့တာေၾကာင့္ ေလယာဥ္ကုိ ေအာက္လည္ထြက္သြားေစၿပီး ေလယာဥ္မွဴးလည္း မထိန္းႏုိင္ခဲ့ေတာ့ဘူးလုိ ့ဆုိခဲ့ပါတယ္။ ယင္း ထုတ္ျပန္ခ်က္ကုိ အတူ ဂ်ိမ္းစ္ရဲ ့ အသုဘကုန္က်စရိတ္နဲ ့သီခ်င္းအသစ္ ထုတ္လႊင့္ဖုိ ့အတြက္ အြန္လုိင္းရန္ပုံေငြ ေကာက္ခံမႈနဲ ့အတူ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ 

ပ်ံသန္းေနတဲ့ ေလယာဥ္ေတာင္ပံေပၚမွာ ျမဴးဇစ္ဗီဒီယုိ ရုိက္တဲ့ ရက္ပ္ပါ  ျပဳတ္က် ေသဆုံး 

ဂ်ိမ္းစ္ဟာ အေတာင္ပံေပၚမွာ အခ်ိန္အေတာ္ၾကာအထိ ေနခဲ့ေၾကာင္း သူျပဳတ္က်ခ်ိန္မွာေတာ့ သူ ့ေလထီးကုိ ဆြဲဖြင့္ဖုိ ့အခ်ိန္မခဲ့ေၾကာင္း ယင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ ဂ်ိမ္းစ္ဟာ ေကာင္းကင္ဒုိင္ဗင္ၿပိဳင္ပြဲ၀င္တစ္ဦးအျဖစ္ ဆင္ႏႊဲခဲ့သူျဖစ္သလုိ သာမန္ထက္ပုိတဲ့ ျပကြက္ဆန္းေတြ လုပ္တတ္သူအျဖစ္ လူသိမ်ားတဲ့ ရက္ပ္ပါ တစ္ဦးျဖစ္ပါတယ္။ သူ ့ရဲ ့ေတးသီခ်င္းဗီဒီယုိေတြမွာ စတန္ ့ျပကြက္ဆန္းေတြကုိ မၾကာခဏ ထည့္သြင္း ေဖာ္ျပေလ့ရွိပါတယ္။

 - ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ပျံသန်းနေတဲ့ လေယာဉ်တောင်ပံပေါ်မှာ မြူးဇစ်ဗီဒီယို ရိုက်တဲ့ ရက်ပ်ပါ  ပြုတ်ကျ သေဆုံး 

ပျံသန်းနေတဲ့ လေယာဉ်တစ်စီးရဲ့ အတောင်ပံပေါ်တက်ကာ မြူးဇစ်ဗီဒီယို ရိုက်နေခဲ့တဲ့ ကနေဒါ ရက်ပ်ပါတစ်ဦး အတောင်ပံပေါ်က ပြုတ်ကျသေဆုံးခဲ့ရတယ်လို့ ၎င်းရဲ့ စီမံခန့်ခွဲရေး အဖွဲ့က ပြောဆိုခဲ့ပါတယ်။ 
အသက် ၃၃ နှစ်အရွယ် ရက်ပ်ပါ ဂျွန်ဂျိမ်းစ် ဟာ အတောင်ပံပေါ် လမ်းလျှောက်ပြတဲ့ တေးသရုပ်ဖော်ခန်း ရိုက်ကူးနေစဉ် မတော်တဆမှုဖြစ်ခဲ့ကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ယင်း အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိသျှကိုလံဘီယာဒေသ ဗာနွန်မြို့မှာ ဗီဒီယိုရိုက်ကူးနေခဲ့စဉ် ဂျိမ်းစ်ဟာ လေယာဉ်အတောင်ပံ အဖျားစွန်းထိ လမ်းလျှောက်သွားခဲ့တာကြောင့် အသေးစား လေယာဉ်ငယ်ဟာ အောက်ဖက်ကို လည်ထွက်သွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီပြကွက်အတွက် ဂျိမ်းစ်ဟာ အသေအချာ လေ့ကျင့်ပြင်ဆင်ထားခဲ့တာဖြစ်ကြောင်း ဒါပေမယ့်လည်း သူဟာ လေယာဉ်အတောင်ပံရဲ့ အဖျားစွန်းအထိ ရောက်သွားခဲ့တာကြောင့် လေယာဉ်ကို အောက်လည်ထွက်သွားစေပြီး လေယာဉ်မှူးလည်း မထိန်းနိုင်ခဲ့တော့ဘူးလို့ဆိုခဲ့ပါတယ်။ ယင်း ထုတ်ပြန်ချက်ကို အတူ ဂျိမ်းစ်ရဲ့ အသုဘကုန်ကျစရိတ်နဲ့သီချင်းအသစ် ထုတ်လွှင့်ဖို့အတွက် အွန်လိုင်းရန်ပုံငွေ ကောက်ခံမှုနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ပျံသန်းနေတဲ့ လေယာဉ်တောင်ပံပေါ်မှာ မြူးဇစ်ဗီဒီယို ရိုက်တဲ့ ရက်ပ်ပါ  ပြုတ်ကျ သေဆုံး 

ဂျိမ်းစ်ဟာ အတောင်ပံပေါ်မှာ အချိန်အတော်ကြာအထိ နေခဲ့ကြောင်း သူပြုတ်ကျချိန်မှာတော့ သူ့လေထီးကို ဆွဲဖွင့်ဖို့အချိန်မခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ကောင်းကင်ဒိုင်ဗင်ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ဆင်နွှဲခဲ့သူဖြစ်သလို သာမန်ထက်ပိုတဲ့ ပြကွက်ဆန်းတွေ လုပ်တတ်သူအဖြစ် လူသိများတဲ့ ရက်ပ်ပါ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့တေးသီချင်းဗီဒီယိုတွေမှာ စတန့်ပြကွက်ဆန်းတွေကို မကြာခဏ ထည့်သွင်း ဖော်ပြလေ့ရှိပါတယ်။

 - ကိုလင်း (အကုန်သိ သတင်းဌာန)

Ref: BBC 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။